[Zawgyi]

မၾကာခင္ထြက္လာမယ့္ Xiaomi Mi 9 စမတ္ဖုန္းရဲ႕ သတင္းေတြၾကားရလြန္းလို႔ တရားဝင္ မိတ္ဆက္ၿပီးၿပီ လို႔ ထင္ေနမယ္ဆုိရင္ေတာင္ အျပစ္ေျပာလို႔မရေတာ့ပါဘူး။ Xiaomi ဟာ လာမယ့္ဗုဒၶဟူးေန႔မွာ မိတ္ဆက္မယ့္ သူတုိ႔ရဲ႕ စမတ္ဖုန္းအသစ္အတြက္ အခ်က္အလက္မ်ားစြာကို ထုတ္ျပန္ခဲ့ၿပီးပါၿပီ။

အခုေနာက္ဆုံးက်န္ရွိတဲ့ ေစ်းႏႈန္းေတြကို ယေန႔မွာ ထပ္မံေပၚထြက္လာတာ ျမင္ေတြ႕ရတာေၾကာင့္ Mi 9 ရဲ႕ ဗားရွင္းေတြ ဘယ္ေလာက္ရွိမယ္ဆုိတာ ျမင္ေတြ႕ႏုိင္ပါၿပီ။ Mi 9 စမတ္ဖုန္းေတြရဲ႕ ေစ်းႏႈန္းသာမကဘဲ စြမ္းအားျမင့္ဗားရွင္းလို႔ ဆုိေနတဲ့ Mi 9 Explorer ရဲ႕ဒီဇုိင္းအေနအထားကိုပါ ေတြ႕လာရပါၿပီ။

Xiaomi Mi 9 စမတ္ဖုန္းသစ္ဟာ မန္မုိရီမွာ 6/64 GB ကေန 8/256 GB ထိ သုံးမ်ဳိးထုတ္လာမွာျဖစ္ကာ Explorer နဲ႔ Transparent Edition ဆိုၿပီး အထူးဗားရွင္းႏွစ္မ်ဳိးကုိပါ ထုတ္လာဦးမွာပါ။ ရုိးရုိး Mi 9 ရဲ႕ေစ်းက အေျခခံေမာ္ဒယ္ 6 GB RAM / 64 GB Storage ကို တရုတ္ယြမ္ ၃,၃၀၀ (ျမန္မာေငြ ခုနစ္သိန္းခြဲခန္႔) ၊ 8/128 GB ေမာ္ဒယ္ကို တရုတ္ယြမ္ေငြ ၃,၅၀၀ (ျမန္မာေငြ ခုနစ္သိန္းကုိးေသာင္းခန္႔) နဲ႔ အျမင့္ဆုံး 8/256 GB ကိုေတာ့ တရုတ္ယြမ္ ၃,၇၀၀ (ျမန္မာေငြ ရွစ္သိန္းေလးေသာင္းခန္႔) သတ္မွတ္ထားပါတယ္။

Transparent Edition စမတ္ဖုန္းက 8 RAM / 256 GB တစ္မ်ဳိးသာ ထြက္ရွိမွာျဖစ္ၿပီး တရုတ္ယြမ္ ငါးေထာင္ (ျမန္မာေငြ ဆယ့္တစ္သိန္းေက်ာ္) က်သင့္မွာပါ။ မန္မုိရီပမာဏ မသိရေသးတဲ့ Explorer Edition ကေတာ့ ေစ်းအျမင့္ဆုံးျဖစ္ကာ အေျခခံေမာ္ဒယ္ကို ယြမ္ ၆,၀၀၀ (ျမန္မာေငြ ဆယ့္သုံးသိန္းခြဲခန္႔) သတ္မွတ္လာမယ္လို႔ ေဖာ္ျပထားပါတယ္။

Ref – GSM Arena

[Unicode]

မကြာခင်ထွက်လာမယ့် Xiaomi Mi 9 စမတ်ဖုန်းရဲ့ သတင်းတွေကြားရလွန်းလို့ တရားဝင် မိတ်ဆက်ပြီးပြီ လို့ ထင်နေမယ်ဆိုရင်တောင် အပြစ်ပြောလို့မရတော့ပါဘူး။ Xiaomi ဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ မိတ်ဆက်မယ့် သူတို့ရဲ့ စမတ်ဖုန်းအသစ်အတွက် အချက်အလက်များစွာကို ထုတ်ပြန်ခဲ့ပြီးပါပြီ။

အခုနောက်ဆုံးကျန်ရှိတဲ့ ဈေးနှုန်းတွေကို ယနေ့မှာ ထပ်မံပေါ်ထွက်လာတာ မြင်တွေ့ရတာကြောင့် Mi 9 ရဲ့ ဗားရှင်းတွေ ဘယ်လောက်ရှိမယ်ဆိုတာ မြင်တွေ့နိုင်ပါပြီ။ Mi 9 စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းသာမကဘဲ စွမ်းအားမြင့်ဗားရှင်းလို့ ဆိုနေတဲ့ Mi 9 Explorer ရဲ့ဒီဇိုင်းအနေအထားကိုပါ တွေ့လာရပါပြီ။

Xiaomi Mi 9 စမတ်ဖုန်းသစ်ဟာ မန်မိုရီမှာ 6/64 GB ကနေ 8/256 GB ထိ သုံးမျိုးထုတ်လာမှာဖြစ်ကာ Explorer နဲ့ Transparent Edition ဆိုပြီး အထူးဗားရှင်းနှစ်မျိုးကိုပါ ထုတ်လာဦးမှာပါ။ ရိုးရိုး Mi 9 ရဲ့ဈေးက အခြေခံမော်ဒယ် 6 GB RAM / 64 GB Storage ကို တရုတ်ယွမ် ၃,၃၀၀ (မြန်မာငွေ ခုနစ်သိန်းခွဲခန့်) ၊ 8/128 GB မော်ဒယ်ကို တရုတ်ယွမ်ငွေ ၃,၅၀၀ (မြန်မာငွေ ခုနစ်သိန်းကိုးသောင်းခန့်) နဲ့ အမြင့်ဆုံး 8/256 GB ကိုတော့ တရုတ်ယွမ် ၃,၇၀၀ (မြန်မာငွေ ရှစ်သိန်းလေးသောင်းခန့်) သတ်မှတ်ထားပါတယ်။

Transparent Edition စမတ်ဖုန်းက 8 RAM / 256 GB တစ်မျိုးသာ ထွက်ရှိမှာဖြစ်ပြီး တရုတ်ယွမ် ငါးထောင် (မြန်မာငွေ ဆယ့်တစ်သိန်းကျော်) ကျသင့်မှာပါ။ မန်မိုရီပမာဏ မသိရသေးတဲ့ Explorer Edition ကတော့ ဈေးအမြင့်ဆုံးဖြစ်ကာ အခြေခံမော်ဒယ်ကို ယွမ် ၆,၀၀၀ (မြန်မာငွေ ဆယ့်သုံးသိန်းခွဲခန့်) သတ်မှတ်လာမယ်လို့ ဖော်ပြထားပါတယ်။

Ref – GSM Arena