Microsoft ရဲ့ Edge Browser ဟာ Google Chromium Engine ကိုပြောင်းလဲပြီးနောက်ပိုင်းမှာ စွမ်းဆောင်ရည်ပိုင်း သိသိသာသာကောင်းမွန်လာပြီး အသုံးပြုသူတွေလည်း တဖြည်းဖြည်းများပြားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင် Microsoft Edge Browser ကို အသုံးပြုသူပေါင်း သန်း ၆၀၀ ပြည့်သွားပြီလည်းဖြစ်ပါတယ်။

Microsoft ကနေ Edge Browser အသုံးပြုသူတွေအတွက် အသုံးဝင်မယ့် Feature အသစ် ၂ ခုကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ Microsoft Edge Browser ကို PC နဲ့ Mobile ၂ မျိုးစလုံးမှာ အသုံးပြုနေတဲ့သူတွေအတွက် Cross-platform Sync ပြုလုပ်နိုင်တဲ့ Feature ပဲဖြစ်ပါတယ်။

ဒီလိုမျိုး Cross-platform Sync ပြုလုပ်တဲ့နေရာမှာလည်း Browsing History အပြင် Tabs တွေကိုပါ Sync ပြုလုပ်နိုင်လို့ သိရပါတယ်။ အဲ့ဒီအတွက် ဖုန်းမှာ အသုံးပြုနေတဲ့ Web Page တစ်ခုကို PC မှာ ချက်ချင်းပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါက အလုပ်လုပ်နေရတဲ့သူတွေအတွက်တော့ တော်တော်လေးကို အသုံးဝင်တဲ့ Feature တစ်ခုဖြစ်လာမှာပါ။

လောလောဆယ်မှာတော့ Microsoft ကနေ အဆိုပါ Feature ကို UK Region အတွက် အရင်ဆုံးထုတ်ပေးနေပြီးတော့ လာမယ့်ရက်ပိုင်းအတွင်းမှာ တခြားသော Region တွေအတွက် ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

ဒီလိုမျိုး Cross-platform Sync Feature ကို macOS ၊ Windows ၊ iOS နဲ့ Android တွေအကုန်လုံးမှာ အသုံးပြုနိုင်မှာဖြစ်ပြီး Settings – Profiles – Sync မှာ သွားရောက်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လောလောဆယ်မှာတော့ Server-side Update ဖြစ်တဲ့အတွက် ပြင်ဆင်နိုင်ဦးမှာမဟုတ်ပါဘူး။

Ref – GSM Arena