[Zawgyi]

Microsoft ဟာ Windows 7 အတြက္ DirectX 12 ေထာက္ပံ့ေပးျခင္းကို ယူေဆာင္လာၿပီလို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ကုမၸဏီဟာ Blizzard Entertainment ရဲ႕ ေရပန္းအစားဆုံး World of Warcraft ဟာ Windows 7 မွာ ပထမဆုံး DirectX 12 ေထာက္ပံ့မယ့္ ဂိမ္းျဖစ္ေၾကာင္းလည္း တစ္ပါတည္း ေၾကညာခဲ့ပါတယ္။

DirectX 12 ဟာ Windows 10 မွာ Low-level API ေထာက္ပံ့ေပးၿပီးသား ျဖစ္ပါတယ္။ စြမ္းေဆာင္ရည္ ပိုမိုတိုးတက္ေစဖို႔ ရည္႐ြယ္သလို Driver Overhead ျဖစ္ျခင္းကို ေလွ်ာ့ခ်ေပးဖို႔လည္း ရည္႐ြယ္ထားတာ ျဖစ္ပါတယ္။ DirectX 12 ဟာ Multi-core CPUs ေတြကို ပိုၿပီးစြမ္းေဆာင္ရည္ တိုးျမႇင့္ေပးသလို၊ Multi-GPU စနစ္ကိုလည္း CrossFire ဒါမွမဟုတ္ SLi တို႔လို Hardware ေတြ မလိုအပ္ဘဲ သုံးလို႔ရေစပါတယ္။

Developer ေတြဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ကတည္းက DirectX 12 ကို အခုလို သုံးႏိုင္ေအာင္လို႔ ျဖည့္စြက္မႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ ဒီေနာက္မွာေတာ့ စနစ္တက် အေကာင္အထည္ေဖာ္ခဲ့ၿပီး DX11 ရဲ႕ စြမ္းေဆာင္ရည္ထက္ ပိုေကာင္းေအာင္လို႔ ဖန္တီးႏိုင္ခဲ့ၾကတာ ျဖစ္ပါတယ္။

DirectX 12 ကို Windows 7 မွာေထာက္ပံ့ႏိုင္ေအာင္ ႀကိဳးစားၾကတဲ့အေၾကာင္းရင္းက ဂိမ္းကစားသူ အေျမာက္အမ်ားဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ Windows 7 မွာက်န္ေနၾကတုန္းျဖစ္လို႔ပါပဲ။ သူတို႔ဟာ ဒီ OS ကို ေထာက္ပံ့ေပးတဲ့ ေနာက္ဆုံး ဗားရွင္းျဖစ္တဲ့ DX11 ကိုပဲ သုံးေနခဲ့ရတာ ျဖစ္ပါတယ္။

DirectX 12 ကို Windows 10 နဲ႔ Windows 7 တို႔မွာ သုံးလို႔ရၿပီဆိုေပမယ့္ Windows 8 ဒါမွမဟုတ္ 8.1 ေတြမွာေတာ့ ေထာက္ပံ့ေပးႏိုင္ျခင္း မရွိေသးပါဘူး။ ဒါေၾကာင့္ Windows 8 နဲ႔ 8.1 အသုံးျပဳသူေတြကေတာ့ DX 11 ကိုပဲ ဆက္ၿပီး သုံးေနရဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Windows 7 မှာ DirectX 12 အသုံးပြုနိုင်ပြီဖြစ်ကြောင်း Microsoft ကြေညာ

Microsoft ဟာ Windows 7 အတွက် DirectX 12 ထောက်ပံ့ပေးခြင်းကို ယူဆောင်လာပြီလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကုမ္ပဏီဟာ Blizzard Entertainment ရဲ့ ရေပန်းအစားဆုံး World of Warcraft ဟာ Windows 7 မှာ ပထမဆုံး DirectX 12 ထောက်ပံ့မယ့် ဂိမ်းဖြစ်ကြောင်းလည်း တစ်ပါတည်း ကြေညာခဲ့ပါတယ်။

DirectX 12 ဟာ Windows 10 မှာ Low-level API ထောက်ပံ့ပေးပြီးသား ဖြစ်ပါတယ်။ စွမ်းဆောင်ရည် ပိုမိုတိုးတက်စေဖို့ ရည်ရွယ်သလို Driver Overhead ဖြစ်ခြင်းကို လျှော့ချပေးဖို့လည်း ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ DirectX 12 ဟာ Multi-core CPUs တွေကို ပိုပြီးစွမ်းဆောင်ရည် တိုးမြှင့်ပေးသလို၊ Multi-GPU စနစ်ကိုလည်း CrossFire ဒါမှမဟုတ် SLi တို့လို Hardware တွေ မလိုအပ်ဘဲ သုံးလို့ရစေပါတယ်။

Developer တွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက DirectX 12 ကို အခုလို သုံးနိုင်အောင်လို့ ဖြည့်စွက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီနောက်မှာတော့ စနစ်တကျ အကောင်အထည်ဖော်ခဲ့ပြီး DX11 ရဲ့ စွမ်းဆောင်ရည်ထက် ပိုကောင်းအောင်လို့ ဖန်တီးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

DirectX 12 ကို Windows 7 မှာထောက်ပံ့နိုင်အောင် ကြိုးစားကြတဲ့အကြောင်းရင်းက ဂိမ်းကစားသူ အမြောက်အများဟာ အကြောင်းအမျိုးမျိုးကြောင့် Windows 7 မှာကျန်နေကြတုန်းဖြစ်လို့ပါပဲ။ သူတို့ဟာ ဒီ OS ကို ထောက်ပံ့ပေးတဲ့ နောက်ဆုံး ဗားရှင်းဖြစ်တဲ့ DX11 ကိုပဲ သုံးနေခဲ့ရတာ ဖြစ်ပါတယ်။

DirectX 12 ကို Windows 10 နဲ့ Windows 7 တို့မှာ သုံးလို့ရပြီဆိုပေမယ့် Windows 8 ဒါမှမဟုတ် 8.1 တွေမှာတော့ ထောက်ပံ့ပေးနိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် Windows 8 နဲ့ 8.1 အသုံးပြုသူတွေကတော့ DX 11 ကိုပဲ ဆက်ပြီး သုံးနေရဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena