Microsoft ဟာ AMD, Intel စတဲ့ပြိုင်ဖက်အချို့ထက် ပိုမြန်စေဖို့အတွက် SD 8cx Gen 3 ပါရှိတဲ့ Laptop တစ်မျိုးကို ထုတ်လုပ်ဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီ Laptop က ဘာဖြစ်မလဲဆိုတာမသိရသေးပေမဲ့ မကြာသေးခင်ကတော့ ဒီ Laptop လို့ ယူဆရတဲ့ Device ကို Geekbench မှာ တွေ့ခဲ့ကြရတာပဲ ဖြစ်ပါတယ်။

Geekbench မှာတွေ့ရတဲ့ Microsoft surface ထုတ်ကုန်နဲ့ပတ်သက်တဲ့ အချက်အလက်တွေအရ Device ဟာ Windows devices တွေအတွက် Qualcomm ရဲ့ ARM-based flagship chipset ဖြစ်တဲ့ Snapdragon 8cx Gen 3 ကို အသုံးပြုထားကြောင်း သိရပါတယ်။

မော်ဒယ်နာမည်ဟာ ထုတ်ကုန်အနေနဲ့ Hardware စမ်းသပ်အဆင့်ကိုရောက်ရှိသွားပြီဖြစ်ကြောင်း၊ ဒါမှမဟုတ် တစ်နည်းအားဖြင့် စက်ပစ္စည်းအတည်ပြုစမ်းသပ်ခြင်း (EVT) မှာ မော်ဒယ်နာမည်ဟာ Surface တွေရဲ့ အရင်ကုဒ်နာမည်တွေနဲ့ ကိုက်ညီနေပုံရကြောင်းကို ဖော်ပြနေပါတယ်။

ဒီအဆင့်မှာ ထုတ်လုပ်သူဟာ ပြင်ပနဲ့အတွင်းပိုင်းဒီဇိုင်းတွေကိုအပြီးသတ်ခြင်းမပြုခင်မှာ Hardware မှာရှိတဲ့အရာအားလုံး ကောင်းမွန်စွာလည်ပတ်နေတာကို သေချာစေဖို့ စမ်းသပ်စစ်ဆေးတာ ဖြစ်ပါတယ်။ ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းတာကတော့ Geekbench ရလဒ်တွေပဲ ဖြစ်ပါတယ်။

Geekbench ရလဒ်တွေအရ CPU ဟာ Multi-core စွမ်းဆောင်ရည်ပိုင်းမှာ 25W-rated Intel နဲ့ AMD processor တွေနဲ့ ယှဉ်နိုင်တယ်လို့ ဆိုထားတာပါပဲ။ ဥပမာအားဖြင့် Intel Core i7-1165G7 ဟာ Geekbench က Multi-threaded workloads မှာ အမှတ်နည်းပါတယ်။ ဒါပေမဲ့ Single-core စွမ်းဆောင်ရည်ကတော့ Intel, AMD chip တွေထက် ပိုပြီးမြင့်မားနေတာပါ။

အခုအချိန်အထိတော့ ဘယ် Device ကို စမ်းသပ်နေတာလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ သိပ်မကြာခင်ရက်တွေမှာ တိကျခိုင်မာတဲ့ပေါက်ကြားမှုတွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena