[Zawgyi]

Samsung ရဲ႕ Galaxy Fold ဟာ မ်က္ႏွာျပင္ဆိုင္ရာနဲ႔ ပတၱာပိုင္းဆိုင္ရာ ျပႆနာေတြကို ႀကဳံေတြ႕ခဲ့ရၿပီးတဲ့ေနာက္ ျပန္လည္ျပဳျပင္မႈေတြနဲ႔အတူ ေဈးကြက္ထဲကို ပို႔ေဆာင္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း က်န္တဲ့ ကုမၸဏီေတြကေတာ့ Foldable ဖုန္းေတြနဲ႔ ပတ္သက္ၿပီး ပိုေကာင္းမြန္တဲ့ ႀကံ့ခိုင္မႈအတြက္ အာ႐ုံစိုက္လာၾကပါေတာ့တယ္။

Foldable စမတ္ဖုန္းကို ထုတ္လုပ္ေရာင္းခ်မယ္လို႔ သတင္းထြက္ေနတဲ့ ကုမၸဏီေတြထဲမွာ Microsoft လည္း အပါအဝင္ ျဖစ္ပါတယ္။ Microsoft ကေန ထုတ္လာဖြယ္ရွိတဲ့ Foldable device ေတြနဲ႔ပတ္သက္တဲ့ ခန႔္မွန္းပုံရိပ္ေတြ အေတာ္မ်ားမ်ားလည္း ထြက္ခဲ့ၿပီးပါၿပီ။ ဒါေပမယ့္ Microsoft ဟာ Foldable မ်က္ႏွာျပင္အတြက္ ဘယ္ေလာက္ထိ ျပင္ဆင္ေနလဲဆိုတာကေတာ့ ဘယ္သူမွ မသိႏိုင္ပါဘူး။

Microsoft ရဲ႕ မူပိုင္ခြင့္ ဒီဇိုင္းသစ္က ကုမၸဏီရဲ႕ Foldable device နဲ႔ပတ္သက္ၿပီး ပိုအၾကမ္းခံႏိုင္ေအာင္ လုပ္ေဆာင္မႈအေၾကာင္း ေဖာ္ျပေနသလိုပါပဲ။ Liquid-fortified ပတၱာဟာ သာမန္ထက္ပိုအၾကမ္းခံႏိုင္တဲ့အတြက္ ေရရွည္သင့္ေတာ္တယ္လို႔ Microsoft က ယူဆထားပုံရပါတယ္။ လြတ္ေနတဲ့ေနရာေတြကို အရည္တစ္မ်ိဳးျဖည့္လိုက္ျခင္းအားျဖင့္ ပတၱာရဲ႕ မ်က္ႏွာျပင္အေပၚဖိအားကို သက္သာေစတယ္လို႔ ဆိုႏိုင္ပါတယ္။

ဒီလိုမ်ိဳး အရည္ျဖည့္သြင္းျခင္းအားျဖင့္ မ်က္ႏွာျပင္အေပၚဖိအား ေလ်ာ့က်သြားေစျခင္းအျပင္ ဖုန္၊သဲေတြနဲ႔ အျခားအပ်က္အစီးအပိုင္းအစေတြေၾကာင့္ မ်က္ႏွာျပင္ကိုထိခိုက္ေစျခင္းကေနလည္း ကာကြယ္ႏိုင္မယ္လို႔ ဆိုပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ Microsoft ရဲ႕ မူပိုင္ခြင့္ ပုံေတြကိုသာ ေတြ႕ျမင္ေနရေသးတာျဖစ္ၿပီး ထြက္လာမယ့္ Foldable device ရဲ႕ Final Render ကိုလည္း ေတြ႕ျမင္ရျခင္းမရွိေသးတာ ျဖစ္ပါတယ္။

Ref: Android Authority

[Unicode]

Foldable မျက်နှာပြင်ကို ပိုပြီးကြံ့ခိုင်အောင် နည်းလမ်းရှာနေတဲ့ Microsoft

Samsung ရဲ့ Galaxy Fold ဟာ မျက်နှာပြင်ဆိုင်ရာနဲ့ ပတ္တာပိုင်းဆိုင်ရာ ပြဿနာတွေကို ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ပြန်လည်ပြုပြင်မှုတွေနဲ့အတူ ဈေးကွက်ထဲကို ပို့ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျန်တဲ့ ကုမ္ပဏီတွေကတော့ Foldable ဖုန်းတွေနဲ့ ပတ်သက်ပြီး ပိုကောင်းမွန်တဲ့ ကြံ့ခိုင်မှုအတွက် အာရုံစိုက်လာကြပါတော့တယ်။

Foldable စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေတဲ့ ကုမ္ပဏီတွေထဲမှာ Microsoft လည်း အပါအဝင် ဖြစ်ပါတယ်။ Microsoft ကနေ ထုတ်လာဖွယ်ရှိတဲ့ Foldable device တွေနဲ့ပတ်သက်တဲ့ ခန့်မှန်းပုံရိပ်တွေ အတော်များများလည်း ထွက်ခဲ့ပြီးပါပြီ။ ဒါပေမယ့် Microsoft ဟာ Foldable မျက်နှာပြင်အတွက် ဘယ်လောက်ထိ ပြင်ဆင်နေလဲဆိုတာကတော့ ဘယ်သူမှ မသိနိုင်ပါဘူး။

Microsoft ရဲ့ မူပိုင်ခွင့် ဒီဇိုင်းသစ်က ကုမ္ပဏီရဲ့ Foldable device နဲ့ပတ်သက်ပြီး ပိုအကြမ်းခံနိုင်အောင် လုပ်ဆောင်မှုအကြောင်း ဖော်ပြနေသလိုပါပဲ။ Liquid-fortified ပတ္တာဟာ သာမန်ထက်ပိုအကြမ်းခံနိုင်တဲ့အတွက် ရေရှည်သင့်တော်တယ်လို့ Microsoft က ယူဆထားပုံရပါတယ်။ လွတ်နေတဲ့နေရာတွေကို အရည်တစ်မျိုးဖြည့်လိုက်ခြင်းအားဖြင့် ပတ္တာရဲ့ မျက်နှာပြင်အပေါ်ဖိအားကို သက်သာစေတယ်လို့ ဆိုနိုင်ပါတယ်။

ဒီလိုမျိုး အရည်ဖြည့်သွင်းခြင်းအားဖြင့် မျက်နှာပြင်အပေါ်ဖိအား လျော့ကျသွားစေခြင်းအပြင် ဖုန်၊သဲတွေနဲ့ အခြားအပျက်အစီးအပိုင်းအစတွေကြောင့် မျက်နှာပြင်ကိုထိခိုက်စေခြင်းကနေလည်း ကာကွယ်နိုင်မယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ Microsoft ရဲ့ မူပိုင်ခွင့် ပုံတွေကိုသာ တွေ့မြင်နေရသေးတာဖြစ်ပြီး ထွက်လာမယ့် Foldable device ရဲ့ Final Render ကိုလည်း တွေ့မြင်ရခြင်းမရှိသေးတာ ဖြစ်ပါတယ်။

Ref: Android Authority