ဖုန်း ကုမ္ပဏီတွေက သူတို့ရဲ့ စမတ်ဖုန်းတွေမှာ Virus , Malware ကာကွယ်ပေးတဲ့ လုံခြုံရေး စနစ်တွေ ထည့်သွင်းပေးထားကြသလို  Android Device တွေအတွက် Anti Virus နဲ့ Anti Malware App များစွာလည်း ဖန်တီးထားကြပါတယ်။ ဆော့ဖ်ဝဲ ဂုရုကြီး Microsoft ဟာ Defender အမည်ရ Anti Virus / Anti Malware Software ကို Linux နဲ့ Android အတွက် ဖြန့်ချိမယ်ဆိုတဲ့ သတင်းတွေ ဖေဖော်ဝါရီလ ကတည်းက ထွက်လာခဲ့တာ ဖြစ်ပါတယ်။

အခုတော့ အဲဒီ App ကို Preview အနေနဲ့ Google Play Store မှာ တင်လိုက်ပြီ ဖြစ်ပြီး Microsoft 365 E5 လိုင်စင် ဝယ်ထားတဲ့ သူတွေပဲ အသုံးပြုလို့ရပါသေးတယ်။ Google Play Store မှာ “ Microsoft Defender Advanced Threat Protection (ATP) ဟာ စမတ်ဖုန်း သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေကို ခိုးယူဖို့ ကြိုးစားနေတဲ့ ဝက်ဘ်ဆိုက်တွေနဲ့ Malicious Apps တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ စီးပွားရေး လုပ်ငန်းထဲမှာ ဆိုင်ဘာ လုံခြုံရေးနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးတာနဲ့ ကာကွယ်တာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ “ လို့ရေးသားထားပါတယ်။

Google Play Protect လိုပဲ Microsoft Defender ဟာ အင်စတောလုပ်တဲ့ APKs တွေကို စုံစမ်းစစ်ဆေးနိုင်တဲ့ အပြင် Defender မှာ Web Filter ထည့်သွင်းပေးထားပါတယ်။ Android မှာ Web Filter ဘယ်လို အလုပ်လုပ်သလဲဆိုတာ မသိရသေးပါဘူး။ ဖြစ်နိုင်တာက Defender ဟာ Custom DNS or VPN ကို အသုံးပြုထားတာပါ။ Microsoft Defender ကို အောက်က လင့်ကနေ Google Play Store မှာ ရယူနိုင်ပါတယ်။

Download

Microsoft Defender

Ref : androidpolice