[Zawgyi]

USB Flash Drive ေတြကို ကြန္ပ်ဴတာနဲ႔ခ်ိတ္ဆက္ၿပီး ဖိုင္ေတြ၊ ေဒတာေတြ အကူးအေျပာင္းလုပ္ၿပီးခ်ိန္မွာSafely Remove ျပဳလုပ္ၿပီးမွ ျဖဳတ္ရေလ့ရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Safely Remove မလုပ္ရင္ အခ်ိဳ႕ဖိုင္ေတြ၊ ေဒတာေတြက ပ်က္သြားတတ္လို႔ပါပဲ။

တစ္ခါတစ္ရံမွာလည္း Safely Remove မလုပ္ဘဲ ျဖဳတ္မိတဲ့အခ်ိန္မွာ ေဒတာမပ်က္ေပမယ့္ မေတာ္တဆ ဓါတ္လိုက္တာမ်ိဳး ျဖစ္တတ္ပါတယ္။ Safely Remove လုပ္လိုက္မွသာ ကြန္ပ်ဴတာက USB Flash Drive နဲ႔ ခ်ိတ္ဆက္ထားမႈကို လုံးဝ ျဖတ္ေတာက္လိုက္တာ ျဖစ္တဲ့အတြက္ အျပန္အလွန္စီးဆင္းေနတဲ့ ေဒတာေတြသာမက၊ လွ်ပ္စီးဓာတ္ေတြပါ ရပ္တန႔္သြားတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္က Microsoft ရဲ႕ Support Guidance ကတစ္ဆင့္ ေဖာ္ျပခဲ့တဲ့ သတင္းတစ္ခုမွာ အသုံးျပဳသူေတြအေနနဲ႔ Safely Remove လုပ္စရာ မလိုေတာ့ဘူးလို႔ ေတြ႕ရွိခဲ့ရပါတယ္။ အေၾကာင္းရင္းက Update သစ္မွာ “Quick removal” feature ကို ထည့္သြင္းေပးလိုက္တာေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။ ဒီ Feature ဟာ Windows 10 Version 1809 latest Update မွာ ပါဝင္လာမယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္အထိေတာ့ “Safely Remove Hardware and Eject Media” feature ကို ေတြ႕ျမင္ေနရဦးမွာပါ။ ဒါေပမယ့္ Windows 10 Version 1809 latest Update သုံးေနရင္ Safely Remove မလုပ္လည္း စိတ္ခ်လက္ခ် ျဖဳတ္လိုက္လို႔ ရတယ္လို႔ ဆိုရမွာပါ။ ဒါေပမယ့္ ေဒတာေတြ၊ ဖိုင္ေတြ ကူးေနရင္းတန္းလန္းမွာ ဆြဲျဖဳတ္ရင္ေတာ့ Safe မျဖစ္ဘူးလို႔ ယူဆရပါတယ္။

Ref: The Verge

[Unicode]

USB Flash Drive တွေဖြုတ်ရင် Safely Remove လုပ်စရာမလိုတော့ဘူးလို့ Microsoft အတည်ပြု

USB Flash Drive တွေကို ကွန်ပျူတာနဲ့ချိတ်ဆက်ပြီး ဖိုင်တွေ၊ ဒေတာတွေ အကူးအပြောင်းလုပ်ပြီးချိန်မှာSafely Remove ပြုလုပ်ပြီးမှ ဖြုတ်ရလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ Safely Remove မလုပ်ရင် အချို့ဖိုင်တွေ၊ ဒေတာတွေက ပျက်သွားတတ်လို့ပါပဲ။

တစ်ခါတစ်ရံမှာလည်း Safely Remove မလုပ်ဘဲ ဖြုတ်မိတဲ့အချိန်မှာ ဒေတာမပျက်ပေမယ့် မတော်တဆ ဓါတ်လိုက်တာမျိုး ဖြစ်တတ်ပါတယ်။ Safely Remove လုပ်လိုက်မှသာ ကွန်ပျူတာက USB Flash Drive နဲ့ ချိတ်ဆက်ထားမှုကို လုံးဝ ဖြတ်တောက်လိုက်တာ ဖြစ်တဲ့အတွက် အပြန်အလှန်စီးဆင်းနေတဲ့ ဒေတာတွေသာမက၊ လျှပ်စီးဓာတ်တွေပါ ရပ်တန့်သွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်က Microsoft ရဲ့ Support Guidance ကတစ်ဆင့် ဖော်ပြခဲ့တဲ့ သတင်းတစ်ခုမှာ အသုံးပြုသူတွေအနေနဲ့ Safely Remove လုပ်စရာ မလိုတော့ဘူးလို့ တွေ့ရှိခဲ့ရပါတယ်။ အကြောင်းရင်းက Update သစ်မှာ “Quick removal” feature ကို ထည့်သွင်းပေးလိုက်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒီ Feature ဟာ Windows 10 Version 1809 latest Update မှာ ပါဝင်လာမယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိတော့ “Safely Remove Hardware and Eject Media” feature ကို တွေ့မြင်နေရဦးမှာပါ။ ဒါပေမယ့် Windows 10 Version 1809 latest Update သုံးနေရင် Safely Remove မလုပ်လည်း စိတ်ချလက်ချ ဖြုတ်လိုက်လို့ ရတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် ဒေတာတွေ၊ ဖိုင်တွေ ကူးနေရင်းတန်းလန်းမှာ ဆွဲဖြုတ်ရင်တော့ Safe မဖြစ်ဘူးလို့ ယူဆရပါတယ်။

Ref: The Verge