Xiaomi ကနေ Redmi Note 9 Series ဖုန်းတွေကို Global Version အနေနဲ့ မိတ်ဆက်ခဲ့သလို မနှစ်တုန်းက ပထမဆုံး 108MP Primary Sensor အသုံးပြုထားတဲ့ Mi Note 10 ဖုန်းနဲ့ ဆင်တူပြီးစျေးပိုသက်သာတဲ့ Mi Note 10 Lite ကိုပါ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Mi Note 10 Lite ဖုန်းဟာ Mid Range ဖုန်းစျေးကွက်ကို ဝင်ရောက်မှာဖြစ်ပြီး Mi Note 10 လိုမျိုးပဲ 5G ကို Support ပြုလုပ်နိုင်မှာမှာမဟုတ်ပါဘူး။

Design ပိုင်းအနေနဲ့ကတော့ 6.47″ Full HD+ Curved AMOLED Display ကိုအသုံးပြုထားပြီး နောက်ကျောဘက်ကိုတော့ Glass Body ကို အသုံးပြုလာမှာပါ။ Selfie Camera အနေနဲ့ Mi Note 10 ဖုန်းလိုမျိုးပဲ Waterdrop Notch ကို ဆက်လက်အသုံးပြုထားတာကိုတွေ့ရပါတယ်။ In-Screen Fingerprint Sensor ၊ Corning Gorilla Glass 5 နဲ့ HDR 10 လိုမျိုး Feature တွေကိုပါ support ပြုလုပ်မှာဖြစ်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာတော့ Qualcomm Snapdragon 730G ကိုအသုံးပြုထားပြီး RAM 6GB + 64GB Storage နဲ့ RAM 6GB + 128GB Storage ဆိုပြီး Version ၂ မျိုး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ပိုင်းမှာတော့ Mid Range ဖုန်းတစ်လုံးအနေနဲ့ မဆိုးဘူးလို့ ပြောရမှာပါ၊

Camera ပိုင်းမှာတော့ 108MP Primary Sensor အစား 64MP Sony IMX686 Primary Sensor ပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုထားတာဖြစ်ပါတယ်။ Camera Design ပိုင်းကိုလည်း Mi Note 10 နဲ့ မတူအောင် ပြောင်းလဲထားတဲ့အပြင် 8MP 120° Ultrawide Sensor ၊ 5MP Depth Sensor နဲ့ 2MP Macro Sensor တွေပါဝင်မှာဖြစ်ပါတယ်။ Video ပိုင်းအနေနဲ့ 4K Video အပြင် 960fps Slow Motion Video တွေကိုပါ ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ 5260mAh Battery ကိုပဲ ထည့်သွင်းပေးထားပြီး 30W Fast Charging ကို Support ပြုလုပ်မှာဖြစ်ပါတယ်။ တခြား Headphone Jack ၊ IR Blaster နဲ့ NFC လိုမျိုး Feature တွေလည်းပါဝင်ဦးမှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့ကတော့ Android 10 ကို အခြေခံထားတဲ့ MIUI 11 ကိုပဲ အသုံးပြုထားမှာပါ။

စျေးနှုန်းအနေနဲ့ကတော့ Mi Note 10 Lite RAM 6GB + 64 GB Version ကို €349 (မြန်မာငွေ ၅ သိန်း ၄ သောင်းဝန်းကျင်) ၊ RAM 6GB + 128GB Version ကို €399 (မြန်မာငွေ ၆ သိန်းဝန်းကျင်) နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ တစ်ခုရှိတာကတော့ ယခုစျေးနှုန်းတွေဟာ Global Version ဖြစ်တဲ့အတွက် တကယ်လို့ Mi Note 10 Lite ကို China Version မိတ်ဆက်မယ်ဆိုရင် ပိုပြီး စျေးသက်သာလာနိုင်ပါတယ်။

Ref – Gizmo China