ႏွစ္တစ္ႏွစ္ရဲ႕ ေနာက္ဆုံး သုံးလပတ္ နီးကပ္လာတာနဲ႔အမွ် နည္းပညာကုမၸဏီၾကီးေတြရဲ႕ ေဆာင္းရာသီ ထုတ္ကုန္သစ္ မိတ္ဆက္ပြဲေတြကလည္း တန္းစီေနပါတယ္။ Apple က လာမယ့္ စက္တင္ဘာ ၁၂ ရက္ေန႔မွာ အုိင္ဖုန္းအသစ္ေတြ အပါအဝင္ ဒီႏွစ္အတြက္ ထုတ္ကုန္ေတြကို မိတ္ဆက္သြားမွာျဖစ္ျပီး Google ကေတာ့ Pixel ဖုန္းအသစ္ေတြကို ေအာက္တုိဘာ ၉ ရက္ေန႔မွာ ထုတ္ေဖာ္ျပသသြားေတာ့မွာပါ။

မုိက္ကရုိေဆာ့ဖ္ကလည္း သူတို႔ရဲ႕ Hardware မ်ဳိးဆက္သစ္ထုတ္ကုန္ေတြ မိတ္ဆက္ပြဲကို ေအာက္တုိဘာ ၂ ရက္ေန႔မွာ က်င္းပသြားဖို႔ အခုေလးတင္ ေၾကျငာလိုက္ျပီး Google လိုပဲ နယူးေယာက္ျမိဳ႕မွာ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ ဖိတ္စာပုံမွာ ျမင္ရတဲ့အတုိင္း ဒီႏွစ္ ဘာေတြထုတ္ျပလာမလဲ ဆုိတာကိုေတာ့ လွ်ဳိ႕ဝွက္ထားေပမယ့္ Surface ထုတ္ကုန္သစ္ေတြကို ျမင္ေတြ႕ရဖို႔ ေမွ်ာ္လင့္ရပါတယ္။

Microsoft Surface Hub 2

ျဖစ္ႏုိင္ေခ်အရွိဆုံးကေတာ့ Surface လက္ပ္ေတာ့အသစ္နဲ႔ Surface Studio ျပန္လည္မြမ္းမံမႈ တုိ႔ျဖစ္ျပီး Spec တုိးျမွင့္ထားမယ့္ Surface Pro နဲ႔ Surface Book 2 တုိ႔လည္း ျဖစ္လာႏုိင္ပါတယ္။ အခုႏွစ္ အေစာပိုင္းမွာ Sneak Peek အေနနဲ႔ ျပခဲ့ျပီး ၂၀၁၉ ခုႏွစ္မွာ ေစ်းကြက္ထဲေရာက္လာမယ္ဆုိတဲ့ Surface Hub 2 ကိုလည္း အနီးကပ္ ျမင္ရႏုိင္ေကာင္း ျမင္ရႏုိင္မွာပါ။ မူလ Surface Hub ဟာ အလြန္လူၾကိဳက္မ်ားခဲ့ျပီး ကြဲျပားတဲ့ စမတ္ထုတ္ကုန္လည္း ျဖစ္ခဲ့တာေၾကာင့္ Surface Hub 2 ကိုလည္း ေမွ်ာ္လင့္ေနၾကပါတယ္။ စမတ္ဖုန္း မဟုတ္တဲ့ နည္းပညာထုတ္ကုန္အသစ္ေတြနဲ႔ ပတ္သက္ရင္ သတင္းထြက္တာ ရွားပါးတဲ့အတြက္ ဘာေတြ အသစ္ထြက္လာမလဲ ဆုိတာ မုိက္ကရိုေဆာ့ဖ္ရဲ႕ Hardware Event ကိုေစာင့္ၾကည့္ရဦးမွာပါပဲ။

Ref – https://www.gsmarena.com/microsofts_next_surface_event_is_on_october_2-news-33162.php

Unicode

နှစ်တစ်နှစ်ရဲ့ နောက်ဆုံး သုံးလပတ် နီးကပ်လာတာနဲ့အမျှ နည်းပညာကုမ္ပဏီကြီးတွေရဲ့ ဆောင်းရာသီ ထုတ်ကုန်သစ် မိတ်ဆက်ပွဲတွေကလည်း တန်းစီနေပါတယ်။ Apple က လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့မှာ အိုင်ဖုန်းအသစ်တွေ အပါအဝင် ဒီနှစ်အတွက် ထုတ်ကုန်တွေကို မိတ်ဆက်သွားမှာဖြစ်ပြီး Google ကတော့ Pixel ဖုန်းအသစ်တွေကို အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်ဖော်ပြသသွားတော့မှာပါ။

မိုက်ကရိုဆော့ဖ်ကလည်း သူတို့ရဲ့ Hardware မျိုးဆက်သစ်ထုတ်ကုန်တွေ မိတ်ဆက်ပွဲကို အောက်တိုဘာ ၂ ရက်နေ့မှာ ကျင်းပသွားဖို့ အခုလေးတင် ကြေငြာလိုက်ပြီး Google လိုပဲ နယူးယောက်မြို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဖိတ်စာပုံမှာ မြင်ရတဲ့အတိုင်း ဒီနှစ် ဘာတွေထုတ်ပြလာမလဲ ဆိုတာကိုတော့ လျှို့ဝှက်ထားပေမယ့် Surface ထုတ်ကုန်သစ်တွေကို မြင်တွေ့ရဖို့ မျှော်လင့်ရပါတယ်။

ဖြစ်နိုင်ချေအရှိဆုံးကတော့ Surface လက်ပ်တော့အသစ်နဲ့ Surface Studio ပြန်လည်မွမ်းမံမှု တို့ဖြစ်ပြီး Spec တိုးမြှင့်ထားမယ့် Surface Pro နဲ့ Surface Book 2 တို့လည်း ဖြစ်လာနိုင်ပါတယ်။ အခုနှစ် အစောပိုင်းမှာ Sneak Peek အနေနဲ့ ပြခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ဈေးကွက်ထဲရောက်လာမယ်ဆိုတဲ့ Surface Hub 2 ကိုလည်း အနီးကပ် မြင်ရနိုင်ကောင်း မြင်ရနိုင်မှာပါ။ မူလ Surface Hub ဟာ အလွန်လူကြိုက်များခဲ့ပြီး ကွဲပြားတဲ့ စမတ်ထုတ်ကုန်လည်း ဖြစ်ခဲ့တာကြောင့် Surface Hub 2 ကိုလည်း မျှော်လင့်နေကြပါတယ်။ စမတ်ဖုန်း မဟုတ်တဲ့ နည်းပညာထုတ်ကုန်အသစ်တွေနဲ့ ပတ်သက်ရင် သတင်းထွက်တာ ရှားပါးတဲ့အတွက် ဘာတွေ အသစ်ထွက်လာမလဲ ဆိုတာ မိုက်ကရိုဆော့ဖ်ရဲ့ Hardware Event ကိုစောင့်ကြည့်ရဦးမှာပါပဲ။