Microsoft က Surface Pro 9 အသစ်ကို ကြေညာလိုက်ပြီး ဒီနှစ်မှာ အရင်မျိုးဆက်တွေထက် အကြီးမားဆုံး တိုးတက်လာပါတယ်။ ARM နဲ့ Intel အခြေပြု မော်ဒယ်တွေ ထုတ်လုပ်ထားပြီး အရောင်အသစ် ပါလာသလို Type Cover Keyboard ထုတ်လုပ်ပေးထားပါတယ်။ ARM Version မှာ Qualcomm SQ3 မောင်းနှင်ထားပြီး 5G ဆက်သွယ်မှု ထောက်ပံ့ထားပါတယ်။

Version ၂ ခုစလုံးမှာ Bluetooth 5.1 နဲ့ WiFi 6E ထောက်ပံ့ထားပြီး Qualcomm Version မှာ GPS, GLONASS, Galileo,  Beidou Positioning Systems Support, nanoSIM , eSIM Support, Sub-6 GHz/mmWave 5G Networks နဲ့ LTE အပါအဝင် ဆက်သွယ်မှု များစွာ ထည့်သွင်းထားပါတယ်။

၁၃ လက်မ PixeSense Flow 2880x1920p မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားကာ Surface Slim Pen 2 နဲ့ တွဲဖက် သုံးနိုင်ပါတယ်။ Pen တပ်ဆင်နိုင်၊ အားသွင်းနိုင်မယ့် နေရာ ထားရှိပေးထားပါတယ်။

Intel Version မှာ 12th Gen Intel Core i5-1235U သို့မဟုတ် Core i7-1255U Processor တွေ ထည့်သွင်းထားပြီး အခြေခံ မော်ဒယ်မှာ 8GB RAM နဲ့ 128GB Storage ပါပါတယ်။ Snapdragon SQ3 Version မှာ Neural Processing Unit (NPU) ပါလာပြီး Auto Framing , Super Resolution Enhancement အပါအဝင် အရှေ့ ကင်မရာ လုပ်ဆောင်ချက်အသစ်တွေကို ပံ့ပိုးပေးပါတယ်။

မော်ဒယ် ၂ ခုရဲ့ ဘက်ထရီ သက်တမ်းဟာ တော်တော် ကွဲပြားပြီး Intel Version ဟာ ၁၅ နာရီခွဲနဲ့ 5G Snapdragon Version ဟာ ၁၉ နာရီ အသုံးခံပါတယ်။

Intel Version မှာ LPDDR5 RAM ကို သုံးထားပြီး 8GB , 16GB နဲ့ 32GB တွေ ရွေးချယ်နိုင်ပါတယ်။ 5G Version မှာ LPDDR4X RAM ကို သုံးထားပြီး 8GB , 16GB တွေ ထုတ်လုပ်ထားပါတယ်။

Intel i5, 8GB RAM , 128GB Storage ပါတဲ့ အခြေခံ မော်ဒယ်ကို ၉၉၉ ဒေါ်လာ သတ်မှတ်ထားပြီး  Intel i7 Version ဟာ ၁,၅၉၉ ဒေါ်လာက စပါတယ်။ 5G မော်ဒယ်ဟာ ၁,၂၉၉ ဒေါ်လာက စပြီး Type Cover Keyboard ကို ၂၇၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref  : gsmarena