Xiaomi အနေနဲ့ Mi MIX 2S မော်ဒယ် အသစ်တစ်မျိုးရဲ့ Teaser video ကို Weibo ကနေ တစ်ဆင့် မကြာသေးမီက လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အစိမ်းရောင် Mi MIX 2S ရဲ့ ဓာတ်ပုံ တစ်ပုံဟာ Online ကနေ တစ်ဆင့် ပေါက်ကြား ထွက်ပေါ်လာခဲ့ပါတယ်။ Xiaomi Mi MIX 2S ရဲ့ အထူးထုတ်မော်ဒယ်ဖြစ်တဲ့ Special Art Edition မော်ဒယ်ကို လာမယ့် သြဂုတ်လ ၁၀ရက်နေ့မှာ မိတ်ဆက်နိုင်ဖွယ်ရှိပြီး ဈေးနှုန်းကတော့ တရုတ်ငွေ ၄၂၉၉ ယွမ် (မြန်မာငွေ ၉၃၀,၀၀၀ ဝန်းကျင်)နဲ့ စတင် ရောင်းချသွားမယ်လို့ သိရပါတယ်။

Mi MIX 2S ရဲ့ Display အပိုင်းအတွက် ၅.၉၉လက်မ မျက်နှာပြင် အကျယ်ရှိ IPS LCD Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2160 pixels ရှိပါမယ်။ Processor အပိုင်းအတွက် Snapdragon 845 SoC ကိုအသုံးပြုထားပြီး RAM အနေနဲ့ 6GB ပါဝင်မှာ ဖြစ်ပါတယ်။ Memory Storage ကိုတော့ 64GB နဲ့ 128GB ဆိုပြီး ၂မျိုး ထုတ်လုပ်ထားပါတယ်။ ဒါ့အပြင် RAM 8GB/ Storage 256GB ပါဝင်တဲ့ မော်ဒယ်ကိုလည်း ရွေးချယ်ဝယ်ယူနိုင်မှာပါ။ အခု အသစ် ထပ်မံ ထွက်ရှိလာမယ့် အစိမ်းရောင်မော်ဒယ်ရဲ့ RAM နဲ့ Memory Storage ကိုတော့ အတိအကျ မသိရသေးပါဘူး။

Mi MIX 2S ရဲ့ နောက်ကျောဘက်မှာ 12MP+12MP ကင်မရာ ၂လုံးကို တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP ကင်မရာကို တပ်ဆင်ထားပါတယ်။ ဘက်ထရီသိုလှောင်မှု ပမာဏ 3400mAh ထည့်သွင်းပေးထားပြီး Qualcomm ရဲ့ Quick Charge 3.0 အမြန်အားသွင်းစနစ်လည်း အသုံးပြုနိုင်မှာပါ။

အထက်ပါ အချက်အလက်တွေကတော့ ယခင် Mi MIX 2S ရဲ့ Specification များဖြစ်ပါတယ်။ အခု အသစ်ထပ်မံ ထွက်ရှိလာမယ့် Mi MIX 2S အစိမ်းရောင် မော်ဒယ်ကလည်း ယခင် Mi MIX 2S နဲ့ Specification များတူညီနိုင်ပြီး ဒီဇိုင်းပိုင်းသာ ပြောင်းလဲသွားနိုင်ပါတယ်။

Ref: gizmochina