Xiaomi ကနေ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းက ပထမဆုံးသော 108MP Primary Sensor ပါဝင်တဲ့ Mi CC9 Pro ဖုန်းကို တရုတ်နိုင်ငံတွင်းမှာ မိတ်ဆက်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ Global စျေးကွက်အတွက် Mi CC9 Pro ကိုပဲ Mi Note 10 ဆိုတဲ့ နာမည်နဲ့ပါ ရောင်းချခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက Xiaomi ကနေ Mi CC9 Pro ဖုန်းအတွက် Android 10 Update ကို ထုတ်ပေးခဲ့ပြီး အခုအချိန်မှာတော့ Global Version ဖြစ်တဲ့ Mi Note 10 အတွက်ပါ Android 10 Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Mi Note 10 ဟာ Xiaomi ဖုန်းတွေထဲမှာ တော်တော်လေးကိုနောက်ကျပြီးမှ Android 10 Update ရရှိတဲ့ဖုန်းတစ်လုံးလို့ ပြောရမှာပါ။

Xiaomi ကနေ Mi Note 10 ဖုန်းကို Global ၊ Europe နဲ့ Russia ဆိုပြီး ၃ မျိုးထုတ်လုပ်ထားပြီးတော့ အခု Android 10 Update ကို ရရှိတာက Global Version တွေပဲဖြစ်ပါသေးတယ်။ ဒါတောင်မှ လောလောဆယ်မှာ အသုံးပြုသူအနည်းငယ်ကိုပဲ အရင်ဆုံးထုတ်ပေးသွားပြီး နောက်ပိုင်း Error တွေမရှိဘူးဆိုရင် တခြား အသုံးပြုသူတွေနဲ့ Version တွေအကုန်လုံးအတွက် Android 10 Update ကို ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Mi Note 10 အတွက် Android 10 အခြေခံထားတဲ့ MIUI Version ကတော့ MIUI 11.1.1.0.QFDMIXM ဖြစ်တယ်လို့ သိရပြီးတော့ File Size အနေနဲ့ 2.6GB ဝန်းကျင်ရှိမှာဖြစ်ပါတယ်။ ပြောင်းလဲမှုအနေနဲ့ကတော့ Android 10 ဖြစ်သွားတာကလွဲရင် ကြီးကြီးမားမား Feature တွေပါဝင်လာဦးမှာမဟုတ်သလို April 2020 Security Patch ပါဝင်လာမှာဖြစ်ပါတယ်။

Ref – Gizmo China