Zawgyi

တ႐ုတ္နည္းပညာ ကုမၸဏီႀကီး Xiaomi ကေန မေန႕ကပဲ အိႏၵိယမွာ ပစၥည္းသစ္ မိတ္ဆက္ပြဲ က်င္းပခဲ့ပါတယ္။ အဆိုပါ ပြဲမွာ အဓိက ပစၥည္း အသစ္ေတြအျဖစ္ Redmi Note 7 နဲ႕ Note 7 Pro တို႔ကို မိတ္ဆက္ခဲ့ၿပီး တစ္ျခား နည္းပညာပစၥည္းအသစ္ တစ္ခ်ိဳ႕ကိုပါ တြဲဖက္ မိတ္ဆက္ခဲ့ပါတယ္။ အဆိုပါ နည္းပညာပစၥည္းအသစ္ေတြကေတာ့ LED TV အသစ္နဲ႕ Sport Bluetooth Earphones ပါ။ Bluetooth Earphones ကေတာ့ သိပ္စိတ္ဝင္စားစရာ မေကာင္းပဲ 32-inches အ႐ြယ္ LED TV အသစ္ကေတာ့ လူတိုင္းမ်က္စိက်နိဳင္ေလာက္တဲ့ အေနအထားမွာ ရွိပါတယ္။

ဒီ Mi LED TV 4A Pro 32 ဟာ အရင္ထြက္ခဲ့ဖူးတဲ့ Mi TV 4A ကို အဆင့္ျမႇင့္ေပးထားတာျဖစ္ၿပီး Mi TV 4A ကို စတင္ေရာင္းခ်တဳန္းက Xiaomi ရဲ႕ေစ်းအသက္သာဆုံးနဲ႕ အေရာင္းရဆုံး TV အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ဒီေမာ္ဒယ္ အသစ္မွာ 32-inches HD မ်က္ႏွာျပင္ပါဝင္ၿပီး Screen Refresh Rate ကေတာ့ 60Hz ရွိပါတယ္။ Viewing Angle 178° ရွိတာေၾကာင့္ ေဘးေစာင္းၾကည့္လည္း ပုံရိပ္ေတြ ေဝဝါးသြားျခင္းမရွိပါဘူး။ အသံစနစ္အတြက္ေတာ့ 10W အားရွိတဲ့ စပီကာေတြကို တပ္ဆင္ေပးထားပါတယ္။ Android 8.1 Oreo နဲ႕ အားျဖည့္ေပးထားၿပီး ဆန္းသစ္လွပတဲ့ PatchWall UI နဲ႕ အသုံးျပဳရမွာပါ။

စြမ္းေဆာင္ရည္ပိုင္းအတြက္ 64-bit အဆင့္ရွိ Amlogic ရဲ႕ Quad-core ပရိုဆက္ဆာကို တပ္ဆင္ေပးထားပါတယ္။ အဆိုပါ Amlogic ပရိုဆက္ဆာဟာ Cortex-A53 နည္းပညာကို အသုံးျပဳထားတာျဖစ္ၿပီး GPU ကေတာ့ Mali-450 MP3 ကိုတပ္ဆင္ေပးထားပါတယ္။ RAM ပမာဏ 1GB ပါဝင္ၿပီး Internal Storage ကေတာ့ 8GB ပါဝင္ပါတယ္။ Mi LED TV 4A Pro 32 ရဲ႕ အ႐ြယ္အစားကေတာ့ 732×478×189mm ရွိၿပီး တီဗီကိုေထာင္ထားဖို႔ ဘားတန္းေလးလည္း ပါဝင္ကာ စုစုေပါင္းအေလးခ်ိန္ကေတာ့ 4kg ရွိပါတယ္။

Mi TV 4A Pro မွာ Chromecast အေထာက္အပံ့ တစ္ပါတည္း ပါဝင္လာၿပီး Google Play ဝန္ေဆာင္မႈလည္း ရရွိမွာပါ။ Mi TV 4A Pro အတြက္ Google Play မွာ နာရီေပါင္း ခုနစ္သိန္းစာရွိတဲ့ ႐ုပ္ရွင္ေတြရွိပါတယ္။ Google Assistant အေထာက္အပံ့လည္းပါဝင္ၿပီး Bluetooth ရီမုဒ္ကတစ္ဆင့္ အသံနဲ႕ ခိုင္းေစနိုင္မွာပါ။ ခ်ိတ္ဆက္မႈ စနစ္ေတြကေတာ့ USB 2.0 ႏွစ္ေပါက္၊ HDMI သုံးေပါက္၊ ဖိုင္ဘာ အင္တာနက္အတြက္ Ethernet ေပါက္၊ AV Component ေပါက္၊ နားက်ပ္ေပါက္ နဲ႕ 802.11 b/g/n အေထာက္အပံ့ေပးတဲ့ Wi-Fi တို႔ ပါဝင္ပါတယ္။

ေစ်းႏႈန္းကေတာ့ $183 ပဲရွိတာမို႔ ျမန္မာေငြ သုံးသိန္းနီးပါးပဲ ရွိပါတယ္။ Mi TV 4A Pro ကို မတ္လ ၇ ရက္ကစၿပီး အိႏၵိယရဲ႕ အြန္လိုင္း စတိုးေတြကေန ဝယ္ယူနိုင္မွာပါ။

Ref: Gizmo China

Unicode

Xiaomi ရဲ့ LED TV အသစ် Mi TV 4A Pro

တရုတ်နည်းပညာ ကုမ္ပဏီကြီး Xiaomi ကနေ မနေ့ကပဲ အိန္ဒိယမှာ ပစ္စည်းသစ် မိတ်ဆက်ပွဲ ကျင်းပခဲ့ပါတယ်။ အဆိုပါ ပွဲမှာ အဓိက ပစ္စည်း အသစ်တွေအဖြစ် Redmi Note 7 နဲ့ Note 7 Pro တို့ကို မိတ်ဆက်ခဲ့ပြီး တစ်ခြား နည်းပညာပစ္စည်းအသစ် တစ်ချို့ကိုပါ တွဲဖက် မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ နည်းပညာပစ္စည်းအသစ်တွေကတော့ LED TV အသစ်နဲ့ Sport Bluetooth Earphones ပါ။ Bluetooth Earphones ကတော့ သိပ်စိတ်ဝင်စားစရာ မကောင်းပဲ 32-inches အရွယ် LED TV အသစ်ကတော့ လူတိုင်းမျက်စိကျနိုင်လောက်တဲ့ အနေအထားမှာ ရှိပါတယ်။

ဒီ Mi LED TV 4A Pro 32 ဟာ အရင်ထွက်ခဲ့ဖူးတဲ့ Mi TV 4A ကို အဆင့်မြှင့်ပေးထားတာဖြစ်ပြီး Mi TV 4A ကို စတင်ရောင်းချတုန်းက Xiaomi ရဲ့စျေးအသက်သာဆုံးနဲ့ အရောင်းရဆုံး TV အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီမော်ဒယ် အသစ်မှာ 32-inches HD မျက်နှာပြင်ပါဝင်ပြီး Screen Refresh Rate ကတော့ 60Hz ရှိပါတယ်။ Viewing Angle 178° ရှိတာကြောင့် ဘေးစောင်းကြည့်လည်း ပုံရိပ်တွေ ဝေဝါးသွားခြင်းမရှိပါဘူး။ အသံစနစ်အတွက်တော့ 10W အားရှိတဲ့ စပီကာတွေကို တပ်ဆင်ပေးထားပါတယ်။ Android 8.1 Oreo နဲ့ အားဖြည့်ပေးထားပြီး ဆန်းသစ်လှပတဲ့ PatchWall UI နဲ့ အသုံးပြုရမှာပါ။

စွမ်းဆောင်ရည်ပိုင်းအတွက် 64-bit အဆင့်ရှိ Amlogic ရဲ့ Quad-core ပရိုဆက်ဆာကို တပ်ဆင်ပေးထားပါတယ်။ အဆိုပါ Amlogic ပရိုဆက်ဆာဟာ Cortex-A53 နည်းပညာကို အသုံးပြုထားတာဖြစ်ပြီး GPU ကတော့ Mali-450 MP3 ကိုတပ်ဆင်ပေးထားပါတယ်။ RAM ပမာဏ 1GB ပါဝင်ပြီး Internal Storage ကတော့ 8GB ပါဝင်ပါတယ်။ Mi LED TV 4A Pro 32 ရဲ့ အရွယ်အစားကတော့ 732×478×189mm ရှိပြီး တီဗီကိုထောင်ထားဖို့ ဘားတန်းလေးလည်း ပါဝင်ကာ စုစုပေါင်းအလေးချိန်ကတော့ 4kg ရှိပါတယ်။


Mi TV 4A Pro မှာ Chromecast အထောက်အပံ့ တစ်ပါတည်း ပါဝင်လာပြီး Google Play ဝန်ဆောင်မှုလည်း ရရှိမှာပါ။ Mi TV 4A Pro အတွက် Google Play မှာ နာရီပေါင်း ခုနစ်သိန်းစာရှိတဲ့ ရုပ်ရှင်တွေရှိပါတယ်။ Google Assistant အထောက်အပံ့လည်းပါဝင်ပြီး Bluetooth ရီမုဒ်ကတစ်ဆင့် အသံနဲ့ ခိုင်းစေနိုင်မှာပါ။ ချိတ်ဆက်မှု စနစ်တွေကတော့ USB 2.0 နှစ်ပေါက်၊ HDMI သုံးပေါက်၊ ဖိုင်ဘာ အင်တာနက်အတွက် Ethernet ပေါက်၊ AV Component ပေါက်၊ နားကျပ်ပေါက် နဲ့ 802.11 b/g/n အထောက်အပံ့ပေးတဲ့ Wi-Fi တို့ ပါဝင်ပါတယ်။

စျေးနှုန်းကတော့ $183 ပဲရှိတာမို့ မြန်မာငွေ သုံးသိန်းနီးပါးပဲ ရှိပါတယ်။ Mi TV 4A Pro ကို မတ်လ ၇ ရက်ကစပြီး အိန္ဒိယရဲ့ အွန်လိုင်း စတိုးတွေကနေ ဝယ်ယူနိုင်မှာပါ။

Ref: Gizmo China