[Zawgyi]

Microsoft နဲ႔ Google အင္ဂ်င္နီယာေတြဟာ Windows on ARM မွာ အသုံးျပဳႏိုင္မယ့္ Chrome Version အတြက္ အတူတစ္ကြ ပူးေပါင္းသြားၾကမယ္လို႔ သိရပါတယ္။ Microsoft ရဲ႕ အင္ဂ်င္နီယာေတြကေတာ့ Ghrome ရဲ႕ Windows 10 on ARM အတြက္ ဖြံ႕ၿဖိဳးတိုးတက္မႈမွာ ကူညီေပးေနတယ္လို႔လည္း 9to5Google ကလည္း ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့လတုန္းက Qualcomm ရဲ႕ အလုပ္အမႈေဆာင္တစ္ေယာက္က သူတို႔အေနနဲ႔ Windows 10 အတြက္ ARM version of Chrome အတြက္ လုပ္ေဆာင္ေနၾကတယ္လို႔ ရွင္းလင္းသြားခဲ့ပါေသးတယ္။ Native ARM version of Chrome အေနနဲ႔ Qualcomm, Microsoft နဲ႔Google တို႔ကို အေတာ္ေလး လိုက္ေလ်ာညီေထြျဖစ္မယ္လို႔ ဆိုႏိုင္ပါတယ္။

Chrome ဟာ Windows 10 သုံးတဲ့ ကြန္ပ်ဴတာေတြမွာလည္း အမ်ားႀကိဳက္ Desktop app တစ္ခု ျဖစ္ပါတယ္။ အကယ္၍သာ Native of ARM version မဟုတ္ရင္ ARM နဲ႔ Windows 10 စက္ေတြမွာ အသုံးျပဳဖို႔ ခက္ခဲမွာျဖစ္ၿပီး User အေတာ္မ်ားမ်ားလည္း အခက္ေတြ႕ၾကမွာ ျဖစ္ပါတယ္။

အခုလက္ရွိအခ်ိန္မွာ Microsoft က Windows 10 နဲ႔အတူ အေကာင္းဆုံး Browser အျဖစ္ Edge ကိုပဲ ရည္ၫႊန္းထားတာ ျဖစ္ပါတယ္။ Microsoft အတြက္ Edge က အေကာင္းဆုံးလို႔ဆိုေပမယ့္ လူအမ်ားစုကေတာ့ Google searching အဆင္ေျပတဲ့ Chrome ကိုပဲ ဆက္လက္သုံးစြဲေနၾကတုန္း ျဖစ္ပါတယ္။ ဒါေၾကာင့္ Microsoft လည္း သူ႔ရဲ႕ Windows 10 အသုံးျပဳသူေတြ အဆင္ေျပေစဖို႔အတြက္ တစ္ထစ္ေလွ်ာ့ၿပီး အခုလိုမ်ိဳး ပူးေပါင္းေဆာင္႐ြက္ဖို႔ ဦးတည္လာတယ္လို႔ ဆိုရမွာပါ။

Ref: The Verge

 

[Unicode]

Microsoft နဲ့ Google အင်ဂျင်နီယာတွေဟာ Windows on ARM မှာ အသုံးပြုနိုင်မယ့် Chrome Version အတွက် အတူတစ်ကွ ပူးပေါင်းသွားကြမယ်လို့ သိရပါတယ်။ Microsoft ရဲ့ အင်ဂျင်နီယာတွေကတော့ Ghrome ရဲ့ Windows 10 on ARM အတွက် ဖွံ့ဖြိုးတိုးတက်မှုမှာ ကူညီပေးနေတယ်လို့လည်း 9to5Google ကလည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လတုန်းက Qualcomm ရဲ့ အလုပ်အမှုဆောင်တစ်ယောက်က သူတို့အနေနဲ့ Windows 10 အတွက် ARM version of Chrome အတွက် လုပ်ဆောင်နေကြတယ်လို့ ရှင်းလင်းသွားခဲ့ပါသေးတယ်။ Native ARM version of Chrome အနေနဲ့ Qualcomm, Microsoft နဲ့Google တို့ကို အတော်လေး လိုက်လျောညီထွေဖြစ်မယ်လို့ ဆိုနိုင်ပါတယ်။

Chrome ဟာ Windows 10 သုံးတဲ့ ကွန်ပျူတာတွေမှာလည်း အများကြိုက် Desktop app တစ်ခု ဖြစ်ပါတယ်။ အကယ်၍သာ Native of ARM version မဟုတ်ရင် ARM နဲ့ Windows 10 စက်တွေမှာ အသုံးပြုဖို့ ခက်ခဲမှာဖြစ်ပြီး User အတော်များများလည်း အခက်တွေ့ကြမှာ ဖြစ်ပါတယ်။

အခုလက်ရှိအချိန်မှာ Microsoft က Windows 10 နဲ့အတူ အကောင်းဆုံး Browser အဖြစ် Edge ကိုပဲ ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ Microsoft အတွက် Edge က အကောင်းဆုံးလို့ဆိုပေမယ့် လူအများစုကတော့ Google searching အဆင်ပြေတဲ့ Chrome ကိုပဲ ဆက်လက်သုံးစွဲနေကြတုန်း ဖြစ်ပါတယ်။ ဒါကြောင့် Microsoft လည်း သူ့ရဲ့ Windows 10 အသုံးပြုသူတွေ အဆင်ပြေစေဖို့အတွက် တစ်ထစ်လျှော့ပြီး အခုလိုမျိုး ပူးပေါင်းဆောင်ရွက်ဖို့ ဦးတည်လာတယ်လို့ ဆိုရမှာပါ။

Ref: The Verge