[Zawgyi]

အေမရိကန္ အစိုးရက Huawei အား အမည္ပ်က္စာရင္းထဲ ထည့္ထားေပမယ့္ Microsoft နဲ႔ Intel တို႔က ဟြာေ၀းရဲ႕ လက္ပ္ေတာ့မ်ားကို ဆက္လက္ေထာက္ပံ့မယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ဒါဟာ ဟြာေ၀း လက္ပ္ေတာ့ ကိုင္ထားသူမ်ားအတြက္ ၀မ္းသာစရာ သတင္းပါ။ အရင္ကေတာ့ အေမရိကန္ရဲ႕ ညႊန္ၾကားခ်က္နဲ႔ ဟြာေ၀း လက္ပ္ေတာ့မ်ားအတြက္ Windows 10 Major Update မ်ားကို ရပ္နားထားမလားဆိုၿပီး စိတ္ပူခဲ့ရတာပါ။

Microsoft က ယခင္ကေတာ့ ဟြာေ၀း လက္ပ္ေတာ့မ်ားကို ေထာက္ပံ့ေပးမယ့္ အေၾကာင္းကို ေရငံုႏႈတ္ပိတ္ေနခဲ့ပါတယ္။ Windows 10 Update မ်ားကို ဆက္ေပးမလား၊ ရပ္နားမလားဆိုတာကို ေျပာဖုိ႔ ျငင္းဆန္ခဲ့ပါတယ္။

Microsoft က သူ႔ရဲ႕ စတိုးကေန ဟြာေ၀းရဲ႕ လက္ပ္ေတာ့မ်ား ေရာင္းခ်ျခင္းအား ရပ္နားခဲ့ေပမယ့္ ဟြာေ၀း လက္ပ္ေတာ့မ်ားအတြက္ Windows 10 Update မ်ားကို ပံ့ပိုးေပးမလားဆိုတာကို ႏႈတ္ဆိတ္ေနခဲ့အတြက္ စိတ္ပူစရာ ျဖစ္ခဲ့ပါေသးတယ္။ ဟြာေ၀းဟာ ကမာၻ႔ ထိပ္တန္း လက္ပ္ေတာ့မ်ားကို ထုတ္လုပ္ထားေပမယ့္ Windows 10 Update မ်ားကို ဆက္မရရင္ေတာ့ အသံုးမ၀င္ေတာ့ပါဘူး။

Intel က ဟြာေ၀း လက္ပ္ေတာ့မ်ားအတြက္ Security Updates မ်ားနဲ႔ Drivers မ်ားကို ဆက္လက္ ေထာက္ပံ့မယ္လို႔ PCWorld ကို အတည္ျပဳလိုက္ပါတယ္။ အဲဒီ ကုမၸဏီ ႏွစ္ခုဟာ ဟြာေ၀း လက္ပ္ေတာ့မ်ားကို ဆက္လက္ ပံ့ပိုးေပးမယ့္အတြက္ အနာဂတ္မွာ က်ေရာက္လာမယ့္ လံုျခံဳေရး ဟာကြက္မ်ားကို စိတ္ပူစရာ မလိုေတာ့ပါဘူး။

Ref : techradar

[Unicode]

Microsoft နဲ့ Intel တို့က Huawei Laptops များကို ဆက်လက်ထောက်ပံ့မည်

အမေရိကန် အစိုးရက Huawei အား အမည်ပျက်စာရင်းထဲ ထည့်ထားပေမယ့် Microsoft နဲ့ Intel တို့က ဟွာဝေးရဲ့ လက်ပ်တော့များကို ဆက်လက်ထောက်ပံ့မယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါဟာ ဟွာဝေး လက်ပ်တော့ ကိုင်ထားသူများအတွက် ဝမ်းသာစရာ သတင်းပါ။ အရင်ကတော့ အမေရိကန်ရဲ့ ညွှန်ကြားချက်နဲ့ ဟွာဝေး လက်ပ်တော့များအတွက် Windows 10 Major Update များကို ရပ်နားထားမလားဆိုပြီး စိတ်ပူခဲ့ရတာပါ။

Microsoft က ယခင်ကတော့ ဟွာဝေး လက်ပ်တော့များကို ထောက်ပံ့ပေးမယ့် အကြောင်းကို ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။ Windows 10 Update များကို ဆက်ပေးမလား၊ ရပ်နားမလားဆိုတာကို ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။ Google ကတော့ ဟွာဝေး စမတ်ဖုန်းများအတွက် Android Updates များကို ရပ်နားလိုက်ပါတယ်။

Microsoft က သူ့ရဲ့ စတိုးကနေ ဟွာဝေးရဲ့ လက်ပ်တော့များ ရောင်းချခြင်းအား ရပ်နားခဲ့ပေမယ့် ဟွာဝေး လက်ပ်တော့များအတွက် Windows 10 Update များကို ပံ့ပိုးပေးမလားဆိုတာကို နှုတ်ဆိတ်နေခဲ့အတွက် စိတ်ပူစရာ ဖြစ်ခဲ့ပါသေးတယ်။ ဟွာဝေးဟာ ကမ္ဘာ့ ထိပ်တန်း လက်ပ်တော့များကို ထုတ်လုပ်ထားပေမယ့် Windows 10 Update များကို ဆက်မရရင်တော့ အသုံးမဝင်တော့ပါဘူး။

Intel က ဟွာဝေး လက်ပ်တော့များအတွက် Security Updates များနဲ့ Drivers များကို ဆက်လက် ထောက်ပံ့မယ်လို့ PCWorld ကို အတည်ပြုလိုက်ပါတယ်။ အဲဒီ ကုမ္ပဏီ နှစ်ခုဟာ ဟွာဝေး လက်ပ်တော့များကို ဆက်လက် ပံ့ပိုးပေးမယ့်အတွက် အနာဂတ်မှာ ကျရောက်လာမယ့် လုံခြုံရေး ဟာကွက်များကို စိတ်ပူစရာ မလိုတော့ပါဘူး။

Ref : techradar