Zawgyi

Microsoft ကေန ၿပီးခဲ့တဲ့ရက္သတၱပတ္တုန္းက Microsoft Surface Pro 7 ၊ Surface Laptop 3 နဲ႔ တျခားေသာ Product ေတြအမ်ားအျပားကို ထုတ္ျပသြားခဲ့တာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Microsoft ကေန Accessories အေနနဲ႔ ထုတ္ေနတဲ့ Keyboard ေတြမွာလည္း Major Change တစ္ခုကို ျပဳလုပ္လိုက္ၿပီျဖစ္ပါတယ္။

အဲ့ဒါကေတာ့ အခုအခ်ိန္ကစတင္ၿပီး ေရာင္းခ်ေတာ့မယ့္ Microsoft ရဲ႕ Ergonomic နဲ႔ Slim Bluetooth Keyboard ေတြမွာ ပုံမွန္ ပါေနက် Keys ေတြအျပင္ Microsoft Office Key နဲ႔ Emoji Key ဆိုၿပီး အသစ္ ၂ ခုကို ထည့္သြင္းခဲ့လိုက္တာျဖစ္ပါတယ္။ အခု Keys အသစ္ေတြက ပုံမွန္ Keyboard ရဲ႕ ညာဘက္ျခမ္းမွာရွိတဲ့ Windows Key ကို အစားထိုးၿပီး ပါဝင္လာတာလည္းျဖစ္ပါတယ္။

Office Key ဟာ Microsoft ရဲ႕ Productivity Suite တစ္ခုအေနနဲ႔ ပါဝင္လာတာျဖစ္ၿပီးေတာ့ Microsoft က ယခုႏွစ္အေစာပိုင္းထဲက အခုလိုမ်ိဳး Keyboard ေတြမွာ Office Key ကို ထည့္သြင္းဖို႔ စမ္းသပ္ေနခဲ့တာျဖစ္ပါတယ္။ အခု Office Key ကို Office Application ေတြျဖစ္တဲ့ MS Word ၊ Excel နဲ႔ Powerpoint ေတြဖြင့္ဖို႔အတြက္ Shortcut Key အေနနဲ႔လည္း သုံးႏိုင္ဦးမွာပါ။ ဥပမာအေနနဲ႔ဆိုရင္ Office Key + W က Word ကိုဖြင့္ေပးမွာျဖစ္ၿပီး Office Key + X ကို ႏွိပ္မယ္ဆိုရင္ Excel ကို တန္းဖြင့္ေပးမွာျဖစ္ပါတယ္။ ဒီ Feature က Office ကို အဓိကထားၿပီး အလုပ္လုပ္ေနရတဲ့သူေတြအတြက္ ေတာ္ေတာ္ေလးကို အဆင္ေျပတဲ့ Feature တစ္ခုျဖစ္လာမွာပါ။

Office Key အျပင္ အသစ္ပါဝင္လာတဲ့ Key ကေတာ့ Emoji Key ပဲျဖစ္ၿပီးေတာ့ လက္ရွိ စမတ္ဖုန္းမွာပါဝင္တဲ့ Keyboard ေတြလိုမ်ိဳးပဲ အသုံးျပဳသူေတြအေနနဲ႔ စာ႐ိုက္ေနတုန္း Emoji ကိုပါ ထည့္ခ်င္တယ္ဆိုရင္ Key တစ္ခုကိုပဲႏွိပ္လိုက္႐ုံနဲ႔ ႀကိဳက္တဲ့ Emoji ကို ေ႐ြးခ်ယ္ႏိုင္မွာျဖစ္ပါတယ္။ Microsoft က လက္ရွိ Windows 10 မွာ Windows Key + X ကို ႏွိပ္ၿပီးေတာ့ အသုံးျပဳႏိုင္ေပမယ့္ အဆိုပါ နည္းလမ္းက သိရွိတဲ့သူေတြနည္းပါးေနေသးတဲ့အတြက္ အခုလိုမ်ိဳး Keyboard မွာ သီးသန္႔ Key တစ္ခုအေနနဲ႔ ထည့္သြင္းေပးလိုက္တာက ပိုၿပီး အဆင္ေျပတဲ့ နည္းလမ္းလို႔ေျပာလို႔ရပါတယ္။

အခု Microsoft ရဲ႕ Ergonomic Keyboard က ေစ်းႏႈန္းအေနနဲ႔ $59.99 သတ္မွတ္ထားၿပီး အ႐ြယ္အစားပိုေသးငယ္တဲ့ Bluetooth Keyboard ကေတာ့ $49.99 ပဲသတ္မွတ္ထားတာျဖစ္ပါတယ္။ အခုလိုမ်ိဳး Keys ၂ ခုကို ထည့္သြင္းေပးထားတာက ေနာက္ပိုင္းမွာ Windows Laptop ေတြနဲ႔ တျခားေသာ Product ေတြမွာလည္း အခုလို Key အသစ္ ၂ ခုပါဝင္လာဖို႔မ်ားေနပါတယ္။

Ref – The Verge

Unicode

Microsoft ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Microsoft Surface Pro 7 ၊ Surface Laptop 3 နဲ့ တခြားသော Product တွေအများအပြားကို ထုတ်ပြသွားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Microsoft ကနေ Accessories အနေနဲ့ ထုတ်နေတဲ့ Keyboard တွေမှာလည်း Major Change တစ်ခုကို ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။

အဲ့ဒါကတော့ အခုအချိန်ကစတင်ပြီး ရောင်းချတော့မယ့် Microsoft ရဲ့ Ergonomic နဲ့ Slim Bluetooth Keyboard တွေမှာ ပုံမှန် ပါနေကြ Keys တွေအပြင် Microsoft Office Key နဲ့ Emoji Key ဆိုပြီး အသစ် ၂ ခုကို ထည့်သွင်းခဲ့လိုက်တာဖြစ်ပါတယ်။ အခု Keys အသစ်တွေက ပုံမှန် Keyboard ရဲ့ ညာဘက်ခြမ်းမှာရှိတဲ့ Windows Key ကို အစားထိုးပြီး ပါဝင်လာတာလည်းဖြစ်ပါတယ်။

အခု Office Key ဟာ Microsoft ရဲ့ Productivity Suite တစ်ခုအနေနဲ့ ပါဝင်လာတာဖြစ်ပြီးတော့ Microsoft က ယခုနှစ်အစောပိုင်းထဲက အခုလိုမျိုး Keyboard တွေမှာ Office Key ကို ထည့်သွင်းဖို့ကို စမ်းသပ်နေခဲ့တာဖြစ်ပါတယ်။ အခု Office Key ကို Office Application တွေဖြစ်တဲ့ MS Word ၊ Excel နဲ့ Powerpoint တွေဖွင့်ဖို့အတွက် Shortcut Key အနေနဲ့လည်း သုံးနိုင်ဦးမှာပါ။ ဥပမာအနေနဲ့ဆိုရင် Office Key + W က Word ကိုဖွင့်ပေးမှာဖြစ်ပြီး Office Key + X ကို နှိပ်မယ်ဆိုရင် Excel ကို တန်းဖွင့်ပေးမှာဖြစ်ပါတယ်။ ဒီ Feature က Office ကို အဓိကထားပြီး အလုပ်လုပ်နေရတဲ့သူတွေအတွက် တော်တော်လေးကို အဆင်ပြေတဲ့ Feature တစ်ခုဖြစ်လာမှာပါ။

Office Key အပြင် အသစ်ပါဝင်လာတဲ့ Key ကတော့ Emoji Key ပဲဖြစ်ပြီးတော့ လက်ရှိ စမတ်ဖုန်းမှာပါဝင်တဲ့ Keyboard တွေလိုမျိုးပဲ အသုံးပြုသူတွေအနေနဲ့ စာရိုက်နေတုန်း Emoji ကိုပါ ထည့်ချင်တယ်ဆိုရင် Key တစ်ခုကိုပဲနှိပ်လိုက်ရုံနဲ့ ကြိုက်တဲ့ Emoji ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Microsoft က လက်ရှိ Windows 10 မှာ Windows Key + X ကို နှိပ်ပြီးတော့ အသုံးပြုနိုင်ပေမယ့် အဆိုပါ နည်းလမ်းက သိရှိတဲ့သူတွေနည်းပါးနေသေးတဲ့အတွက် အခုလိုမျိုး Keyboard မှာ သီးသန့် Key တစ်ခုအနေနဲ့ ထည့်သွင်းပေးလိုက်တာက ပိုပြီး အဆင်ပြေတဲ့ နည်းလမ်းလို့ပြောလို့ရပါတယ်။

အခု Microsoft ရဲ့ Ergonomic Keyboard က စျေးနှုန်းအနေနဲ့ $59.99 သတ်မှတ်ထားပြီး အရွယ်အစားပိုသေးငယ်တဲ့ Bluetooth Keyboard ကတော့ $49.99 ပဲသတ်မှတ်ထားတာဖြစ်ပါတယ်။ အခုလိုမျိုး Keys ၂ ခုကို ထည့်သွင်းပေးထားတာက နောက်ပိုင်းမှာ Windows Laptop တွေနဲ့ တခြားသော Product တွေမှာလည်း အခုလို Key အသစ် ၂ ခုပါဝင်လာဖို့များနေပါတယ်။

Ref – The Verge