[Zawgyi]

Lenovo Z5s နဲ႔ ပါတ္သက္တဲ့ အေၾကာင္းေတြကေတာ့ TENAA နဲ႔ 3C တို႔ ကေနတစ္ဆင့္ သိထားၿပီးၾကျဖစ္ပါလိမ့္မယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းကလည္း In-Display Selfie Camera နဲ႔ Z5s ရဲ႕ ႐ုပ္ပုံကို ေဖာ္ျပခဲ့ၿပီး ျဖစ္ပါတယ္။ Water Drop Notch ေတြထားတဲ့ေနရာျဖစ္တဲ့ အေပၚဘက္ အလယ္တည့္တည့္မွာ In-Display Selfie Camera ကို ထားရွိထားတာ ျဖစ္ပါတယ္။

Lenovo Z5s ဟာ ေက်ာဘက္မွာေတာ့ ကင္မရာသုံးလုံး နဲ႔ Fingerprint Scanner ပါဝင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ ေက်ာဘက္ ကင္မရာသုံးလုံးကေတာ့ Lenovo ရဲ႕ ပထမဆုံး ျဖစ္ပါတယ္။ အခုအခ်ိန္အထိေတာ့ ကင္မရာေတြရဲ႕ စြမ္းေဆာင္ရည္ပိုင္းနဲ႔ အခ်က္အလက္ေတြကို မသိရွိရေသးပါဘူး။ ဒါေပမယ့္ တရားဝင္ မိတ္ဆက္ေပးမယ့္ေန႔ကေတာ့ ဒီဇင္ဘာ ၆ ရက္ေန႔ပါ။

Z5s အေနနဲ႔ 6.3-inch မ်က္ႏွာျပင္ ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းရပါတယ္။ Qualcomm ရဲ႕ ေနာက္ဆုံးထြက္ Snapdragon Chipset ကိုအသုံးျပဳထားတယ္လို႔ သတင္းထြက္ေပၚထားတာေၾကာင့္ 8150 Chipset ျဖစ္မယ္လို႔ ခန႔္မွန္းရပါတယ္။ ဘက္ထရီကေတာ့ 3,210 mAh ျဖစ္တယ္လို႔ သိရပါတယ္။

ကုမၸဏီရဲ႕ ဒုတိယဥက႒ Chang Cheng က Lenovo Z5s တရားဝင္မိတ္ဆက္မယ့္ ရက္ကို Weibo မွာ လႊင့္တင္ေပးခဲ့တာ ျဖစ္ပါတယ္။ Lenovo Z5s ကေတာ့ ZUI နဲ႔အတူ စြမ္းေဆာင္ရည္ျပည့္ အၾကမ္းခံတဲ့ဖုန္းတစ္လုံး ျဖစ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ မိတ္ဆက္မယ့္ ရက္မွာထြက္ေပၚလာမယ့္ သတင္းအတိအက်ကို ဆက္လက္ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။

Ref: GSMarena

[Unicode]

Lenovo Z5s နဲ့ ပါတ်သက်တဲ့ အကြောင်းတွေကတော့ TENAA နဲ့ 3C တို့ ကနေတစ်ဆင့် သိထားပြီးကြဖြစ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း In-Display Selfie Camera နဲ့ Z5s ရဲ့ ရုပ်ပုံကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ Water drop Notch တွေထားတဲ့နေရာဖြစ်တဲ့ အပေါ်ဘက် အလယ်တည့်တည့်မှာ In-Display Selfie Camera ကို ထားရှိထားတာ ဖြစ်ပါတယ်။

Lenovo Z5s ဟာ ကျောဘက်မှာတော့ ကင်မရာသုံးလုံး နဲ့ Fingerprint Scanner ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ကျောဘက် ကင်မရာသုံးလုံးကတော့ Lenovo ရဲ့ ပထမဆုံး ဖြစ်ပါတယ်။ အခုအချိန်အထိတော့ ကင်မရာတွေရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ အချက်အလက်တွေကို မသိရှိရသေးပါဘူး။ ဒါပေမယ့် တရားဝင် မိတ်ဆက်ပေးမယ့်နေ့ကတော့ ဒီဇင်ဘာ ၆ ရက်နေ့ပါ။

Z5s အနေနဲ့ 6.3-inch မျက်နှာပြင် ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထွက် Snapdragon Chipset ကိုအသုံးပြုထားတယ်လို့ သတင်းထွက်ပေါ်ထားတာကြောင့် 8150 Chipset ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ဘက်ထရီကတော့ 3,210 mAh ဖြစ်တယ်လို့ သိရပါတယ်။

ကုမ္ပဏီရဲ့ ဒုတိယဥကဋ္ဌ Chang Cheng က Lenovo Z5s တရားဝင်မိတ်ဆက်မယ့် ရက်ကို Weibo မှာ လွှင့်တင်ပေးခဲ့တာ ဖြစ်ပါတယ်။ Lenovo Z5s ကတော့ ZUI နဲ့အတူ စွမ်းဆောင်ရည်ပြည့် အကြမ်းခံတဲ့ဖုန်းတစ်လုံး ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ မိတ်ဆက်မယ့် ရက်မှာထွက်ပေါ်လာမယ့် သတင်းအတိအကျကို ဆက်လက်ဖော်ပြပေးမှာ ဖြစ်ပါတယ်။

 

Ref: GSMarena