[Zawgyi]

Microsoft ရဲ႕ ေနာက္ထုတ္မယ့္ Windows 10X Operating System နဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြ ေပါက္ၾကားထြက္ေပၚလာပါတယ္။ အဲဒီမွာ Windows 10X အတြက္ Microsoft ရဲ႕ အစီအစဥ္ေတြကို ျပသထားပါတယ္။ ကုမၸဏီက Windows 10X ကို Surface Neo အသစ္မွာ မိတ္ဆက္ခဲ့ၿပီး Dual-screen Devices ေတြမွာ ေမာင္းႏွင္ႏုိင္မယ္လို႔ ေျပာထားပါတယ္။

Microsoft က Windows 10X ကို Foldables နဲ႔ Dual-screen Devices ေတြမွာ ထည့္သြင္းေပးမယ္လို႔ေၾကညာထားပါတယ္။ အဲဒီ OS မွာ Start Menu နဲ႔ Taskbar ေတြကို ဆန္းသစ္ထားပါတယ္။ အခုေတာ့ ကုမၸဏီက ရိုးရိုး Laptop ေတြမွာပါ Windows 10X ကို ထည့္သြင္းေပးဖို႔ စီစဥ္ေနတယ္လို႔ ေပါက္ၾကားထြက္လာတဲ့ သတင္းေတြအရ သိရပါတယ္။

Windows 10X မွာ Start Menu ကို Launcher အေနနဲ႔ အသံုးျပဳထားၿပီး Local Search ကို အသားေပးထားပါတယ္။ Search မွာ Web Results , Available Apps နဲ႔ Device က Files ေတြကို ရွာေဖြႏုိင္ပါတယ္။ သင္ အသံုးမ်ားတဲ့ Apps , Files နဲ႔ Websites ေတြကို အၾကံေပး ျပသေပးပါတယ္။ Windows Hello Facial Recognition Authentication လည္း တိုးတက္လာပါတယ္။

အဲဒီ သတင္းအခ်က္အလက္ေတြကို Microsoft က အြန္လိုင္းမွာ မေတာ္တဆ တင္ခဲ့မိတာ ျဖစ္ၿပီး အခုေတာ့ ျပန္လည္ ဖ်က္သိမ္းလိုက္ပါၿပီ။ Windows 10X ပါတဲ့ Surface Neo ကို ၂၀၂၀ ခုႏွစ္မွာ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။

Ref : theverge

[Unicode]

Laptops တွေမှာ ထည့်ပေးမယ့် Windows 10X

Microsoft ရဲ့ နောက်ထုတ်မယ့် Windows 10X Operating System နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲဒီမှာ Windows 10X အတွက် Microsoft ရဲ့ အစီအစဉ်တွေကို ပြသထားပါတယ်။ ကုမ္ပဏီက Windows 10X ကို Surface Neo အသစ်မှာ မိတ်ဆက်ခဲ့ပြီး အလားတူ Dual-screen Devices တွေမှာ မောင်းနှင်နိုင်မယ်လို့ ပြောထားပါတယ်။

Microsoft က Windows 10X ကို Foldables နဲ့ Dual-screen Devices တွေမှာ ထည့်သွင်းပေးမယ်လို့ကြေညာထားပါတယ်။ အဲဒီ OS မှာ Start Menu နဲ့ Taskbar တွေကို ဆန်းသစ်ထားပါတယ်။ အခုတော့ ကုမ္ပဏီက ရိုးရိုး Laptop တွေမှာပါ Windows 10X ကို ထည့်သွင်းပေးဖို့ စီစဉ်နေတယ်လို့ ပေါက်ကြားထွက်လာတဲ့ သတင်းတွေအရ သိရပါတယ်။

Windows 10X မှာ Start Menu ကို Launcher အနေနဲ့ အသုံးပြုထားပြီး Local Search ကို အသားပေးထားပါတယ်။ Search မှာ Web Results , Available Apps နဲ့ Device က Files တွေကို ရှာဖွေနိုင်ပါတယ်။ သင် အသုံးများတဲ့ Apps , Files နဲ့ Websites တွေကို အကြံပေး ပြသပေးပါတယ်။ Windows Hello Facial Recognition Authentication လည်း တိုးတက်လာပါတယ်။

အဲဒီ သတင်းအချက်အလက်တွေကို Microsoft က အွန်လိုင်းမှာ မတော်တဆ တင်ခဲ့မိတာ ဖြစ်ပြီး အခုတော့ ပြန်လည် ဖျက်သိမ်းလိုက်ပါပြီ။ Windows 10X ပါတဲ့ Surface Neo ကို ၂၀၂၀ ခုနှစ်မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Ref : theverge