Microsoft က ဒုတိယမျိုးဆက် Surface Duo စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။ Surface Duo 2 မှာ အရင်မျိုးဆက်ရဲ့ အားနည်းချက်တွေကို ပြင်ဆင်ထားတာတွေ့ရပါတယ်။ ၅.၈ လက်မ 1892x1344p AMOLED မျက်နှာပြင် ၂ ခု တပ်ဆင်ထားပြီး ပေါင်းလိုက်ရင် ၈.၃ လက်မ 2688x1892p မျက်နှာပြင် ဖြစ်သွားမှာပါ။ 800 nits Brightness ထောက်ပံ့ထားပြီး Corning Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။

Microsoft announces new Surface Duo 2 with Snapdragon 888 and triple camera

မျက်နှာပြင်မှာ 90Hz Refresh Rate ထောက်ပံ့ထားတဲ့အတွက် ထိတွေ့အသုံးပြုရင် ချောမွတ်ပြေပြစ်ပါတယ်။ မျက်နှာပြင်တွေဟာ အတွင်းဘက်ထောင့်စွန်းတွေမှာ အနည်းငယ် ကွေးညွှတ်နေပြီး ခေါက်ချိုးထားရင် ကွေးညွှတ်နေတာကို အပြင်ဘက်ကနေ မြင်နေရပါတယ်။ ခေါက်ချိုးထားတဲ့ အဆက်မှာ Notification တွေကို ပြသပေးထားပါတယ်။

Microsoft announces new Surface Duo 2 with Snapdragon 888 and triple camera

Surface Duo 2 မှာ Qualcomm Snapdragon 888 Processor မောင်းနှင်ထားပြီး 128/256/512GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ 8GB LPDDR5 RAM နဲ့ Android 11 တွေ ပါလာပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 12MP Main , 12MP Telephoto နဲ့ 16MP Ultrawide တွေ ဖြစ်ပါတယ်။ 4K 60fps Video နဲ့ 1080p 240fps Video တွေ ရိုက်ကူးပေးနိုင်ပါတယ်။

Microsoft announces new Surface Duo 2 with Snapdragon 888 and triple camera

Surface Duo 2 မှာ Surface Slim Pen 2 ထောက်ပံ့ထားပြီး အားသွင်းဖို့ ဖုန်း အပြင်ဘက်မှာ သံလိုက်နဲ့ကပ်ထားနိုင်ပါတယ်။ Surface Duo 2 မှာ ကြိုးမဲ့အားသွင်း နည်းပညာ မပါလာဘဲ ဘက်ထရီက 4449mAh ဖြစ်ပါတယ်။ 23W USB-C Fast Charging ပါလာပေမယ့် Charger ကို သီးခြား ဝယ်ယူရမှာပါ။

Microsoft announces new Surface Duo 2 with Snapdragon 888 and triple camera

Surface Duo 2 ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁၅၀၀ ဒေါ်လာ သတ်မှတ်ထားပြီး ကြိုတင်မှာယူနိုင်ပါပြီ။ မြန်မာငွေ ၂၇ သိန်း ၆ သောင်းလောက်ကျသင့်မှာ ဖြစ်ပြီး Glacier နဲ့ Obsidian ၂ ရောင် ထုတ်လုပ်ထားပါတယ်။

Ref : gsmarena