[Zawgyi]

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလတုန္းကျပဳလုပ္ခဲ့တဲ့ Android Developer Summit မွာ Google က Dark Mode အေၾကာင္းကို အက်ယ္တဝင့္ ေဆြးေႏြးသြားခဲ့ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ Android ေရာ iOS ပါ Dark Mode ေတြဘက္ကို အေလးထားၿပီးေဆာင္႐ြက္လာၾကတာကို ေတြ႕ရပါတယ္။

Apple က iOS 13 ထုတ္ေပးၿပီးသြားရင္ Microsoft ကလည္း သူ႔ရဲ႕ Apps ေတြမွာ Dark Mode ေတြသုံးႏိုင္ေအာင္ ျပဳလုပ္ေပးမယ္လို႔ ကတိေပးခဲ့ဖူးပါတယ္။ အခု Apple က Dark Mode ကို iPhone ေတြအားလုံးနဲ႔ အဆင္ေျပေျပသုံးႏိုင္ေအာင္လို႔ က်ယ္က်ယ္ျပန႔္ျပန႔္ ျပဳလုပ္ေပးလိုက္ပါၿပီ။ ဒါေၾကာင့္ Microsoft ကလည္း iOS မွာ One Drive အသုံးျပဳသူေတြအေနနဲ႔ Dark Mode ရရွိႏိုင္မယ္လို႔ အတည္ျပဳေပးလိုက္ၿပီ ျဖစ္ပါတယ္။

Microsoft ဟာ သူ႔ရဲ႕ Office Apps ေတြအားလုံးကို Dark Mode အသုံးျပဳႏိုင္ဖို႔ စီစဥ္ထားတာျဖစ္ၿပီး OneDrive ကလည္း မ်ားလွစြာတဲ့ သူ႔ရဲ႕အစီအစဥ္ေတြထဲက တစ္ခု ျဖစ္ပါတယ္။ Redmond-based ကုမၸဏီဟာ အေရးပါတဲ့ အျမင္ပိုင္းဆိုင္ရာ ေျပာင္းလဲမႈေတြနဲ႔အတူ သူ႔ရဲ႕ App ေတြကို အဆင့္ျမႇင့္တင္ဖို႔ လုပ္ေနတာျဖစ္ၿပီး ဒီထဲမွာ ျပည့္စုံတဲ့ Dark theme လည္း ပါဝင္ေနပါတယ္။

Office Suite တစ္ခုလုံးဟာ တူညီတဲ့အေရာင္နဲ႔ တူညီတဲ့ Dark Mode ကို ရရွိမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒီ App ေတြကို Dark Mode နဲ႔ အသုံးျပဳေနစဥ္အခ်ိန္အတြင္းမွာ အျမင္အာ႐ုံထိခိုက္မႈကို ေလွ်ာ့ခ်ေပးႏိုင္သလို ဘက္ထရီသုံးစြဲမႈကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ Word, Excel နဲ႔ PowerPoint သုံးခုကေတာ့ သိပ္မၾကာခင္ရက္ပိုင္းအတြင္းမွာ Dark Theme ရရွိေတာ့မယ္လို႔ သိရပါတယ္။

Ref: Phone Arena

[Unicode]

iOS အတွက် OneDrive မှာ Dark Mode ထုတ်ပေးလိုက်ပြီဖြစ်တဲ့ Microsoft

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတုန်းကပြုလုပ်ခဲ့တဲ့ Android Developer Summit မှာ Google က Dark Mode အကြောင်းကို အကျယ်တဝင့် ဆွေးနွေးသွားခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ Android ရော iOS ပါ Dark Mode တွေဘက်ကို အလေးထားပြီးဆောင်ရွက်လာကြတာကို တွေ့ရပါတယ်။

Apple က iOS 13 ထုတ်ပေးပြီးသွားရင် Microsoft ကလည်း သူ့ရဲ့ Apps တွေမှာ Dark Mode တွေသုံးနိုင်အောင် ပြုလုပ်ပေးမယ်လို့ ကတိပေးခဲ့ဖူးပါတယ်။ အခု Apple က Dark Mode ကို iPhone တွေအားလုံးနဲ့ အဆင်ပြေပြေသုံးနိုင်အောင်လို့ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပေးလိုက်ပါပြီ။ ဒါကြောင့် Microsoft ကလည်း iOS မှာ One Drive အသုံးပြုသူတွေအနေနဲ့ Dark Mode ရရှိနိုင်မယ်လို့ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

Microsoft ဟာ သူ့ရဲ့ Office Apps တွေအားလုံးကို Dark Mode အသုံးပြုနိုင်ဖို့ စီစဉ်ထားတာဖြစ်ပြီး OneDrive ကလည်း များလှစွာတဲ့ သူ့ရဲ့အစီအစဉ်တွေထဲက တစ်ခု ဖြစ်ပါတယ်။ Redmond-based ကုမ္ပဏီဟာ အရေးပါတဲ့ အမြင်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့အတူ သူ့ရဲ့ App တွေကို အဆင့်မြှင့်တင်ဖို့ လုပ်နေတာဖြစ်ပြီး ဒီထဲမှာ ပြည့်စုံတဲ့ Dark theme လည်း ပါဝင်နေပါတယ်။

Office Suite တစ်ခုလုံးဟာ တူညီတဲ့အရောင်နဲ့ တူညီတဲ့ Dark Mode ကို ရရှိမယ်လို့ မျှော်လင့်ရပါတယ်။ ဒီ App တွေကို Dark Mode နဲ့ အသုံးပြုနေစဉ်အချိန်အတွင်းမှာ အမြင်အာရုံထိခိုက်မှုကို လျှော့ချပေးနိုင်သလို ဘက်ထရီသုံးစွဲမှုကိုလည်း လျှော့ချပေးနိုင်တော့မှာ ဖြစ်ပါတယ်။ Word, Excel နဲ့ PowerPoint သုံးခုကတော့ သိပ်မကြာခင်ရက်ပိုင်းအတွင်းမှာ Dark Theme ရရှိတော့မယ်လို့ သိရပါတယ်။

Ref: Phone Arena