[Unicode]

Xiaomi ရဲ့ Audio ထုတ်ကုန် အသစ် ၂ ခုကို Bluetooth Special Interest Group (SIG) မှာ မှတ်ပုံတင်လိုက်ပါတယ်။ Mi Noise Cancelling Wireless Headphones နဲ့ Mi Wireless Charger Bluetooth Speaker တို့ ဖြစ်ပါတယ်။

Mi Noise Cancelling Wireless Headphones

Xiaomi က Headphones များစွာကို ထုတ်လုပ်ရောင်းချထားပါတယ်။ အခုတော့ Mi Noise Cancelling Wireless Headphones အသစ်ကို ကြေညာတော့မှာပါ။ Mi Superbass Wireless Headphones ထက် ပိုထူးခြားတာက Active Noise Cancellation နည်းပညာ ပါလာမှာပါ။ မော်ဒယ်နံပါတ်က TDLYEJ02WM ဖြစ်ပြီး Bluetooth 5.0 ဆက်သွယ်မှု ပါပါတယ်။ Wired Mode ကိုလည်း သုံးနိုင်မယ်လို့ ထင်ပါတယ်။

Mi Wireless Charger Bluetooth Speaker

Mi Wireless Charger Bluetooth Speaker ရဲ့ မော်ဒယ်နံပါတ်က XMWXCLYYX01ZM ဖြစ်ပြီး Speaker လိုရော Wireless Charger လိုပါ သုံးနိုင်ပါတယ်။ SIG က Description မှာ “ Bluetooth Speaker ဖြစ်ပြီး မြင့်မားတဲ့ အသံအရည်အသွေးကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် Qi Standard ကို ထောက်ပံ့တဲ့ Wireless Charging ပါပါတယ်။ “ လို့ ရေးသားထားပါတယ်။

Xiaomi က Wireless Charging ပါတဲ့ Yeelight Wireless Charging Night Lamp ကို ဒီနှစ် အစောပိုင်းက ရောင်းချပေးခဲ့ပါတယ်။ မီးအိမ်လို အပြင် Wireless Charging Station လိုပါ သုံးနိုင်ပါတယ်။ အခု ထုတ်ကုန်အသစ်တွေကို ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gizmochina

[Zawgyi]

နည္းပညာျမင့္ Mi Audio ထုတ္ကုန္သစ္ ၂မ်ိဴးကို Xiaomi မွတ္ပုံတင္ထား

Xiaomi ရဲ႕ Audio ထုတ္ကုန္ အသစ္ ၂ ခုကို Bluetooth Special Interest Group (SIG) မွာ မွတ္ပံုတင္လိုက္ပါတယ္။ Mi Noise Cancelling Wireless Headphones နဲ႔ Mi Wireless Charger Bluetooth Speaker တို႔ ျဖစ္ပါတယ္။

Mi Noise Cancelling Wireless Headphones

Xiaomi က Headphones မ်ားစြာကို ထုတ္လုပ္ေရာင္းခ်ထားပါတယ္။ အခုေတာ့ Mi Noise Cancelling Wireless Headphones အသစ္ကို ေၾကညာေတာ့မွာပါ။ Mi Superbass Wireless Headphones ထက္ ပိုထူးျခားတာက Active Noise Cancellation နည္းပညာ ပါလာမွာပါ။ ေမာ္ဒယ္နံပါတ္က TDLYEJ02WM ျဖစ္ၿပီး Bluetooth 5.0 ဆက္သြယ္မႈ ပါပါတယ္။ Wired Mode ကိုလည္း သံုးႏုိင္မယ္လို႔ ထင္ပါတယ္။

Mi Wireless Charger Bluetooth Speaker

Mi Wireless Charger Bluetooth Speaker ရဲ႕ ေမာ္ဒယ္နံပါတ္က XMWXCLYYX01ZM ျဖစ္ၿပီး Speaker လိုေရာ Wireless Charger လိုပါ သံုးႏုိင္ပါတယ္။ SIG က Description မွာ “ Bluetooth Speaker ျဖစ္ၿပီး ျမင့္မားတဲ့ အသံအရည္အေသြးကို ထုတ္လုပ္ေပးႏုိင္ပါတယ္။ ဒါ့အျပင္ Qi Standard ကို ေထာက္ပံ့တဲ့ Wireless Charging ပါပါတယ္။ “ လို႔ ေရးသားထားပါတယ္။

Xiaomi က Wireless Charging ပါတဲ့ Yeelight Wireless Charging Night Lamp ကို ဒီႏွစ္ အေစာပိုင္းက ေရာင္းခ်ေပးခဲ့ပါတယ္။ မီးအိမ္လို အျပင္ Wireless Charging Station လိုပါ သံုးႏုိင္ပါတယ္။ အခု ထုတ္ကုန္အသစ္ေတြကို ေၾကညာမယ့္ အခ်ိန္ကို မသိရေသးပါဘူး။

Ref : gizmochina