[Zawgyi]

Microsoft က Surface Go ေတြကို ၿပီးခဲ့တဲ့ ဇူလိုင္ကတည္းက မိတ္ဆက္ေပးခဲ့တာပါ။ ဒါေပမယ့္ အိႏၵိယေဈးကြက္ကိုေတာ့ မေရာက္ခဲ့ပါဘူး။ အခုမွ အိႏၵိယေဈးကြက္မွာ တရားဝင္ မိတ္ဆက္လိုက္တာ ျဖစ္ပါတယ္။ စတင္ ေရာင္းခ်မယ့္ ရက္က ဒီဇင္ဘာ ၂၇ ရက္ေန႔မွပါ။ အခုအခ်ိန္ကေတာ့ Pre-order မွာလို႔ရတဲ့ အဆင့္ပဲျဖစ္ပါတယ္။

Surface Go ေတြဟာ Tablet အျဖစ္လည္း သုံးႏိုင္သလို Laptop အျဖစ္လည္း အသုံးခ်ႏိုင္လို႔ လူႀကိဳက္မ်ားခဲ့တဲ့ Laptop လို႔ ဆိုရမွာပါ။ Surface Go က Surface Pro နဲ႔ ဒီဇိုင္းပိုင္း တူညီေပမယ့္ အ႐ြယ္အစားကေတာ့ ပိုၿပီးေသးငယ္ပါတယ္။ ဒါ့အျပင္ Surface Go ေတြကို 64GB model နဲ႔ 128GB Model ဆိုၿပီး ႏွစ္မ်ိဳးႏွစ္စား ထုတ္လုပ္ထားတာလည္း အားလုံးသိၿပီးသား ျဖစ္မွာပါ။

ေဈးခ်ိဳတဲ့ အမ်ိဳးအစားအျဖစ္ ထုတ္လုပ္ထားတာေၾကာင့္ Specs ေတြကေတာ့ အလန္းစားႀကီး ျဖစ္မေနတာကို လက္ခံရမွာပါ။ Dual-core Intel Pentium Gold 4415Y Processor ရဲ႕ Clocked Speed က 1.6GHz ပါ။ Graphics ကေတာ့ Intel HD 615 ျဖစ္ပါတယ္။ 64GB storage Model ကေတာ့ RAM 4GB နဲ႔ျဖစ္ၿပီး 128GB Model ကေတာ့ 8GB RAM နဲ႔ ျဖစ္ပါတယ္။ 128GB Model ကေတာ့ SSD Flash Storage ျဖစ္လို႔ ပိုသာတယ္လို႔ ဆိုရမွာပါ။ 64GB Model ကေတာ့ eMMC Storage ပဲျဖစ္တာေၾကာင့္ နည္းနည္းေႏွးမွာ ျဖစ္ပါတယ္။

မ်က္ႏွာျပင္က 10-inch 3:2 အခ်ိဳးျဖစ္ၿပီး 1800×1200 Resolution ျဖစ္ပါတယ္။ 10-Point Multi-Touch Support ျဖစ္သလို Corning Gorilla Glass 3 လည္း ျဖစ္ပါတယ္။ ေက်ာဘက္မွာ 8MP တပ္ဆင္ေပးထားၿပီး အေရွ႕ဘက္မွာေတာ့ 5MP ကင္မရာ တစ္လုံးစီ တပ္ဆင္ေပးထားပါတယ္။ သူ႔မွာပါတဲ့ 2W Stereo Speakers ေတြက Dolby Audio Premium ျဖစ္တာေၾကာင့္ ေဖ်ာ္ေျဖေရးအတြက္လည္း ေကာင္းေကာင္း အသုံးဝင္ပါတယ္။ ေဈးႏႈန္းေတြကေတာ့ 64GB Model ဟာ INR 37,999 ($530) ရွစ္သိန္းေလးေသာင္းဝန္းက်င္ ျဖစ္ၿပီး 128GB Model ကေတာ့ INR 49,999 ($ 698) ဆယ့္တစ္သိန္းဝန္းက်င္ ျဖစ္တယ္လို႔ သိရပါတယ္။

Ref: GAMarena

 

[Unicode]

Microsoft က Surface Go တွေကို ပြီးခဲ့တဲ့ ဇူလိုင်ကတည်းက မိတ်ဆက်ပေးခဲ့တာပါ။ ဒါပေမယ့် အိန္ဒိယဈေးကွက်ကိုတော့ မရောက်ခဲ့ပါဘူး။ အခုမှ အိန္ဒိယဈေးကွက်မှာ တရားဝင် မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ စတင် ရောင်းချမယ့် ရက်က ဒီဇင်ဘာ ၂၇ ရက်နေ့မှပါ။ အခုအချိန်ကတော့ Pre-order မှာလို့ရတဲ့ အဆင့်ပဲဖြစ်ပါတယ်။

Surface Go တွေဟာ Tablet အဖြစ်လည်း သုံးနိုင်သလို Laptop အဖြစ်လည်း အသုံးချနိုင်လို့ လူကြိုက်များခဲ့တဲ့ Laptop လို့ ဆိုရမှာပါ။ Surface Go က Surface Pro နဲ့ ဒီဇိုင်းပိုင်း တူညီပေမယ့် အရွယ်အစားကတော့ ပိုပြီးသေးငယ်ပါတယ်။ ဒါ့အပြင် Surface Go တွေကို 64GB model နဲ့ 128GB model ဆိုပြီး နှစ်မျိုးနှစ်စား ထုတ်လုပ်ထားတာလည်း အားလုံးသိပြီးသား ဖြစ်မှာပါ။

ဈေးချိုတဲ့ အမျိုးအစားအဖြစ် ထုတ်လုပ်ထားတာကြောင့် Specs တွေကတော့ အလန်းစားကြီး ဖြစ်မနေတာကို လက်ခံရမှာပါ။ Dual-core Intel Pentium Gold 4415Y processor ရဲ့ clocked speed က 1.6GHz ပါ။ Graphics ကတော့ Intel HD 615 ဖြစ်ပါတယ်။ 64GB storage model ကတော့ RAM 4GB နဲ့ဖြစ်ပြီး 128GB model ကတော့ 8GB RAM နဲ့ ဖြစ်ပါတယ်။ 128GB model ကတော့ SSD flash storage ဖြစ်လို့ ပိုသာတယ်လို့ ဆိုရမှာပါ။ 64GB model ကတော့ eMMC storage ပဲဖြစ်တာကြောင့် နည်းနည်းနှေးမှာ ဖြစ်ပါတယ်။

မျက်နှာပြင်က 10-inch 3:2 အချိုးဖြစ်ပြီး 1800×1200 resolution ဖြစ်ပါတယ်။ 10-point multi-touch support ဖြစ်သလို Corning Gorilla Glass 3 လည်း ဖြစ်ပါတယ်။ ကျောဘက်မှာ 8MP တပ်ဆင်ပေးထားပြီး အရှေ့ဘက်မှာတော့ 5MP ကင်မရာ တစ်လုံးစီ တပ်ဆင်ပေးထားပါတယ်။ သူ့မှာပါတဲ့ 2W stereo speakers တွေက Dolby Audio Premium ဖြစ်တာကြောင့် ဖျော်ဖြေရေးအတွက်လည်း ကောင်းကောင်း အသုံးဝင်ပါတယ်။ ဈေးနှုန်းတွေကတော့ 64GB model ဟာ INR 37,999 ($530) ရှစ်သိန်းလေးသောင်းဝန်းကျင် ဖြစ်ပြီး 128GB model ကတော့ INR 49,999 ($698) ဆယ့်တစ်သိန်းဝန်းကျင် ဖြစ်တယ်လို့ သိရပါတယ်။

 

Ref: GAMarena