Microsoft ကနေ အခုအချိန်မှာ Edge Browser ကို Chromium Web Engine ပြောင်းလဲအပြီးမှာ သိသိသာသာကို အမြန်နှုန်းနဲ့ RAM စားသုံးမှုပိုင်းမှာ ပိုကောင်းမွန်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲက Microsoft ကနေ Edge Browser အတွက် Vertical Tab Bar ကို ထည့်သွင်းပေးမယ်လို့ ပြောကြားခဲ့ပါသေးတယ်။

အခုအချိန်မှာတော့ Edge Browser ရဲ့ Dev Channel မှာ အဆိုပါ Vertical Tab Layout Feature အသစ်ကို Preview အနေနဲ့ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ်လို့ Edge Dev Channel ကို ဝင်ရောက်ထားတယ်ဆိုရင် Settings – Appearance ကနေ တစ်ဆင့်ပြောင်းလဲနိုင်မှာပါ။

ဒီလိုမျိုး Vertical Tab Layout အသစ်က Website Icon တွေကိုပဲ ဘယ်ဘက်ထောင့်မှာ ဖော်ပြထားမှာဖြစ်ပြီး လက်ရှိ Tab Bar လိုမျိုး အပေါ်ဘက်မှာ နေရာရှုပ်နေမှာမဟုတ်တော့ပါဘူး။ အခုလိုမျိုး Vertical Layout ကြောင့် တကယ်လို့ Tabs တွေအများကြီးဖွင့်ပြီး အသုံးပြုတဲ့သူတွေအတွက်လည်း ပိုပြီးအသုံးဝင်လာမှာဖြစ်ပါတယ်။

Microsoft ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကမှ Windows 10 ရဲ့ Alt + Tab Feature ကို Microsoft Edge Tab တစ်ခုချင်းစီအတွက်ပါ အသုံးပြုနိုင်အောင် Update ပြုလုပ်ပေးခဲ့ပါသေးတယ်။ ဒါတင်မဟုတ်သေးဘဲ Website တွေကို စိတ်ကြိုက်သိမ်းဆည်းထားနိုင်တဲ့ Collection Feature ကိုလည်း Pinterest လိုမျိုးနဲ့ချိတ်ဆက်နိုင်ပြီလည်း ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Microsoft Edge Browser ဟာ Vivaldi လိုမျိုး Browser တွေလောက်တော့ Customized ပြုလုပ်နိုင်ခြင်းမရှိသေးပေမယ့်လည်း Google Chrome Browser ထက် သိသိသာသာကို Feature ပိုင်းအရရော၊ အမြန်နှုန်းအရရော ပိုသာနေပြီလို့တောင်ပြောနိုင်ပါတယ်။

Ref – XDA Developers