[Zawgyi]

Windows ကြန္ပ်ဴတာနဲ႔ Android ဖုန္းအသုံးျပဳသူအေတာ္မ်ားမ်ားဟာ Android Apps ေတြကို သူတို႔ရဲ႕ PC မွာ သုံးခ်င္ၾကတာပဲ ျဖစ္ပါတယ္။ ဒီလို သုံးလို႔မရႏိုင္ေတာ့ဘူးလားဆိုတဲ့ ေမးခြန္းကို Microsoft က အေျဖေပးဖို႔ ႀကိဳးစားေနတာေတာ့ အခ်ိန္အေတာ္ၾကာခဲ့ၿပီ ျဖစ္ပါတယ္။

အခုေတာ့ Microsoft ရဲ႕ ႀကိဳးပမ္းမႈေတြဟာ ၿပီးျပည့္စုံလုနီးပါး ျဖစ္လာၿပီလို႔ ဆိုရမွာပါ။ Phone app ကို ကြန္ပ်ဴတာမ်က္ႏွာျပင္ေပၚမွာ တိုက္႐ိုက္ေပၚေနေအာင္ သ႐ုပ္ျပခဲ့တုန္းက အလုံးစုံၿပီးစီးသြားၿပီလို႔ ထင္ခဲ့ရေပပမယ့္ ကန႔္သတ္ခ်က္ေတြနဲ႔သာ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ထပ္ အခ်ိန္အနည္းငယ္ေစာင့္ဆိုင္းၿပီးသြားရင္ေတာ့ အကန႔္အသတ္မရွိဘဲ သုံးလို႔ရႏိုင္မယ္လို႔ ယူဆရပါတယ္။

လက္ရွိအခ်ိန္မွာလည္း Windows 10 ေတြမွာ Your Phone App ကို ေထာက္ပံ့ေပးထားၿပီး ဒီ App ဟာ Android မွာရွိတဲ့ ဓါတ္ပုံနဲ႔ SMS တို႔လို Content အခ်ိဳ႕ကို PC နဲ႔ Sync ျပဳလုပ္ေပးမွာ ျဖစ္ပါတယ္။ Feature သစ္ကေတာ့ Android ဖုန္းရဲ႕ မ်က္ႏွာျပင္ကို PC ေပၚမွာ ျမင္ေတြ႕ႏိုင္ေအာင္လို႔ တိုက္႐ိုက္ Mirroring ျပဳလုပ္ေပးေတာ့မွာပါ။ Install လုပ္ထားတဲ့ App စာရင္းကို PC ေပၚမွာ ေဖာ္ျပေပးမွာျဖစ္ၿပီး Click ႏွိပ္ၿပီး ဖြင့္လို႔ရေအာင္ ေထာက္ပံ့ေပးတာလည္း ျဖစ္ပါတယ္။

ဒီ Android mirroring ဟာ ၿပီးခဲ့တဲ့ရက္တုန္းက Windows Insider program အဖြဲ႕ဝင္ေတြအတြက္ ထုတ္လႊတ္ေပးခဲ့တယ္လို႔ သိရပါတယ္။ ဒီအတြက္ Windows 10 ေနာက္ဆုံး Test build ရွိဖို႔လိုအပ္ပါတယ္။ ဒါေပမယ့္ စမ္းသပ္အသုံးျပဳႏိုင္မယ့္ ခြင့္ျပဳစာရင္းကလည္း ေျပာင္းလဲေနသလို လက္ရွိအခ်ိန္မွာ တြဲဖက္စမ္းသပ္ႏိုင္တဲ့ Android ဖုန္းအေနနဲ႔ Galaxy S8/8+ ဒါမွမဟုတ္ S9/9+ စတာေတြနဲ႔သာ Screen mirroring ျပဳလုပ္ႏိုင္ေသးေၾကာင္း သိရပါတယ္။ ဒီ Android Mirroring ကို ဘယ္အခ်ိန္မွာ လူတိုင္းသုံးစြဲႏိုင္မလဲဆိုတာကို Microsoft က အခုထိ မေၾကညာေသးဘဲ တိတ္ဆိတ္ေနတုန္း ျဖစ္ပါတယ္။

Ref: Android Police

[Unicode]

Windows 10 မှာ Android Mirroring စမ်းသပ်နေတဲ့ Microsoft

Windows ကွန်ပျူတာနဲ့ Android ဖုန်းအသုံးပြုသူအတော်များများဟာ Android Apps တွေကို သူတို့ရဲ့ PC မှာ သုံးချင်ကြတာပဲ ဖြစ်ပါတယ်။ ဒီလို သုံးလို့မရနိုင်တော့ဘူးလားဆိုတဲ့ မေးခွန်းကို Microsoft က အဖြေပေးဖို့ ကြိုးစားနေတာတော့ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။

အခုတော့ Microsoft ရဲ့ ကြိုးပမ်းမှုတွေဟာ ပြီးပြည့်စုံလုနီးပါး ဖြစ်လာပြီလို့ ဆိုရမှာပါ။ Phone app ကို ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ တိုက်ရိုက်ပေါ်နေအောင် သရုပ်ပြခဲ့တုန်းက အလုံးစုံပြီးစီးသွားပြီလို့ ထင်ခဲ့ရပေပမယ့် ကန့်သတ်ချက်တွေနဲ့သာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် အချိန်အနည်းငယ်စောင့်ဆိုင်းပြီးသွားရင်တော့ အကန့်အသတ်မရှိဘဲ သုံးလို့ရနိုင်မယ်လို့ ယူဆရပါတယ်။

လက်ရှိအချိန်မှာလည်း Windows 10 တွေမှာ Your Phone App ကို ထောက်ပံ့ပေးထားပြီး ဒီ App ဟာ Android မှာရှိတဲ့ ဓါတ်ပုံနဲ့ SMS တို့လို Content အချို့ကို PC နဲ့ Sync ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ Feature သစ်ကတော့ Android ဖုန်းရဲ့ မျက်နှာပြင်ကို PC ပေါ်မှာ မြင်တွေ့နိုင်အောင်လို့ တိုက်ရိုက် Mirroring ပြုလုပ်ပေးတော့မှာပါ။ Install လုပ်ထားတဲ့ App စာရင်းကို PC ပေါ်မှာ ဖော်ပြပေးမှာဖြစ်ပြီး Click နှိပ်ပြီး ဖွင့်လို့ရအောင် ထောက်ပံ့ပေးတာလည်း ဖြစ်ပါတယ်။

ဒီ Android mirroring ဟာ ပြီးခဲ့တဲ့ရက်တုန်းက Windows Insider program အဖွဲ့ဝင်တွေအတွက် ထုတ်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီအတွက် Windows 10 နောက်ဆုံး Test build ရှိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် စမ်းသပ်အသုံးပြုနိုင်မယ့် ခွင့်ပြုစာရင်းကလည်း ပြောင်းလဲနေသလို လက်ရှိအချိန်မှာ တွဲဖက်စမ်းသပ်နိုင်တဲ့ Android ဖုန်းအနေနဲ့ Galaxy S8/8+ ဒါမှမဟုတ် S9/9+ စတာတွေနဲ့သာ Screen mirroring ပြုလုပ်နိုင်သေးကြောင်း သိရပါတယ်။ ဒီ Android Mirroring ကို ဘယ်အချိန်မှာ လူတိုင်းသုံးစွဲနိုင်မလဲဆိုတာကို Microsoft က အခုထိ မကြေညာသေးဘဲ တိတ်ဆိတ်နေတုန်း ဖြစ်ပါတယ်။

Ref: Android Police