Zawgyi

Microsoft ကေန ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၂ ရက္ေန႔တုန္းက Surface Product အသစ္ေတြကို မိတ္ဆက္သြားခဲ့ၿပီးေတာ့ ပုံမွန္ Surface Refresh Product ေတြျဖစ္တဲ့ Surface Pro 7 နဲ႔ Surface Laptop 3 ေတြအျပင္ Dual Screen Device ေတြျဖစ္တဲ့ Surface Neo နဲ႔ Surface Duo Device ေတြကိုပါ မိတ္ဆက္သြားခဲ့တာပါ။ ဒါေပမယ့္ အဲ့ဒီထဲမွာ စိတ္ဝင္စားဖို႔အေကာင္းဆုံးျဖစ္လာတာကေတာ့ ပထမဆုံး ARM-based Processor နဲ႔ ပြဲထြက္လာတဲ့ Surface Pro X ပဲျဖစ္ပါတယ္။

Surface Pro X က ႐ုတ္တရက္ၾကည့္မယ္ဆိုရင္ Surface Pro 7 လိုမ်ိဳးပဲ 2-in1 Tablet တစ္ခုျဖစ္ေပမယ့္ ပိုၿပီး ပါးလႊာသလို ပိုၿပီး ႀကီးမားတဲ့ Display ပါဝင္မွာျဖစ္ပါတယ္။ Size အရၾကည့္မယ္ဆိုရင္ 1.68lb ပဲ အေလးရွိမွာျဖစ္ၿပီးေတာ့ အပါးလႊာဆုံးေနရာက 5.3mm ပဲ အထူရွိမွာျဖစ္ပါတယ္။ 13″ Display ကလည္း ေဘးေဘာင္ေတြက ပုံမွန္ထက္ပါးေနမွာျဖစ္တဲ့အတြက္ 12″ Tablet အ႐ြယ္ပဲရွိေနမွာပါ။

Processor ပိုင္းအေနနဲ႔ Microsoft ကေန Qualcomm နဲ႔အတူပူးေပါင္းၿပီး Surface Pro X အတြက္ သီးသန္႔ Custom ထုတ္လုပ္ထားတဲ့ Surface SQ1 Processor ကို အသုံးျပဳထားပါတယ္။ အဆိုပါ Processor က ပုံမွန္ Surface Pro 6 ထက္ စြမ္းေဆာင္ရည္ ၂ ဆပိုေကာင္းသလို 7W TDP အထိရွိေနမွာလည္းျဖစ္ပါတယ္။ GPU ပိုင္းအေနနဲ႔လည္း Custom Adreno 685 GPU ကို တပ္ဆင္ေပးထားၿပီး 7 Teraflops Computing Power ရွိတဲ့ AI Engine လည္း ပါဝင္ဦးမွာပါ။

အခု Surface Pro X ဟာ ARM-based Processor ကို အသုံးျပဳထားတဲ့အတြက္ Qualcomm X24 Modem ပါဝင္မွာျဖစ္ၿပီး Nano SIM နဲ႔ eSIM ေတြကိုပါ ထည့္သြင္းအသုံးျပဳႏိုင္မွာျဖစ္ပါတယ္။ Battery Life အေနနဲ႔ေတာ့ ၁၃ နာရီဆက္တိုက္အသုံးျပဳႏိုင္မယ္လို႔ ေျပာၾကားထားၿပီး 0-80% ကို ၁ နာရီအတြင္း အားျပန္သြင္းေပးႏိုင္တဲ့ Fast Charging စနစ္လည္းပါဝင္ဦးမွာပါ။

Surface Pro X ဟာ Type Cover အသစ္ကို အသုံးျပဳလာမွာျဖစ္သလို Surface Pen ကိုလည္း Wireless နဲ႔ ျပန္အားသြင္းႏိုင္တဲ့အျပင္ Type Cover အတြင္းမွာပါ သိမ္းထားႏိုင္တဲ့ Surface Slim Pen အသစ္ကိုပါ မိတ္ဆက္သြားခဲ့တာျဖစ္ပါတယ္။

အခု Surface Pro X ဟာ ေစ်းႏႈန္းအေနနဲ႔ Tablet Only ကို RAM 8GB ၊ Storage 128GB Version ကို $999 ကေန စတင္ဝယ္ယူႏိုင္မွာျဖစ္ၿပီးေတာ့ အျမင့္ဆုံး RAM 16GB ၊ 512GB Storage Version ကေတာ့ $1,799 အထိ က်သင့္မွာျဖစ္ပါတယ္။ က်န္တဲ့ Surface Pro X Type Cover နဲ႔ Surface Slim Pen ေတြကိုေတာ့ သီးသန္႔ဝယ္ယူရမွာပါ။

Ref – The Verge

Unicode

Microsoft ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့တုန်းက Surface Product အသစ်တွေကို မိတ်ဆက်သွားခဲ့ပြီးတော့ ပုံမှန် Surface Refresh Product တွေဖြစ်တဲ့ Surface Pro 7 နဲ့ Surface Laptop 3 တွေအပြင် Dual Screen Device တွေဖြစ်တဲ့ Surface Neo နဲ့ Surface Duo Device တွေကိုပါ မိတ်ဆက်သွားခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်လာတာကတော့ ပထမဆုံး ARM-based Processor နဲ့ ပွဲထွက်လာတဲ့ Surface Pro X ပဲဖြစ်ပါတယ်။

Surface Pro X က ရုတ်တရက်ကြည့်မယ်ဆိုရင် Surface Pro 7 လိုမျိုးပဲ 2-in1 Tablet တစ်ခုဖြစ်ပေမယ့် ပိုပြီး ပါးလွှာသလို ပိုပြီး ကြီးမားတဲ့ Display ပါဝင်မှာဖြစ်ပါတယ်။ Size အရကြည့်မယ်ဆိုရင် 1.68lb ပဲ အလေးရှိမှာဖြစ်ပြီးတော့ အပါးလွှာဆုံးနေရာက 5.3mm ပဲ အထူရှိမှာဖြစ်ပါတယ်။ 13″ Display ကလည်း ဘေးဘောင်တွေက ပုံမှန်ထက်ပါးနေမှာဖြစ်တဲ့အတွက် 12″ Tablet အရွယ်ပဲရှိနေမှာပါ။

Processor ပိုင်းအနေနဲ့ Microsoft ကနေ Qualcomm နဲ့အတူပူးပေါင်းပြီး Surface Pro X အတွက် သီးသန့် Custom ထုတ်လုပ်ထားတဲ့ Surface SQ1 Processor ကို အသုံးပြုထားပါတယ်။ အဆိုပါ Processor က ပုံမှန် Surface Pro 6 ထက် စွမ်းဆောင်ရည် ၂ ဆပိုကောင်းသလို 7W TDP အထိရှိနေမှာလည်းဖြစ်ပါတယ်။ GPU ပိုင်းအနေနဲ့လည်း Custom Adreno 685 GPU ကို တပ်ဆင်ပေးထားပြီး 7 Teraflops Computing Power ရှိတဲ့ AI Engine လည်း ပါဝင်ဦးမှာပါ။

အခု Surface Pro X ဟာ ARM-based Processor ကို အသုံးပြုထားတဲ့အတွက် Qualcomm X24 Modem ပါဝင်မှာဖြစ်ပြီး Nano SIM နဲ့ eSIM တွေကိုပါ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Battery Life အနေနဲ့တော့ ၁၃ နာရီဆက်တိုက်အသုံးပြုနိုင်မယ်လို့ ပြောကြားထားပြီး 0-80% ကို ၁ နာရီအတွင်း အားပြန်သွင်းပေးနိုင်တဲ့ Fast Charging စနစ်လည်းပါဝင်ဦးမှာပါ။

Surface Pro X ဟာ Type Cover အသစ်ကို အသုံးပြုလာမှာဖြစ်သလို Surface Pen ကိုလည်း Wireless နဲ့ ပြန်အားသွင်းနိုင်တဲ့အပြင် Type Cover အတွင်းမှာပါ သိမ်းထားနိုင်တဲ့ Surface Slim Pen အသစ်ကိုပါ မိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။

အခု Surface Pro X ဟာ စျေးနှုန်းအနေနဲ့ Tablet Only ကို RAM 8GB ၊ Storage 128GB Version ကို $999 ကနေ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီးတော့ အမြင့်ဆုံး RAM 16GB ၊ 512GB Storage Version ကတော့ $1,799 အထိ ကျသင့်မှာဖြစ်ပါတယ်။ ကျန်တဲ့ Surface Pro X Type Cover နဲ့ Surface Slim Pen တွေကိုတော့ သီးသန့်ဝယ်ယူရမှာပါ။

Ref – The Verge