Microsoft ဟာ ယခုလအစောပိုင်းတုန်းက Windows 11 ကို တရားဝင် Stable Update အနေနဲ့ စတင်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။​ အဆိုပါ Windows 11 ဟာ Microsoft အတွက် ကြီးမားတဲ့ပြောင်းလဲမှုဖြစ်ပြီး UI Design ပိုင်းတွေအပြင် Feature ပိုင်းတွေပါ အသစ်တွေပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း AMD Processor ကို အသုံးပြုထားတဲ့ ကွန်ပျူတာတွေမှာ Windows 11 ဟာ စွမ်းဆောင်ရည်ပိုင်း Issue တွေရှိနေခဲ့ပြီး ယခင်ထက် ၁၅ ရာခိုင်နှုန်းလောက်အထိ စွမ်းဆောင်ရည် ကျဆင်းတဲ့ ပြဿနာကြုံတွေ့ခဲ့ရပါတယ်​။​ ဒါကြောင့် အထူးသဖြင့် 4-Cores သို့မဟုတ် 65W TDP နှင့်အထက် High-end AMD Processor အသုံးပြုထားတဲ့ ကွန်ပျူတာတွေအနေနဲ့ Windows 11 ကို Upgrade မလုပ်သေးဖို့ ညွှန်းပေးခဲ့ရတာဖြစ်ပါတယ်​။​

အခုအချိန်မှာတော့ Microsoft ဟာ Windows 11 Beta နဲ့ Release Preview Channel တွေအတွက် ​Windows 11 Test Build 22000.282 ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Build ဟာ လက်ရှိ AMD Processor တွေမှာ စွမ်းဆောင်ရည်ကျဆင်းနေတဲ့ ပြဿနာအပြင် Windows 11 တင်ပြီးပေမယ့် Windows 10 ရဲ့ Taskbar ကိုပဲ မြင်တွေ့နေရတဲ့ပြဿနာကိုပါ ဖြေရှင်းပေးထားတယ်လို့ သိရပါတယ်။

AMD Processor တွေမှာ အခုလိုမျိုး စွမ်းဆောင်ရည်ကျဆင်းရတာက L3 Caching Issue ကြောင့်ဖြစ်တယ်လို့ သိရပြီး Windows 11 ဟာ AMD ရဲ့ နည်းပညာတစ်ခုဖြစ်တဲ့ အမြန်ဆန်ဆုံးသော Core နဲ့အလုပ်လုပ်တဲ့ Preferred Core နဲ့ ညှိနေတာဖြစ်ပါတယ်။​ ဘာပဲဖြစ်ဖြစ် အခု Test Build အသစ်မှာတော့ အဆင်ပြေစေမှာဖြစ်ပါတယ်။

Microsoft နဲ့ AMD ရဲ့ ပြောကြားချက်အရတော့ ယခုလမကုန်ခင်မှာ Windows 11 Stable အတွက် Fix ပြုလုပ်ပေးထားတဲ့ Update ကို ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

Ref – ZD Net