[Zawgyi]

တရုတ္က ထြက္လာတဲ့ သတင္းေတြအရ Xiaomi ဟာ လာမယ့္လမွာ Mi Mix 4 ကို ေၾကညာႏုိင္ပါတယ္။ Redmi ဟာ 64MP Sensor ပါတဲ့ ပထမဆံုး စမတ္ဖုန္းကို ထုတ္လုပ္မယ္လို႔ ကုမၸဏီက အတည္ျပဳထားပါတယ္။ Xiaomi ကလည္း 108MP Sensor ပါတဲ့ ပထမဆံုး စမတ္ဖုန္းကို ေၾကညာတဲ့ ကုမၸဏီ ျဖစ္လာႏိုင္ပါတယ္။

108MP Sensor ကို မၾကာခင္က ေၾကညာထားတဲ့ အတြက္ Xiaomi က အဲဒီ Sensor ကို ပထမဆံုး အသံုးျပဳခ်င္ရင္ေတာ့ Mi Mix 4 မွာ ထည့္သြင္းရမွာပါ။ Xiaomi Mi 9S မွာလည္း 108MP Sensor ပါလာႏုိင္ပါတယ္။ Mi 9S ဟာ Mi 9 ရဲ႕ 5G Version ျဖစ္ၿပီး အျခား Specs ေတြက Mi 9 နဲ႔ တူညီႏုိင္ပါတယ္။

Xiaomi က Mix Series ေတြမွာ ေနာက္ဆံုးထုတ္ အလန္းစား ဟာ့ဒ္၀ဲေတြနဲ႔ ဆန္းသစ္မႈေတြကို ထည့္သြင္းေပးေလ့ရွိပါတယ္။ Mi Mix 4 မွာ Snapdragon 855+ SoC ပါလာႏိုင္ပါတယ္။ Punch-hole Camera နဲ႔ 100W Fast Charge ေတြ ထည့္သြင္းထားႏုိင္ပါတယ္။

Vivo NEX 3 နဲ႔ iQOO Pro 5G တို႔လို စမတ္ဖုန္းေတြကို ၾသဂုတ္လနဲ႔ စက္တင္ဘာလၾကားမွာ ေၾကညာမွာ ျဖစ္ပါတယ္။ အဲဒီအတြက္ Xiaomi ကလည္း Mi Mix 4 ကို အဲဒီ အခ်ိန္အတြင္းမွာပဲ အၿပိဳင္အဆိုင္ မိတ္ဆက္ႏုိင္ပါတယ္။ Xiaomi ကေတာ့ Mi Mix 4 ကို ေၾကညာမယ့္ အခ်ိန္ကို မေျပာေသးပါဘူး။

Ref : gizchina

[Unicode]

Xiaomi Mi Mix 4 မှာ 108MP Sensor ပါလာနိုင်

တရုတ်က ထွက်လာတဲ့ သတင်းတွေအရ Xiaomi ဟာ လာမယ့်လမှာ Mi Mix 4 ကို ကြေညာနိုင်ပါတယ်။ Redmi ဟာ 64MP Sensor ပါတဲ့ ပထမဆုံး စမတ်ဖုန်းကို ထုတ်လုပ်မယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ Xiaomi ကလည်း 108MP Sensor ပါတဲ့ ပထမဆုံး စမတ်ဖုန်းကို ကြေညာတဲ့ ကုမ္ပဏီ ဖြစ်လာနိုင်ပါတယ်။

108MP Sensor ကို မကြာခင်က ကြေညာထားတဲ့ အတွက် Xiaomi က အဲဒီ Sensor ကို ပထမဆုံး အသုံးပြုချင်ရင်တော့ Mi Mix 4 မှာ ထည့်သွင်းရမှာပါ။ Xiaomi Mi 9S မှာလည်း 108MP Sensor ပါလာနိုင်ပါတယ်။ Mi 9S ဟာ Mi 9 ရဲ့ 5G Version ဖြစ်ပြီး အခြား Specs တွေက Mi 9 နဲ့ တူညီနိုင်ပါတယ်။

Xiaomi က Mix Series တွေမှာ နောက်ဆုံးထုတ် အလန်းစား ဟာ့ဒ်ဝဲတွေနဲ့ ဆန်းသစ်မှုတွေကို ထည့်သွင်းပေးလေ့ရှိပါတယ်။ Mi Mix 4 မှာ Snapdragon 855+ SoC ပါလာနိုင်ပါတယ်။ Punch-hole Camera နဲ့ 100W Fast Charge တွေ ထည့်သွင်းထားနိုင်ပါတယ်။

Vivo NEX 3 နဲ့ iQOO Pro 5G တို့လို စမတ်ဖုန်းတွေကို သြဂုတ်လနဲ့ စက်တင်ဘာလကြားမှာ ကြေညာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Xiaomi ကလည်း Mi Mix 4 ကို အဲဒီ အချိန်အတွင်းမှာပဲ အပြိုင်အဆိုင် မိတ်ဆက်နိုင်ပါတယ်။ Xiaomi ကတော့ Mi Mix 4 ကို ကြေညာမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gizchina