Xiaomi ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက India မှာ Mi Notebook 14 Model အသစ်တွေကို မိတ်ဆက်သွားခဲ့ပါတယ်။ အခုလည်း တရုတ်နိုင်ငံတွင်းမှာ Mi Notebook Pro 15 2020 Model အသစ်ကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Mi Notebook Pro တွေဟာ Design ပိုင်းအရတော့ လက်ရှိရောင်းချနေတဲ့ Mi Notebook Pro နဲ့ ယှဥ်ရင် သိသိသာသာကွာခြားသွားခြင်းမရှိဘဲ Intel 10th Gen i5 နဲ့ i7 Processor တွေအသုံးပြုထားတာပဲ အဓိကကွာခြားသွားမှာဖြစ်ပါတယ်။ GPU ပိုင်းအနေနဲ့လည်း Nvidia ရဲ့ Geforce MX350 GPU အသစ်ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Mi Notebook Pro 15 2020 ဟာ ယခင်အတိုင်းပဲ တူညီတဲ့ 15.6″ Full HD Display ပါဝင်မှာဖြစ်ပြီး 100% sRGB Color Accuracy ရှိနေမှာဖြစ်ပါတယ်။ ဘေးဘောင်တွေအနေနဲ့ 6.52mm ပဲ အထူရှိမှာဖြစ်ပြီး Screen-to-Body Ratio အနေနဲ့ ၈၁.၅ ရာခိုင်နှုန်းအထိ ရှိမယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ IPS Panel ဖြစ်တဲ့အတွက် 178-degree Viewing Angle ရှိမှာဖြစ်ပြီး Corning Gorilla Glass 3 Protection လည်းပါဝင်မှာဖြစ်ပါတယ်.

Specification တွေအနေနဲ့ကတော့ Intel Core i5 – 10210U ၊ RAM 8GB ၊ 512GB PCI-E SSD ၊ Nvidia MX350 ပါဝင်တဲ့ Version နဲ့ Intel Core i7 – 10510U ၊ RAM 16GB ၊ 1TB PCI-E SSD ၊ Nvidia MX350 Graphic ပါဝင်တဲ့ Version ဆိုပြီး ၂ မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Performance Mode ၃ မျိုးကို စိတ်ကြိုက်ရွေးချယ်နိုင်မယ့် Fn + K Shortcut Feature လည်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ports တွေအနေနဲ့ကတော့ USB-C ၂ ပေါက်၊ USB 3.1 ၂ ပေါက် ၊ HDMI ၊ 3.5mm Headphone Jack ၊ SD Card Slot တွေပါဝင်မှာဖြစ်ပြီး Wi-Fi 6 ၊ 60Whr Battery နဲ့ စမတ်ဖုန်းတွေကို 18W Fast Charging နဲ့ ပြန်လည်အားသွင်းနိုင်ဦးမှာပါ။ စျေးနှုန်းတွေအနေနဲ့ကတော့ Intel Core i5 Version ကို 5,999 Yuan (မြန်မာငွေ ၁၂ သိန်းဝန်းကျင်) နဲ့ Intel Core i7 Version ကတော့ 6,999 Yuan (မြန်မာငွေ ၁၄ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – Gizmo China