[Zawgyi]

Microsoft Azure အေနျဖင့္ Linux ကို ၿပီးျပည့္စုံစြာ အေထာက္အပံ့ ေပးႏိုင္ၿပီျဖစ္ၿပီး ကုမၸဏီႏွင့္ လုပ္ငန္းလည္ပတ္မႈ အမ်ိဳးမ်ိဳးအတြက္ ဒီဇိုင္းဆြဲ ဖန္တီးထားျခင္းျဖစ္ပါသည္။

Microsoft မွ ျမန္မာႏိုင္ငံရွိ အိုင္တီနည္းပညာရွင္ေပါင္း ၁၀၀ ေက်ာ္ကို ဖိတ္ေခၚ၍ ‘Open Source on Azure Day’ ကို ယခုတစ္ပတ္ အဂၤါေန႔တြင္ ရန္ကုန္ၿမိဳ႕ရွိ Pullman Centrepoint Hotel ၌ က်င္းပခဲ့ၿပီး ျမန္မာကုမၸဏီ မ်ားအေနျဖင့္ ၎တို႔၏ မည္သည့္ Operating စနစ္တြင္မဆို တြက္ခ်က္အသုံးျပဳႏိုင္မည့္ မ်ိဳးဆက္သစ္ကြန္ပ်ဴတာစနစ္တို႔ကို Microsoft Azure တြင္ အသုံးျပဳေဆာင္႐ြက္ႏိုင္ၿပီျဖစ္ေၾကာင္း အသိပညာမွ်ေဝျခင္းလုပ္ငန္းကို ေဆာင္႐ြက္ခဲ့သည္။

Azure မွာ Microsoft ၏ အကန႔္အသတ္မရွိဘဲ လိုက္ေလ်ာညီေထြစြာျဖင့္ စြယ္စုံအသုံးျပဳႏိုင္သည့္ အဖြဲ႕အစည္းအဆင့္သုံး cloud စနစ္တစ္ခု ျဖစ္သည္။ ကမာၻတစ္လႊားမွ ကုမၸဏီမ်ားမွာ ၎တို႔၏ အဖြဲ႕အစည္းအဆင့္ တြက္ခ်က္မႈစနစ္မ်ားကို Azure တြင္တင္၍ အသုံးျပဳလ်က္ ရွိၾကသည္။ အခ်ိဳ႕ေသာ အေျခအေနမ်ားတြင္ Azure ကို ကုန္က်စရိတ္မ်ားေသာ လုပ္ငန္းခြင္သုံး ဆာဗာမ်ားႏွင့္ သိုေလွာင္စနစ္မ်ားေနရာတြင္ အစားထိုး အသုံးျပဳႏိုင္မည္လည္း ျဖစ္သည္။ Azure သည္ ကမာၻတစ္လႊားမွ ကုမၸဏီမ်ားတြင္ လိုအပ္ေနသည့္ အလိုအေလ်ာက္တြက္ခ်က္မႈလုပ္ငန္း အမ်ားအျပားကို လက္ခံတြက္ခ်က္ႏိုင္သည္အထိ စြယ္စုံရၿပီး ႐ိုးရွင္းေသာ မိနစ္အလိုက္ ေငြေကာက္ခံမႈေၾကာင့္ အသုံးျပဳသူမ်ားအေနျဖင့္ ၎တို႔သုံးမည့္ပမာဏကို ႀကိဳတင္ခ်ိန္ဆႏိုင္မည္ျဖစ္ကာ လိုအပ္သလို တိုးခ်ဲ႕ ျခင္း၊ ေလ်ာ့ခ်ျခင္းမ်ား လုပ္ေဆာင္ႏိုင္မည္ ျဖစ္ပါသည္။ Azure သည္ ေဆာ့ဖ္ဝဲလ္မ်ား အဆင့္ျမႇင့္တင္ျခင္း (Update) ႏွင့္ ဟာ့ဒ္ဝဲလ္မ်ားအား အစားထိုးျခင္းတို႔ကို တာဝန္ယူေဆာင္႐ြက္ေပးမည္ျဖစ္ေသာေၾကာင့္ ျမန္မာကုမၸဏီမ်ား အေနျဖင့္ ၎တို႔၏စနစ္မ်ားကို ပိုမိုလ်င္ျမန္စြာႏွင့္ လြယ္ကူစြာ အာ႐ုံစိုက္ ဖန္တီးေစႏိုင္မည္ ျဖစ္သည္။ ထို႔ေၾကာင့္ အခ်ိန္ကုန္၊ ေငြကုန္ သက္သာေစမည့္အျပင္ ကိုယ္ပိုင္ဆာဗာမ်ား၌ ထားရွိျခင္းထက္ ပိုမိုလုံၿခဳံစိတ္ခ်ရမည္လည္း ျဖစ္သည္။

ပြဲသို႔တက္ေရာက္လာသူမ်ားအေနျဖင့္ Microsoft ႏွင့္ Red Hat တို႔ ပူးတြဲဖန္တီးေဆာင္႐ြက္ထားသည့္ First-Party ဝန္ေဆာင္မႈ စနစ္ကို အျပည့္အဝေထာက္ပံ့ေပးႏိုင္မည့္ Azure Red Hat OpenShift ကို ေလ့လာခြင့္ရရွိခဲ့ၾကၿပီး အဆိုပါဝန္ေဆာင္မႈမွာ open source technologies ေပၚတြင္ အေျခခံထားသည့္ Microsoft ႏွင့္ Red Hat တို႔၏ ပူးေပါင္းဖန္တီးေရးဆြဲ ထုတ္လုပ္ေထာက္ပံ့ တစ္ခုလည္းျဖစ္သည္။ Azure ေပၚတြင္ Openshift အေနျဖင့္ အတူတကြပူးေပါင္းမႈအရ သီးျခားလုပ္ငန္းပတ္ဝန္းက်င္ ဖန္တီးျခင္း (containerization)၊ ေဒတာေဘ့စ္ ဝန္ေဆာင္မႈ (managed instances) ႏွင့္ cloud မွ အလိုအေလ်ာက္ ေဆာင္႐ြက္မႈ သေဘာတရားမ်ားကို ေပါင္းစပ္ျခင္းျဖင့္ ေဆာ့ဖ္ဝဲလ္ေရးဆြဲသူမ်ားအတြက္ ရႈပ္ေထြးေသာ အလႊာအမ်ိဳးမ်ိဳးကို ဖယ္ရွားေပးမည္ ျဖစ္သည္။ ထို႔ေၾကာင့္ စနစ္လည္ပတ္မႈအား ထိန္းသိမ္းရန္ အခ်ိန္ကုန္သက္သာသြားမည္ျဖစ္ကာ ျမန္မာ့ ကုမၸဏီမ်ားကို အနာဂတ္သို႔ တြန္းပို႔ေပးႏိုင္မည့္ နည္းပညာ/စနစ္သစ္မ်ား ဖန္တီးရန္အတြက္ ပိုမိုအခ်ိန္ယူ အားထုတ္ႏိုင္မည္ ျဖစ္သည္။

“ကြၽန္ေတာ္တို႔အေနနဲ႔ ဒီကေန႔မွာ ျမန္မာႏိုင္ငံက အိုင္တီနည္းပညာပညာရွင္ေတြနဲ႔ ေတြ႕ဆုံခြင့္ရတာ အထူးပဲ ဝမ္းသာေပ်ာ္႐ႊင္မိ ပါတယ္” ဟု အေရွ႕ေတာင္အာရွ ေဈးကြက္သစ္မ်ားဌာန၊ Cloud & AI ၏ စီးပြားေရးလုပ္ငန္းအဖြဲ႕ေခါင္းေဆာင္ျဖစ္သူ Sanjay Satheesh မွ ေျပာၾကားသည္။ “ လက္တေလာမွာ တိုးတက္မႈအမ်ားအျပားရွိလာတဲ့ cloud computing နဲ႔ အလိုအေလ်ာက္ ေဆာင္႐ြက္မႈေတြျဖစ္တဲ့ automation စတဲ့ က႑ေတြအတြက္ ျမန္မာႏိုင္ငံက ရယူအသုံးခ်ႏိုင္ဖို႔ ေနရာေကာင္းမွာရွိေနတယ္ လို႔ ဆိုႏိုင္ပါတယ္။ ျမန္မာကုမၸဏီေတြ ေခတ္နဲ႔အညီ ရင္ေဘာင္တန္းလာႏိုင္ၿပီး ႀကီးထြားလာၾကတာနဲ႔အမွ် Azure လို Cloud နည္းပညာေတြကို သူတို႔ရဲ႕ လုပ္ငန္းဆိုင္ရာ တစ္မူထူးျခားတဲ့စိန္ေခၚမႈေတြအတြက္ လိုက္ေလ်ာညီေထြရွိၿပီး စြမ္းေဆာင္ရည္ လဲျမင့္မားသလို ကုန္က်စရိတ္အလိုက္ ထိေရာက္မႈရွိမယ့္ ေျဖရွင္းနည္းစနစ္ေတြ စတဲ့အရာေတြမွာ လက္ခံအသုံးျပဳလာမယ္လို႔ လဲ ယူဆထားပါတယ္” ဟု ေျပာၾကားသည္။

[Unicode]

Microsoft မှ မြန်မာနည်းပညာပညာရှင်များအတွက် ‘Open Source on Azure Day’ ကို ကျင်းပ

Microsoft Azure အနေဖြင့် Linux ကို ပြီးပြည့်စုံစွာ အထောက်အပံ့ ပေးနိုင်ပြီဖြစ်ပြီး ကုမ္ပဏီနှင့် လုပ်ငန်းလည်ပတ်မှု အမျိုးမျိုးအတွက် ဒီဇိုင်းဆွဲ ဖန်တီးထားခြင်းဖြစ်ပါသည်။

Microsoft မှ မြန်မာနိုင်ငံရှိ အိုင်တီနည်းပညာရှင်ပေါင်း ၁၀၀ ကျော်ကို ဖိတ်ခေါ်၍ ‘Open Source on Azure Day’ ကို ယခုတစ်ပတ် အင်္ဂါနေ့တွင် ရန်ကုန်မြို့ရှိ Pullman Centrepoint Hotel ၌ ကျင်းပခဲ့ပြီး မြန်မာကုမ္ပဏီ များအနေဖြင့် ၎င်းတို့၏ မည်သည့် Operating စနစ်တွင်မဆို တွက်ချက်အသုံးပြုနိုင်မည့် မျိုးဆက်သစ်ကွန်ပျူတာစနစ်တို့ကို Microsoft Azure တွင် အသုံးပြုဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အသိပညာမျှဝေခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

Azure မှာ Microsoft ၏ အကန့်အသတ်မရှိဘဲ လိုက်လျောညီထွေစွာဖြင့် စွယ်စုံအသုံးပြုနိုင်သည့် အဖွဲ့အစည်းအဆင့်သုံး cloud စနစ်တစ်ခု ဖြစ်သည်။ ကမ္ဘာတစ်လွှားမှ ကုမ္ပဏီများမှာ ၎င်းတို့၏ အဖွဲ့အစည်းအဆင့် တွက်ချက်မှုစနစ်များကို Azure တွင်တင်၍ အသုံးပြုလျက် ရှိကြသည်။ အချို့သော အခြေအနေများတွင် Azure ကို ကုန်ကျစရိတ်များသော လုပ်ငန်းခွင်သုံး ဆာဗာများနှင့် သိုလှောင်စနစ်များနေရာတွင် အစားထိုး အသုံးပြုနိုင်မည်လည်း ဖြစ်သည်။ Azure သည် ကမ္ဘာတစ်လွှားမှ ကုမ္ပဏီများတွင် လိုအပ်နေသည့် အလိုအလျောက်တွက်ချက်မှုလုပ်ငန်း အများအပြားကို လက်ခံတွက်ချက်နိုင်သည်အထိ စွယ်စုံရပြီး ရိုးရှင်းသော မိနစ်အလိုက် ငွေကောက်ခံမှုကြောင့် အသုံးပြုသူများအနေဖြင့် ၎င်းတို့သုံးမည့်ပမာဏကို ကြိုတင်ချိန်ဆနိုင်မည်ဖြစ်ကာ လိုအပ်သလို တိုးချဲ့ ခြင်း၊ လျော့ချခြင်းများ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ Azure သည် ဆော့ဖ်ဝဲလ်များ အဆင့်မြှင့်တင်ခြင်း (Update) နှင့် ဟာ့ဒ်ဝဲလ်များအား အစားထိုးခြင်းတို့ကို တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်သောကြောင့် မြန်မာကုမ္ပဏီများ အနေဖြင့် ၎င်းတို့၏စနစ်များကို ပိုမိုလျင်မြန်စွာနှင့် လွယ်ကူစွာ အာရုံစိုက် ဖန်တီးစေနိုင်မည် ဖြစ်သည်။ ထို့ကြောင့် အချိန်ကုန်၊ ငွေကုန် သက်သာစေမည့်အပြင် ကိုယ်ပိုင်ဆာဗာများ၌ ထားရှိခြင်းထက် ပိုမိုလုံခြုံစိတ်ချရမည်လည်း ဖြစ်သည်။

ပွဲသို့တက်ရောက်လာသူများအနေဖြင့် Microsoft နှင့် Red Hat တို့ ပူးတွဲဖန်တီးဆောင်ရွက်ထားသည့် First-Party ဝန်ဆောင်မှု စနစ်ကို အပြည့်အဝထောက်ပံ့ပေးနိုင်မည့် Azure Red Hat OpenShift ကို လေ့လာခွင့်ရရှိခဲ့ကြပြီး အဆိုပါဝန်ဆောင်မှုမှာ open source technologies ပေါ်တွင် အခြေခံထားသည့် Microsoft နှင့် Red Hat တို့၏ ပူးပေါင်းဖန်တီးရေးဆွဲ ထုတ်လုပ်ထောက်ပံ့ တစ်ခုလည်းဖြစ်သည်။ Azure ပေါ်တွင် Openshift အနေဖြင့် အတူတကွပူးပေါင်းမှုအရ သီးခြားလုပ်ငန်းပတ်ဝန်းကျင် ဖန်တီးခြင်း (containerization)၊ ဒေတာဘေ့စ် ဝန်ဆောင်မှု (managed instances) နှင့် cloud မှ အလိုအလျောက် ဆောင်ရွက်မှု သဘောတရားများကို ပေါင်းစပ်ခြင်းဖြင့် ဆော့ဖ်ဝဲလ်ရေးဆွဲသူများအတွက် ရှုပ်ထွေးသော အလွှာအမျိုးမျိုးကို ဖယ်ရှားပေးမည် ဖြစ်သည်။ ထို့ကြောင့် စနစ်လည်ပတ်မှုအား ထိန်းသိမ်းရန် အချိန်ကုန်သက်သာသွားမည်ဖြစ်ကာ မြန်မာ့ ကုမ္ပဏီများကို အနာဂတ်သို့ တွန်းပို့ပေးနိုင်မည့် နည်းပညာ/စနစ်သစ်များ ဖန်တီးရန်အတွက် ပိုမိုအချိန်ယူ အားထုတ်နိုင်မည် ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ဒီကနေ့မှာ မြန်မာနိုင်ငံက အိုင်တီနည်းပညာပညာရှင်တွေနဲ့ တွေ့ဆုံခွင့်ရတာ အထူးပဲ ဝမ်းသာပျော်ရွှင်မိ ပါတယ်” ဟု အရှေ့တောင်အာရှ ဈေးကွက်သစ်များဌာန၊ Cloud & AI ၏ စီးပွားရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင်ဖြစ်သူ Sanjay Satheesh မှ ပြောကြားသည်။ “ လက်တလောမှာ တိုးတက်မှုအများအပြားရှိလာတဲ့ cloud computing နဲ့ အလိုအလျောက် ဆောင်ရွက်မှုတွေဖြစ်တဲ့ automation စတဲ့ ကဏ္ဍတွေအတွက် မြန်မာနိုင်ငံက ရယူအသုံးချနိုင်ဖို့ နေရာကောင်းမှာရှိနေတယ် လို့ ဆိုနိုင်ပါတယ်။ မြန်မာကုမ္ပဏီတွေ ခေတ်နဲ့အညီ ရင်ဘောင်တန်းလာနိုင်ပြီး ကြီးထွားလာကြတာနဲ့အမျှ Azure လို Cloud နည်းပညာတွေကို သူတို့ရဲ့ လုပ်ငန်းဆိုင်ရာ တစ်မူထူးခြားတဲ့စိန်ခေါ်မှုတွေအတွက် လိုက်လျောညီထွေရှိပြီး စွမ်းဆောင်ရည် လဲမြင့်မားသလို ကုန်ကျစရိတ်အလိုက် ထိရောက်မှုရှိမယ့် ဖြေရှင်းနည်းစနစ်တွေ စတဲ့အရာတွေမှာ လက်ခံအသုံးပြုလာမယ်လို့ လဲ ယူဆထားပါတယ်” ဟု ပြောကြားသည်။