[Zawgyi]

ေခတ္မီနည္းပညာမ်ားျဖင့္ေဆာင္႐ြက္ေနသည့္ လုပ္ငန္းခြင္ေနရာမ်ားမွာ ဒစ္ဂ်စ္တယ္ေခတ္တြင္ မည္မွ် ဦးေဆာင္ ေအာင္ျမင္ေနေၾကာင္းကို စီးပြားေရးဦးေဆာင္သူမ်ားက ရွာေဖြေတြ႕ရွိႏိုင္မည္

Microsoft မွ တစ္ကမာၻလုံးတြင္က်င္းပလ်က္ရွိေသာ Global Microsoft Envision Event Series of 2019 ကို ယခုလ လာမည့္ရက္ပိုင္းအတြင္း ရန္ကုန္ၿမိဳ႕ရွိ Pullman Centrepoint ဟိုတယ္၌ ျမန္မာ ႏိုင္ငံစင္ျမင့္အတြက္ သယ္ေဆာင္က်င္းပလာေပးေတာ့မည္ျဖစ္ေၾကာင္း Microsoft Myanmar မွ ထုတ္ျပန္ေၾကညာလိုက္သည္။ ၃ ရက္တာက်င္းပမည့္ အဆိုပါပြဲတြင္ ျမန္မာႏိုင္ငံမွ အႀကီးတန္းစီးပြားေရးဆိုင္ရာအမႈေဆာင္အရာရွိမ်ားအေနႏွင့္ ကမာၻ႔စီးပြား ေရးေခါင္းေဆာင္မ်ား၏ အေတြးအျမင္မ်ားႏွင့္ ဆန္းသစ္တီထြင္လာသည့္ ယေန႔ေခတ္ကမာၻ၏ Digital Transformation အေၾကာင္းအရာမ်ားအေၾကာင္းကို သိရွိႏိုင္မည္လည္းျဖစ္သည္။ ထို႔အျပင္ လာမည့္တစ္ပတ္အတြင္း Microsoft မွ ၎၏ Partner မ်ားအတြက္စီစဥ္က်င္းပေပးသည့္ Inspire Myanmar Partner Forum ႏွင့္ ဆုခ်ီးျမႇင့္ပြဲအခမ္းအနားမ်ားကို လည္း တစ္ပါတည္း ထည့္သြင္းက်င္းပသြားမည္ျဖစ္သည္။

U Soe Thu

Microsoft ၏ ျမန္မာႏိုင္ငံအတြက္ Country Manager အသစ္ျဖစ္သူ ကိုစိုးသူေအာင္က မၾကာမီက်င္းပသြားမည့္ Myanmar Envision ပြဲသို႔ သုံးစြဲသူမ်ားႏွင့္ Partner မ်ားစြာ တက္ေရာက္ရန္ႏွင့္ ပြဲအတြင္း Microsoft ႏွင့္အတူ Partner မ်ား၊ သုံးစြဲသူမ်ား၏ ဒစ္ဂ်စ္တယ္ခရီးလမ္း ေလွ်ာက္လွမ္းမႈမ်ားတြင္ ေအာင္ျမင္မႈမ်ားစြာရရွိႏိုင္ေစရန္ ကူညီေဆာင္႐ြက္ေပးရန္ စိတ္အားထက္သန္ လ်က္ရွိေနပါသည္။ လာမည့္ပြဲအတြင္း ကိုစိုးသူေအာင္က Digital Transformation စြမ္းအားျဖင့္ လုပ္ငန္းေဆာင္႐ြက္ျခင္းျဖင့္ တိုးတက္လာႏိုင္မႈအေျခအေနကို ျပည္တြင္းမွ Partner မ်ားအတြက္ ရွင္းလင္းတင္ျပေပးသြားမည္လည္းျဖစ္သည္။ ထို႔အတူ Microsoft ၏ South East Asia New Markets အတြက္ General Manager ျဖစ္သူ Sook Hoon Cheah မွာလည္း ပြဲသို႔တက္ေရာက္သြားမည္ျဖစ္သည္။

Microsoft Myanmar ၏ Country Manager ျဖစ္သူ ကိုစိုးသူေအာင္က “ ေခတ္သစ္နည္းပညာေတြရဲ႕ စြမ္းအားကို လက္ခံၿပီး သုံးစြဲျခင္းက လုပ္ငန္းခြင္မွာ ဘယ္လိုမ်ိဳးအေျပာင္းအလဲေတြျဖစ္လာႏိုင္တယ္ဆိုတာကို ျပည္တြင္းက စီးပြားေရးဦးေဆာင္ သူေတြဆီကိုျပသေပးႏိုင္ေတာ့မွာျဖစ္လို႔ ကြၽန္ေတာ္တို႔အေနနဲ႔ အရမ္းကို စိတ္လႈပ္ရွားေနပါတယ္။ အခုက်င္းပမယ့္ Envision event tour က ျမန္မာႏိုင္ငံက ထိပ္သီးစီးပြားေရးဦးေဆာင္သူေတြအခ်င္းခ်င္းၾကားမွာ တကယ့္လက္ေတြ႕စီးပြားေရးအေျပာင္း အလဲေတြအတြက္ ဘယ္လိုမ်ိဳး ေျပာင္းလဲေဆာင္႐ြက္မႈေတြ လက္ေတြ႕လုပ္ေဆာင္ေနလဲဆိုတာကို ဖလွယ္ႏိုင္မွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ သုံးစြဲသူေတြ၊ မိတ္ဖက္ပါတနာေတြအတြက္ သူတို႔ရဲ႕ စီးပြားေရးလုပ္ငန္းေတြ ခ်ဲ႕ထြင္တဲ့ေနရာမွာ Microsoft က အသစ္သစ္ေတြ၊ ဆန္းသစ္တီထြင္မႈေတြနဲ႔ လုံၿခဳံစိတ္ခ်ရမႈရွိတဲ့ မြမ္းမံျပင္ဆင္မႈေတြမ်ားစြာကို မွ်ေဝေပးသြားမွာလည္း ျဖစ္ပါတယ္။” ဟု ေျပာၾကားသည္။

အဆိုပါပြဲတြင္ Digital Workplace Transformation & Productivity အတြက္ ကမာၻ႔ေနရာအႏွံ႔ လူသိမ်ားေက်ာ္ၾကားသည့္ ပညာရွင္ Dr. Nitin Paranjape မွ ေခတ္သစ္လုပ္ငန္းခြင္အတြက္ အေလ့အက်င့္ေကာင္းမ်ားအား သီးသန႔္ေဆြးေႏြးေပးသြား မည္ျဖစ္ပါသည္။ အာရွတစ္ခြင္တြင္ Efficiency 365 blog (efficiency365.com) ျဖင့္ လူသိမ်ားသည့္ Dr. Nitin Paranjape မွာ အိႏၵိယႏိုင္ငံ၊ မြန္ဘိုင္းၿမိဳ႕မွ ဆရာဝန္တစ္ဦးျဖစ္ၿပီး ေဆး႐ုံလုပ္ငန္းခြင္ပတ္ဝန္းက်င္အတြင္း ေဆးဘက္ဆိုင္ရာစနစ္မ်ားတြင္ ရႈပ္ေထြးသည့္ကြန္ပ်ဴတာစနစ္မ်ားကို အသုံးျပဳျခင္းျဖင့္ ေဆာင္႐ြက္ႏိုင္ခဲ့သည္ကို သိရွိၿပီးေနာက္ ၎အေနျဖင့္ IT နည္းပညာ ဘက္သို႔ အာ႐ုံစိုက္ေလ့လာခဲ့ၿပီး လက္ရွိတြင္ ႏိုင္ငံေပါင္း ၁၈ ႏိုင္ငံမွ လူေပါင္း ၂၅၀,၀၀၀ အား Microsoft Office လုပ္ငန္း အသုံးျပဳပုံမ်ားေလ့က်င့္သင္ၾကားေပးလ်က္ရွိသည္။

Dr. Nitin

အဆိုပါပြဲတြင္ Dr. Nitin အေနျဖင့္ တက္ေရာက္လာမည့္ ျမန္မာ့စီးပြားေရးေခါင္းေဆာင္မ်ားအား ေနာက္ထပ္အဆင့္တစ္ခုသို႔ တက္လွမ္းႏိုင္မည့္ အခြင့္အလမ္းအတြက္ အေျဖမ်ားရွာေဖြေပးျခင္း၊ မ်ားျပားသည့္ရလဒ္ေကာင္းမ်ားအား အနည္းငယ္အားစိုက္ ထုတ္ျခင္းျဖင့္ ရရွိႏိုင္ေစရန္ အသိအျမင္မ်ားအပါအဝင္ သုံးစြဲသူမ်ားႏွင့္ ပိုၿပီး နီးကပ္ေကာင္းမြန္သည့္ ဆက္ဆံေရးတည္ေဆာက္ နည္းမ်ား စသည္တို႔ကို ေဆြးေႏြးျပသေပးသြားမည္ျဖစ္သည္။ ၂၀၀၆ ခုႏွစ္ကတည္းကစတင္ကာ Microsoft ၏ Valuable Professional တစ္ဦးျဖစ္ၿပီး သီရိလကၤာႏိုင္ငံတြင္ အေျခခ်ေနထိုင္ခဲ့သည့္ Dinesh Priyankara အေနျဖင့္လည္း သီရိလကၤာ ႏိုင္ငံတြင္ စီးပြားေရးလုပ္ငန္းမ်ားအေနျဖင့္ Microsoft ၏ Business Intelligence ဝန္ေဆာင္မႈမ်ားအသုံးျပဳျခင္းျဖင့္ စီးပြားေရးလုပ္ငန္းမ်ား အား ပိုမိုျမင့္မားသည့္အေျခအေနသို႔ ေခၚေဆာင္သြားႏိုင္ပုံႏွင့္ ၎၏ ကိုယ္ပိုင္အသိအျမင္မ်ားအား ျမန္မာႏိုင္ငံမွ စီးပြားေရးဦးေဆာင္ သူမ်ားထံသို႔ မွ်ေဝေပးသြားမည္ျဖစ္သည္။

[Unicode]

မြန်မာစီးပွားရေးခေါင်းဆောင်များအတွက် Microsoft မှ Envision Myanmar ၂၀၁၉ ကို ကျင်းပ

ခေတ်မီနည်းပညာများဖြင့်ဆောင်ရွက်နေသည့် လုပ်ငန်းခွင်နေရာများမှာ ဒစ်ဂျစ်တယ်ခေတ်တွင် မည်မျှ ဦးဆောင် အောင်မြင်နေကြောင်းကို စီးပွားရေးဦးဆောင်သူများက ရှာဖွေတွေ့ရှိနိုင်မည်

Microsoft မှ တစ်ကမ္ဘာလုံးတွင်ကျင်းပလျက်ရှိသော Global Microsoft Envision Event Series of 2019 ကို ယခုလ လာမည့်ရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ Pullman Centrepoint ဟိုတယ်၌ မြန်မာ နိုင်ငံစင်မြင့်အတွက် သယ်ဆောင်ကျင်းပလာပေးတော့မည်ဖြစ်ကြောင်း Microsoft Myanmar မှ ထုတ်ပြန်ကြေညာလိုက်သည်။ ၃ ရက်တာကျင်းပမည့် အဆိုပါပွဲတွင် မြန်မာနိုင်ငံမှ အကြီးတန်းစီးပွားရေးဆိုင်ရာအမှုဆောင်အရာရှိများအနေနှင့် ကမ္ဘာ့စီးပွား ရေးခေါင်းဆောင်များ၏ အတွေးအမြင်များနှင့် ဆန်းသစ်တီထွင်လာသည့် ယနေ့ခေတ်ကမ္ဘာ၏ Digital Transformation အကြောင်းအရာများအကြောင်းကို သိရှိနိုင်မည်လည်းဖြစ်သည်။ ထို့အပြင် လာမည့်တစ်ပတ်အတွင်း Microsoft မှ ၎င်း၏ Partner များအတွက်စီစဉ်ကျင်းပပေးသည့် Inspire Myanmar Partner Forum နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများကို လည်း တစ်ပါတည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

U Soe Thu

Microsoft ၏ မြန်မာနိုင်ငံအတွက် Country Manager အသစ်ဖြစ်သူ ကိုစိုးသူအောင်က မကြာမီကျင်းပသွားမည့် Myanmar Envision ပွဲသို့ သုံးစွဲသူများနှင့် Partner များစွာ တက်ရောက်ရန်နှင့် ပွဲအတွင်း Microsoft နှင့်အတူ Partner များ၊ သုံးစွဲသူများ၏ ဒစ်ဂျစ်တယ်ခရီးလမ်း လျှောက်လှမ်းမှုများတွင် အောင်မြင်မှုများစွာရရှိနိုင်စေရန် ကူညီဆောင်ရွက်ပေးရန် စိတ်အားထက်သန် လျက်ရှိနေပါသည်။ လာမည့်ပွဲအတွင်း ကိုစိုးသူအောင်က Digital Transformation စွမ်းအားဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းဖြင့် တိုးတက်လာနိုင်မှုအခြေအနေကို ပြည်တွင်းမှ Partner များအတွက် ရှင်းလင်းတင်ပြပေးသွားမည်လည်းဖြစ်သည်။ ထို့အတူ Microsoft ၏ South East Asia New Markets အတွက် General Manager ဖြစ်သူ Sook Hoon Cheah မှာလည်း ပွဲသို့တက်ရောက်သွားမည်ဖြစ်သည်။

Microsoft Myanmar ၏ Country Manager ဖြစ်သူ ကိုစိုးသူအောင်က “ ခေတ်သစ်နည်းပညာတွေရဲ့ စွမ်းအားကို လက်ခံပြီး သုံးစွဲခြင်းက လုပ်ငန်းခွင်မှာ ဘယ်လိုမျိုးအပြောင်းအလဲတွေဖြစ်လာနိုင်တယ်ဆိုတာကို ပြည်တွင်းက စီးပွားရေးဦးဆောင် သူတွေဆီကိုပြသပေးနိုင်တော့မှာဖြစ်လို့ ကျွန်တော်တို့အနေနဲ့ အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ အခုကျင်းပမယ့် Envision event tour က မြန်မာနိုင်ငံက ထိပ်သီးစီးပွားရေးဦးဆောင်သူတွေအချင်းချင်းကြားမှာ တကယ့်လက်တွေ့စီးပွားရေးအပြောင်း အလဲတွေအတွက် ဘယ်လိုမျိုး ပြောင်းလဲဆောင်ရွက်မှုတွေ လက်တွေ့လုပ်ဆောင်နေလဲဆိုတာကို ဖလှယ်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေ၊ မိတ်ဖက်ပါတနာတွေအတွက် သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်တဲ့နေရာမှာ Microsoft က အသစ်သစ်တွေ၊ ဆန်းသစ်တီထွင်မှုတွေနဲ့ လုံခြုံစိတ်ချရမှုရှိတဲ့ မွမ်းမံပြင်ဆင်မှုတွေများစွာကို မျှဝေပေးသွားမှာလည်း ဖြစ်ပါတယ်။” ဟု ပြောကြားသည်။

အဆိုပါပွဲတွင် Digital Workplace Transformation & Productivity အတွက် ကမ္ဘာ့နေရာအနှံ့ လူသိများကျော်ကြားသည့် ပညာရှင် Dr. Nitin Paranjape မှ ခေတ်သစ်လုပ်ငန်းခွင်အတွက် အလေ့အကျင့်ကောင်းများအား သီးသန့်ဆွေးနွေးပေးသွား မည်ဖြစ်ပါသည်။ အာရှတစ်ခွင်တွင် Efficiency 365 blog (efficiency365.com) ဖြင့် လူသိများသည့် Dr. Nitin Paranjape မှာ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှ ဆရာဝန်တစ်ဦးဖြစ်ပြီး ဆေးရုံလုပ်ငန်းခွင်ပတ်ဝန်းကျင်အတွင်း ဆေးဘက်ဆိုင်ရာစနစ်များတွင် ရှုပ်ထွေးသည့်ကွန်ပျူတာစနစ်များကို အသုံးပြုခြင်းဖြင့် ဆောင်ရွက်နိုင်ခဲ့သည်ကို သိရှိပြီးနောက် ၎င်းအနေဖြင့် IT နည်းပညာ ဘက်သို့ အာရုံစိုက်လေ့လာခဲ့ပြီး လက်ရှိတွင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ လူပေါင်း ၂၅၀,၀၀၀ အား Microsoft Office လုပ်ငန်း အသုံးပြုပုံများလေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

Dr. Nitin

အဆိုပါပွဲတွင် Dr. Nitin အနေဖြင့် တက်ရောက်လာမည့် မြန်မာ့စီးပွားရေးခေါင်းဆောင်များအား နောက်ထပ်အဆင့်တစ်ခုသို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းအတွက် အဖြေများရှာဖွေပေးခြင်း၊ များပြားသည့်ရလဒ်ကောင်းများအား အနည်းငယ်အားစိုက် ထုတ်ခြင်းဖြင့် ရရှိနိုင်စေရန် အသိအမြင်များအပါအဝင် သုံးစွဲသူများနှင့် ပိုပြီး နီးကပ်ကောင်းမွန်သည့် ဆက်ဆံရေးတည်ဆောက် နည်းများ စသည်တို့ကို ဆွေးနွေးပြသပေးသွားမည်ဖြစ်သည်။ ၂၀၀၆ ခုနှစ်ကတည်းကစတင်ကာ Microsoft ၏ Valuable Professional တစ်ဦးဖြစ်ပြီး သီရိလင်္ကာနိုင်ငံတွင် အခြေချနေထိုင်ခဲ့သည့် Dinesh Priyankara အနေဖြင့်လည်း သီရိလင်္ကာ နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများအနေဖြင့် Microsoft ၏ Business Intelligence ဝန်ဆောင်မှုများအသုံးပြုခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ အား ပိုမိုမြင့်မားသည့်အခြေအနေသို့ ခေါ်ဆောင်သွားနိုင်ပုံနှင့် ၎င်း၏ ကိုယ်ပိုင်အသိအမြင်များအား မြန်မာနိုင်ငံမှ စီးပွားရေးဦးဆောင် သူများထံသို့ မျှဝေပေးသွားမည်ဖြစ်သည်။