Zawgyi

Microsoft ရဲ႕ Windows 8 မွာ စတင္ပါဝင္လာခဲ့တဲ့ Microsoft Edge Browser ဟာ ပုံမွန္အားျဖင့္ လူသုံးအနည္းဆုံး Web Browser တစ္ခုလို႔ေတာင္ ေျပာလို႔ရပါတယ္၊ ဒါေပမယ့္ ၿပီးခဲ့တဲ့ လပိုင္းတုန္းက Google Chrome မွာ အသုံးျပဳေနတဲ့ Chromium Web Engine ကို ေျပာင္းလဲအသုံးျပဳေတာ့မယ္လို႔ ေၾကညာခဲ့ၿပီးေတာ့ Insider Preview ေတြကို စတင္ထုတ္ေပးေနခဲ့တာျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ Microsoft ကေန အဆိုပါ Chromium သုံးထားတဲ့ Microsoft Edge Chromium Browser ရဲ႕ တရားဝင္ Stable ထုတ္ေပးမယ့္အခ်ိန္ကို ေၾကညာလိုက္ၿပီျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Microsoft Edge Browser ရဲ႕ ႀကီးႀကီးမားမားေျပာင္းလဲမႈေတြနဲ႔ Logo အသစ္ကိုပါ မိတ္ဆက္သြားခဲ့တာပါ။

Microsoft ရဲ႕ Edge Chromium Browser အသစ္ဟာ လာမယ့္ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၁၅ ရက္ေန႔မွာ တရားဝင္ Download ျပဳလုပ္ႏိုင္မွာျဖစ္ၿပီးေတာ့ Windows 10 ၊ Windows 7 ၊ Windows 8 နဲ႔ macOS ေတြမွာ အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။ အခုလိုမ်ိဳး Stable Version ကို Download ရယူႏိုင္မယ့္အခ်ိန္က လနဲ႔ခ်ီၾကာဦးမွာျဖစ္ေပမယ့္ Microsoft ကေန Release Candidate Version ကို အခုအခ်ိန္စတင္ၿပီး Download ျပဳလုပ္ခြင့္ေပးေနတယ္လို႔လည္း သိရပါတယ္။

Microsoft Edge Chromium Browser အသစ္ဟာ Microsoft အတြက္ေတာ့ ႀကီးမားတဲ့ေျပာင္းလဲမႈတစ္ခုျဖစ္ၿပီးေတာ့ Chromium Engine ကို အသုံးျပဳထားတဲ့အတြက္ေၾကာင့္ Chrome Browser ရဲ႕ Plug-in ေတြ Extension ကို အသုံးျပဳႏိုင္မွာျဖစ္သလို Microsoft ရဲ႕ Built-in Tracking Protection လည္း ပါဝင္ဦးမွာျဖစ္ပါတယ္။

Microsoft ရဲ႕ ယခင္တုန္းက Internet Explorer နဲ႔ လုံးဝမတူညီေတာ့တဲ့ Edge Chromium Release Candidate Version ကို Edge Insider Website ကေန Download ရယူႏိုင္ပါၿပီ။

Ref – The Verge

Unicode

Microsoft ရဲ့ Windows 8 မှာ စတင်ပါဝင်လာခဲ့တဲ့ Microsoft Edge Browser ဟာ ပုံမှန်အားဖြင့် လူသုံးအနည်းဆုံး Web Browser တစ်ခုလို့တောင် ပြောလို့ရပါတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းတုန်းက Google Chrome မှာ အသုံးပြုနေတဲ့ Chromium Web Engine ကို ပြောင်းလဲအသုံးပြုတော့မယ်လို့ ကြေညာခဲ့ပြီးတော့ Insider Preview တွေကို စတင်ထုတ်ပေးနေခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Microsoft ကနေ အဆိုပါ Chromium သုံးထားတဲ့ Microsoft Edge Chromium Browser ရဲ့ တရားဝင် Stable ထုတ်ပေးမယ့်အချိန်ကို ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Microsoft Edge Browser ရဲ့ ကြီးကြီးမားမားပြောင်းလဲမှုတွေနဲ့ Logo အသစ်ကိုပါ မိတ်ဆက်သွားခဲ့တာပါ။

Microsoft ရဲ့ Edge Chromium Browser အသစ်ဟာ လာမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ တရားဝင် Download ပြုလုပ်နိုင်မှာဖြစ်ပြီးတော့ Windows 10 ၊ Windows 7 ၊ Windows 8 နဲ့ macOS တွေမှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အခုလိုမျိုး Stable Version ကို Download ရယူနိုင်မယ့်အချိန်က လနဲ့ချီကြာဦးမှာဖြစ်ပေမယ့် Microsoft ကနေ Release Candidate Version ကို အခုအချိန်စတင်ပြီး Download ပြုလုပ်ခွင့်ပေးနေတယ်လို့လည်း သိရပါတယ်။

Microsoft Edge Chromium Browser အသစ်ဟာ Microsoft အတွက်တော့ ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်ပြီးတော့ Chromium Engine ကို အသုံးပြုထားတဲ့အတွက်ကြောင့် Chrome Browser ရဲ့ Plug-in တွေ Extension ကို အသုံးပြုနိုင်မှာဖြစ်သလို Microsoft ရဲ့ Built-in Tracking Protection လည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

Microsoft ရဲ့ ယခင်တုန်းက Internet Explorer နဲ့ လုံးဝမတူညီတော့တဲ့ Edge Chromium Release Candidate Version ကို Edge Insider Website ကနေ Download ရယူနိုင်ပါပြီ။

Ref – The Verge