Micromax ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက In note 1 ကို အိန္ဒိယဈေးကွက်ထဲမှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ In note 1 ရဲ့နောက် ပိုပြီးကောင်းမွန်တဲ့မော်ဒယ်အဖြစ် In note 1 Pro ကို ဆက်လက်လုပ်ဆောင်နေခဲ့တာလည်း ဖြစ်ပါတယ်။

In note 1 ကိုဖြန့်ချိပြီး ၁၀ လဝန်းကျင်ကြာမြင့်ပြီးတဲ့နောက်၊ Geekbench မှာ မော်ဒယ်နံပါတ် (E7748_64) နဲ့အတူ In note 1 Pro ကိုလည်း တွေ့မြင်လာရပါပြီ။ Geekbench မှာ In note 1 Pro ရဲ့ Chipset နဲ့ အချက်အလက်အချို့ကိုလည်း တွေ့မြင်နိုင်ပါတယ်။

Micromax In note 1 Pro မှာ MediaTek Helio G90 chipset (MT6785) ကို အသုံးပြုထားတာ တွေ့မြင်ရပါတယ်။ 12nm chip ဆိုပေမဲ့ Vanilla မော်ဒယ်မှာသုံးထားတဲ့ G85 နဲ့နှိုင်းယှဉ်ရင် (2.05 GHz Cores နှစ်ခု၊ Higher-end Mali-G76 MC4 GPU နဲ့ Cortex-A76 cores) G90 ဟာ ပိုပြီးကောင်းမွန်နေတာတော့ အမှန်ပါပဲ။ ဟန်းဆက်ဟာ Android 10 မောင်းနှင်ထားပြီး 4GB of RAM တပ်ဆင်ထားတာလည်း တွေ့ရပါတယ်။

In note 1 Pro ကို ဘယ်အချိန်မှာ ဖြန့်ချိမယ်ဆိုတာ မသိရသေးပါဘူး။ E7748 ကို ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက Bureau of Indian Standards က Certified လုပ်ခဲ့ပေမဲ့ အခုထိ မတွေ့မြင်ရသေးတာလည်း ဖြစ်ပါတယ်။ အခြားစိတ်ဝင်စားစရာအချက်ကတော့ ကုမ္ပဏီရဲ့ဝန်ထမ်းတစ်ဦးက 6GB of RAM, 90Hz refresh rate display စတာတွေကို တရားဝင် ရည်ညွှန်းခဲ့သေးတဲ့အတွက် အခြားရွေးချယ်စရာအမျိုးအစားလည်း ထွက်လာနိုင်သေးတယ်ဆိုတာပါပဲ။

Micromax Informatics ဟာ လူသုံးကုန်အီလက်ထရောနစ်ကုမ္ပဏီတစ်ခုဖြစ်ပြီး Deli, India မှာ ၂၀၀၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့က စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ရုံးချုပ်ကတော့ Gurugram, India မှာတည်ရှိပြီး ဝန်ထမ်းပေါင်း ၂ သောင်းကျော်နဲ့ လည်ပတ်နေတယ်လို့ သိရပါတယ်။

Ref: GSM Arena