[Zawgyi]

5G သံုးလို႔ရမယ့္ဖုန္းေတြလည္း မၾကာခင္ အျပိဳင္အဆိုင္ ထြက္လာၾကဦးမွာဆိုေတာ့ Operator ေတြ ေျခလွမ္းစဖို႔ပဲ က်န္ပါေတာ့တယ္။ ခုလည္း သတင္းထြက္ထားတဲ့ ဖုန္းေတြ အမ်ားၾကီးထဲကမွ 5G ရေတာ့မယ္ဆိုတဲ့ဖုန္းက မၾကာေသးခင္က မိတ္ဆက္လိုက္တဲ့ Xiaomi Mi Mix 3 ပဲ ျဖစ္ပါတယ္။

ထြက္ျပီးသားဖုန္းျဖစ္ေပမယ့္ 5G သံုးႏုိင္တ့ဲ ဖုန္းဗားရွင္းအေနနဲ႔ ၂၀၁၉ မွာ ထြက္လာမယ္ဆိုတာလည္း Xiaomi က အတည္ျပဳခဲ့ျပီးသားပါ။ 5G ဖုန္းအတြက္ Android Central ကေန ေဖာ္ျပခဲ့ျပီးသားျဖစ္ေပမယ့္လည္း China Mobile Global Partner Conference မွာ X50 5G Modem နဲ႔ Snapdragon 855 Processor ကိုသံုးျပီး ေမာ္ဒယ္လ္သစ္အေနနဲ႔ ထြက္လာမယ္လို႔ ဆိုခဲ့ပါတယ္။

ဥေရာပမွာေတာ့ ႏွစ္လယ္ပိုင္းေလာက္မွာ စေရာက္လာမွာျဖစ္ျပီး ျပီးရင္ေတာ့ တရုတ္ႏုိင္ငံကို ေရာက္လာေတာ့မွာပါ။

သူ႔ရဲ႕ 5G ဗားရွင္းဖုန္းက Download Speed 2Gbps ထိရျပီး RAM 10GB, Internal Storage 256GB အျပင္ Battery 3200mAh ေတြနဲ႔ဆိုေတာ့ ေစ်းကလည္း ခုလက္ရိွထက္ကို ေတာ္ေတာ္ၾကီးကို မ်ားလာဦးမွာပါ။

ႏုိင္ငံျခားက Operator ေတြကေတာ့ ၂၀၁၉ မွာ 5G ကြန္ယက္ေပးႏုိင္ေအာင္ စလုပ္ေနၾကျပီျဖစ္လို႔ ၂၀၁၉ ဟာဆိုရင္ 5G ဖုန္းေတြနဲ႔ Trend ျဖစ္လာေတာမွာပါ။ Flagship ေတြမွာေတာ့ 5G ေသခ်ာေပါက္ ရႏိုင္ေခ်မ်ားျပီး Apple ဟာဆိုရင္လည္း ၂၀၂၀ မွာ 5G ရတဲ့ iPhone ထုတ္မယ္လို႔ သတင္းတစ္ခ်ိဳ႕လည္း ၾကားေနရပါတယ္။

5G ဆိုေတာ့ ေသခ်ာေပါက္ Download Speed, Upload Speed ေတြ အရမ္းျမန္ေနမွာိုေတာ့ ဟိုေနရာ ဒီေနရာ ဟိုပြဲဒီပြဲရိွေပမယ့္ လုိင္းမေကာင္းလို႔ စိတ္ကုန္ုတယ္ဆိုတဲ့ စကားသံတစ္ခ်ိဳ႕ေတာ့ ေပ်ာက္ကြယ္သြားႏုိင္ေကာင္းပါတယ္။

Ref: TechRadar

[Unicode]

5G သုံးလို့ရမယ့်ဖုန်းတွေလည်း မကြာခင် အပြိုင်အဆိုင် ထွက်လာကြဦးမှာဆိုတော့ Operator တွေ ခြေလှမ်းစဖို့ပဲ ကျန်ပါတော့တယ်။ ခုလည်း သတင်းထွက်ထားတဲ့ ဖုန်းတွေ အများကြီးထဲကမှ 5G ရတော့မယ်ဆိုတဲ့ဖုန်းက မကြာသေးခင်က မိတ်ဆက်လိုက်တဲ့ Xiaomi Mi Mix 3 ပဲ ဖြစ်ပါတယ်။

ထွက်ပြီးသားဖုန်းဖြစ်ပေမယ့် 5G သုံးနိုင်တဲ့ ဖုန်းဗားရှင်းအနေနဲ့ ၂၀၁၉ မှာ ထွက်လာမယ်ဆိုတာလည်း Xiaomi က အတည်ပြုခဲ့ပြီးသားပါ။ 5G ဖုန်းအတွက် Android Central ကနေ ဖော်ပြခဲ့ပြီးသားဖြစ်ပေမယ့်လည်း China Mobile Global Partner Conference မှာ X50 5G Modem နဲ့ Snapdragon 855 Processor ကိုသုံးပြီး မော်ဒယ်လ်သစ်အနေနဲ့ ထွက်လာမယ်လို့ ဆိုခဲ့ပါတယ်။

ဥရောပမှာတော့ နှစ်လယ်ပိုင်းလောက်မှာ စရောက်လာမှာဖြစ်ပြီး ပြီးရင်တော့ တရုတ်နိုင်ငံကို ရောက်လာတော့မှာပါ။

သူ့ရဲ့ 5G ဗားရှင်းဖုန်းက Download Speed 2Gbps ထိရပြီး RAM 10GB, Internal Storage 256GB အပြင် Battery 3200mAh တွေနဲ့ဆိုတော့ ဈေးကလည်း ခုလက်ရှိထက်ကို တော်တော်ကြီးကို များလာဦးမှာပါ။

နိုင်ငံခြားက Operator တွေကတော့ ၂၀၁၉ မှာ 5G ကွန်ယက်ပေးနိုင်အောင် စလုပ်နေကြပြီဖြစ်လို့ ၂၀၁၉ ဟာဆိုရင် 5G ဖုန်းတွေနဲ့ Trend ဖြစ်လာတောမှာပါ။ Flagship တွေမှာတော့ 5G သေချာပေါက် ရနိုင်ချေများပြီး Apple ဟာဆိုရင်လည်း ၂၀၂၀ မှာ 5G ရတဲ့ iPhone ထုတ်မယ်လို့ သတင်းတစ်ချို့လည်း ကြားနေရပါတယ်။

5G ဆိုတော့ သေချာပေါက် Download Speed, Upload Speed တွေ အရမ်းမြန်နေမှာိုတော့ ဟိုနေရာ ဒီနေရာ ဟိုပွဲဒီပွဲရှိပေမယ့် လိုင်းမကောင်းလို့ စိတ်ကုန်ုတယ်ဆိုတဲ့ စကားသံတစ်ချို့တော့ ပျောက်ကွယ်သွားနိုင်ကောင်းပါတယ်။

Ref: TechRadar