[Zawgyi]

သတင္းအခ်က္အလက္ႏွင့္နည္းပညာပိုင္း သင္ယူေနသည့္ လူငယ္မ်ားအတြက္ Youth/29 ၊ Empire Code ၊ the ASEAN Foundation ႏွင့္ Microsoft တို႔မွ ဦးေဆာင္၍ ၎တို႔၏ အနာဂတ္အတြက္ အတတ္ပညာမ်ားကြၽမ္းက်င္မႈအဆင့္ဆင့္ျဖင့္ ျပည့္စုံေစရန္ဟူေသာ ရည္႐ြယ္ခ်က္ျဖင့္ ၂ရက္တာ စြမ္းရည္ျမႇင့္တင္ေရးလုပ္ငန္းခြင္ ေဆြးေႏြးပြဲကို က်င္းပေပးခဲ့ၿပီး ေဆြးေႏြးပြဲၿပီးဆုံးခ်ိန္တြင္ သင္ၾကားမႈၿပီးေျမာက္ျခင္း လက္မွတ္မ်ားအား ယခုလတြင္ ေပးအပ္ခဲ့သည္။

“ASEAN Digital Innovation Programme” အမည္ရွိ ေဆြးေႏြးပြဲအစီအစဥ္အား နည္းပညာ စြမ္းရည္ တိုးတက္ေစရန္ႏွင့္ သင္ၾကားေရးလုပ္ငန္းမ်ားတြင္ လက္ေတြ႕အက်ိဳးျပဳေစရန္အတြက္ ရည္႐ြယ္ၿပီး ၾသဂုတ္လ ၈ ရက္ေန႔မွစတင္ကာ ၁၁ ရက္ေန႔အထိ ဒဂုံတကၠသိုလ္တြင္ က်င္းပခဲ့သည္။ ၎အစီအစဥ္တြင္ ပါဝင္ခဲ့ၾကသူမ်ားသည္ ေလ့လာသင္ယူရန္အတြက္ စိတ္ဆႏၵျပင္းျပေသာ ေက်ာင္းသားမ်ားႏွင့္ မတူညီေသာနယ္ပယ္အသီးသီးမွ ပညာဆည္းပူးလိုသူမ်ားျဖစ္ၿပီး နည္းပညာ ၏စြမ္းအားကို ၎တို႔ ေဒသခံလူမႈအသိုင္းအဝိုင္းမ်ားဆီသို႔ ျပန္လည္ျဖန႔္က်က္ရန္ႏွင့္ သတင္း အခ်က္အလက္မ်ား မွ်ေဝေပးရန္ စိတ္အားထက္သန္ၾကသူမ်ားပင္ ျဖစ္သည္။

Microsoft South East Asia New Markets ၏ General Manager ျဖစ္သူ Mrs. Sook Hoon Cheah မွ အဆိုပါ သင္တန္းၿပီးေျမာက္ျခင္းအခမ္းအနားအတြက္ ႀကိဳဆိုႏႈတ္ခြန္းဆက္ စကား ေျပာၾကားရာတြင္ “ကြၽန္မတို႔ရဲ႕ ေနာင္လာေနာက္သားေတြက အနာဂတ္မွာ အဆင္သင့္ျဖစ္ေစဖို႔ အတြက္ ဦးတည္ၿပီး လုပ္ေဆာင္ၾကရမွာ ျဖစ္တယ္။ ဒီေန႔ေခတ္ ဆရာ၊ဆရာမမ်ားဟာလည္း စာသင္ခန္းေတြမွာ ၂၁ ရာစု သင္ၾကားေရးပုံစံေတြကို ျဖည့္သြင္းႏိုင္ဖို႔အတြက္နဲ႔ ေက်ာင္းသားေတြကို အနာဂတ္အတြက္ လိုက္ေလ်ာညီေထြအဆင္ေျပေစမယ့္ အတတ္ပညာကြၽမ္းက်င္မႈေတြနဲ႔ ဘဝမွာ ေအာင္ျမင္ဖို႔အတြက္ ေထာက္ပံ့ေပးမယ့္ ဆန္းသစ္တဲ့နည္းလမ္းေတြကို စဥ္ဆက္မျပတ္ ရွာေဖြ ေနရမွာ ျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုဦးစီးဌာန၊ အလုပ္သမားေရးရာရဲ႕ အစီရင္ခံစာအရ ၆၅ ရာခိုင္ႏႈန္းေသာ ဒီေန႔ေခတ္ေက်ာင္းသားေတြက အခုလက္ရွိမွာ ေပၚေပါက္လာျခင္းေတာင္ မရွိေသးတဲ့ အလုပ္အကိုင္အခြင့္အလမ္းသစ္ေတြမွာ လုပ္ကိုင္ၾကရမွာျဖစ္တယ္။” ဟုေျပာၾကားခဲ့ သည္။

ျမန္မာႏိုင္ငံသည္ ျပႆနာမ်ားအေျဖရွာေျဖရွင္းရန္၊ ဆန္းသစ္တီထြင္ရန္ႏွင့္ ေအာင္ျမင္မႈမ်ားရရွိရန္ အတြက္ လိုအပ္ေသာ အတတ္ပညာကြၽမ္းက်င္မႈမ်ားကို ေခတ္ႏွင့္အညီျဖစ္ေစေရးႏွင့္ အေျခခံ ပညာေရးအား ျပန္လည္အဓိပၸါယ္ေဖာ္ေဆာင္ရာတြင္ စိန္ေခၚမႈမ်ားႏွင့္ ႀကဳံေတြ႕ရလွ်က္ ရွိေန သည္။ ေက်ာင္းသားမ်ားအား ထိုးထြင္းဖန္တီးႏိုင္စြမ္း၊ ပူးေပါင္းေဆာင္႐ြက္ႏိုင္စြမ္းႏွင့္ အနာဂတ္၏ ဒီဂ်စ္တယ္ျပႆနာမ်ားအား ေျဖရွင္းႏိုင္ေသာ စြမ္းရည္တို႔ျဖင့္ ျပည့္စုံေစရန္အလို႔ငွာ သင္ၾကား သူမ်ားအေနႏွင့္လည္း ကြန္ပ်ဴတာသိပၸံပညာရပ္အား အဓိကသင္႐ိုးၫႊန္းတမ္း၏ အစိတ္အပိုင္း တစ္ရပ္အျဖစ္ သင္ၾကားၾကရန္လိုအပ္ေပသည္။ တရားဝင္ လက္မွတ္ရရွိထားသူမ်ားမွာလည္း ၎တို႔၏ သင္ယူေလ့လာမႈမ်ားအား ျမန္မာႏိုင္ငံသင္႐ိုးၫႊန္းတမ္းတြင္ ေပါင္းစည္းရန္နည္းလမ္း မ်ားရွာေဖြၾကမည္ ျဖစ္သည္။

“Microsoft မွာဆိုရင္ ကြၽန္မတို႔အားလုံးဟာ သတ္မွတ္ထားတဲ့ သင္ၾကားသူမ်ားနဲ႔ အေတြးအေခၚ ျမင့္ ေခါင္းေဆာင္မ်ားရဲ႕ ေက်ာင္းသားေတြကိုအဆက္မျပတ္တိုးတက္ေစႏိုင္ဖို႔ ရည္႐ြယ္ၿပီး ဆန္းသစ္တဲ့ သင္ၾကားမႈေတြကို ဖန္တီးေနတာေတြဆီကေန ေန႔စဥ္နဲ႔အမွ် စိတ္ကူးစိတ္သန္းေတြ ထက္ျမက္ေစခဲ့ပါတယ္”ဟု Microsoft South East Asia New Markets ၏ General Manager ျဖစ္သူ Mrs. Sook Hoon Cheah မွ ေျပာၾကားခဲ့သည္။ “သင္ၾကားသူမ်ားကို စိတ္ကူးစိတ္သန္းမ်ား ထက္ျမက္ေစၿပီး ေက်ာင္းသားတိုင္းကို ပိုမိုေအာင္ျမင္ေအာင္ ကူညီပံ့ပိုးေပးဖို႔ ဟာ ကြၽန္မတို႔ အလုပ္ ရဲ႕ အဓိကအေလးေပးတဲ့အရာပဲ ျဖစ္ပါတယ္။ ASEAN Digital Innovation Programme ေတြလိုမ်ိဳး ဦးေဆာင္မႈေတြရွိတဲ့အတြက္ေၾကာင့္ ကြၽန္မတို႔ေတြဟာလည္း အနာဂတ္ရဲ႕ လုပ္ငန္းေဆာင္တာေတြကို ကူညီဖန္တီးေပးႏိုင္တာ ျဖစ္ပါတယ္။” ဟု ဆက္လက္ေျပာၾကားခဲ့ သည္။

Youth/29 ၏ တည္ေထာင္သူလည္းျဖစ္ ဒါ႐ိုက္တာလည္းျဖစ္သည့္ ကိုဟိန္းမင္းဦးမွ Microsoft အား Youth/29 ႏွင့္ ပူးေပါင္းလက္တြဲေပးခဲ့သည့္အတြက္ ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ၿပီး အသိအမွတ္ျပဳလက္မွတ္ရရွိသူမ်ားအေနျဖင့္လည္း အတတ္ပညာကြၽမ္းက်င္မႈမ်ားကို ဆက္လက္ ဆည္းပူးေလ့လာရန္ႏွင့္ ပညာေရးဆိုင္ရာ နည္းပညာႏွင့္ပတ္သက္ေသာ ဗဟုသုတမ်ားကို ဆက္လက္ျမႇင့္တင္ရန္ တိုက္တြန္းခဲ့သည္။ ထို႔အျပင္ နည္းပညာသည္ ယေန႔ေခတ္ လူေနမႈတြင္ အဘက္ဘက္မွ ပါဝင္ပတ္သက္လာၿပီျဖစ္ၿပီး နည္းပညာအား နားလည္ႏိုင္စြမ္းရွိေသာ ေက်ာင္းသား မ်ားကသာလွ်င္ စီးပြားေရးေလာက၌ ေအာင္ျမင္သူမ်ား ျဖစ္လာၾကမည္ ျဖစ္သည္ဟုလည္း ေျပာၾကားခဲ့သည္။

[Unicode]

Microsoft Myanmar မှ အနာဂတ်လူငယ်ပညာရှင်များအတွက် ချီးကျူးဂုဏ်ပြုပွဲ ကျင်းပ

သတင်းအချက်အလက်နှင့်နည်းပညာပိုင်း သင်ယူနေသည့် လူငယ်များအတွက် Youth/29 ၊ Empire Code ၊ the ASEAN Foundation နှင့် Microsoft တို့မှ ဦးဆောင်၍ ၎င်းတို့၏ အနာဂတ်အတွက် အတတ်ပညာများကျွမ်းကျင်မှုအဆင့်ဆင့်ဖြင့် ပြည့်စုံစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၂ရက်တာ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းခွင် ဆွေးနွေးပွဲကို ကျင်းပပေးခဲ့ပြီး ဆွေးနွေးပွဲပြီးဆုံးချိန်တွင် သင်ကြားမှုပြီးမြောက်ခြင်း လက်မှတ်များအား ယခုလတွင် ပေးအပ်ခဲ့သည်။

“ASEAN Digital Innovation Programme” အမည်ရှိ ဆွေးနွေးပွဲအစီအစဉ်အား နည်းပညာ စွမ်းရည် တိုးတက်စေရန်နှင့် သင်ကြားရေးလုပ်ငန်းများတွင် လက်တွေ့အကျိုးပြုစေရန်အတွက် ရည်ရွယ်ပြီး သြဂုတ်လ ၈ ရက်နေ့မှစတင်ကာ ၁၁ ရက်နေ့အထိ ဒဂုံတက္ကသိုလ်တွင် ကျင်းပခဲ့သည်။ ၎င်းအစီအစဉ်တွင် ပါဝင်ခဲ့ကြသူများသည် လေ့လာသင်ယူရန်အတွက် စိတ်ဆန္ဒပြင်းပြသော ကျောင်းသားများနှင့် မတူညီသောနယ်ပယ်အသီးသီးမှ ပညာဆည်းပူးလိုသူများဖြစ်ပြီး နည်းပညာ ၏စွမ်းအားကို ၎င်းတို့ ဒေသခံလူမှုအသိုင်းအဝိုင်းများဆီသို့ ပြန်လည်ဖြန့်ကျက်ရန်နှင့် သတင်း အချက်အလက်များ မျှဝေပေးရန် စိတ်အားထက်သန်ကြသူများပင် ဖြစ်သည်။

Microsoft South East Asia New Markets ၏ General Manager ဖြစ်သူ Mrs. Sook Hoon Cheah မှ အဆိုပါ သင်တန်းပြီးမြောက်ခြင်းအခမ်းအနားအတွက် ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားရာတွင် “ကျွန်မတို့ရဲ့ နောင်လာနောက်သားတွေက အနာဂတ်မှာ အဆင်သင့်ဖြစ်စေဖို့ အတွက် ဦးတည်ပြီး လုပ်ဆောင်ကြရမှာ ဖြစ်တယ်။ ဒီနေ့ခေတ် ဆရာ၊ဆရာမများဟာလည်း စာသင်ခန်းတွေမှာ ၂၁ ရာစု သင်ကြားရေးပုံစံတွေကို ဖြည့်သွင်းနိုင်ဖို့အတွက်နဲ့ ကျောင်းသားတွေကို အနာဂတ်အတွက် လိုက်လျောညီထွေအဆင်ပြေစေမယ့် အတတ်ပညာကျွမ်းကျင်မှုတွေနဲ့ ဘဝမှာ အောင်မြင်ဖို့အတွက် ထောက်ပံ့ပေးမယ့် ဆန်းသစ်တဲ့နည်းလမ်းတွေကို စဉ်ဆက်မပြတ် ရှာဖွေ နေရမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဦးစီးဌာန၊ အလုပ်သမားရေးရာရဲ့ အစီရင်ခံစာအရ ၆၅ ရာခိုင်နှုန်းသော ဒီနေ့ခေတ်ကျောင်းသားတွေက အခုလက်ရှိမှာ ပေါ်ပေါက်လာခြင်းတောင် မရှိသေးတဲ့ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေမှာ လုပ်ကိုင်ကြရမှာဖြစ်တယ်။” ဟုပြောကြားခဲ့ သည်။

မြန်မာနိုင်ငံသည် ပြဿနာများအဖြေရှာဖြေရှင်းရန်၊ ဆန်းသစ်တီထွင်ရန်နှင့် အောင်မြင်မှုများရရှိရန် အတွက် လိုအပ်သော အတတ်ပညာကျွမ်းကျင်မှုများကို ခေတ်နှင့်အညီဖြစ်စေရေးနှင့် အခြေခံ ပညာရေးအား ပြန်လည်အဓိပ္ပါယ်ဖော်ဆောင်ရာတွင် စိန်ခေါ်မှုများနှင့် ကြုံတွေ့ရလျှက် ရှိနေ သည်။ ကျောင်းသားများအား ထိုးထွင်းဖန်တီးနိုင်စွမ်း၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနှင့် အနာဂတ်၏ ဒီဂျစ်တယ်ပြဿနာများအား ဖြေရှင်းနိုင်သော စွမ်းရည်တို့ဖြင့် ပြည့်စုံစေရန်အလို့ငှာ သင်ကြား သူများအနေနှင့်လည်း ကွန်ပျူတာသိပ္ပံပညာရပ်အား အဓိကသင်ရိုးညွှန်းတမ်း၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် သင်ကြားကြရန်လိုအပ်ပေသည်။ တရားဝင် လက်မှတ်ရရှိထားသူများမှာလည်း ၎င်းတို့၏ သင်ယူလေ့လာမှုများအား မြန်မာနိုင်ငံသင်ရိုးညွှန်းတမ်းတွင် ပေါင်းစည်းရန်နည်းလမ်း များရှာဖွေကြမည် ဖြစ်သည်။

“Microsoft မှာဆိုရင် ကျွန်မတို့အားလုံးဟာ သတ်မှတ်ထားတဲ့ သင်ကြားသူများနဲ့ အတွေးအခေါ် မြင့် ခေါင်းဆောင်များရဲ့ ကျောင်းသားတွေကိုအဆက်မပြတ်တိုးတက်စေနိုင်ဖို့ ရည်ရွယ်ပြီး ဆန်းသစ်တဲ့ သင်ကြားမှုတွေကို ဖန်တီးနေတာတွေဆီကနေ နေ့စဉ်နဲ့အမျှ စိတ်ကူးစိတ်သန်းတွေ ထက်မြက်စေခဲ့ပါတယ်”ဟု Microsoft South East Asia New Markets ၏ General Manager ဖြစ်သူ Mrs. Sook Hoon Cheah မှ ပြောကြားခဲ့သည်။ “သင်ကြားသူများကို စိတ်ကူးစိတ်သန်းများ ထက်မြက်စေပြီး ကျောင်းသားတိုင်းကို ပိုမိုအောင်မြင်အောင် ကူညီပံ့ပိုးပေးဖို့ ဟာ ကျွန်မတို့ အလုပ် ရဲ့ အဓိကအလေးပေးတဲ့အရာပဲ ဖြစ်ပါတယ်။ ASEAN Digital Innovation Programme တွေလိုမျိုး ဦးဆောင်မှုတွေရှိတဲ့အတွက်ကြောင့် ကျွန်မတို့တွေဟာလည်း အနာဂတ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီဖန်တီးပေးနိုင်တာ ဖြစ်ပါတယ်။” ဟု ဆက်လက်ပြောကြားခဲ့ သည်။

Youth/29 ၏ တည်ထောင်သူလည်းဖြစ် ဒါရိုက်တာလည်းဖြစ်သည့် ကိုဟိန်းမင်းဦးမှ Microsoft အား Youth/29 နှင့် ပူးပေါင်းလက်တွဲပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး အသိအမှတ်ပြုလက်မှတ်ရရှိသူများအနေဖြင့်လည်း အတတ်ပညာကျွမ်းကျင်မှုများကို ဆက်လက် ဆည်းပူးလေ့လာရန်နှင့် ပညာရေးဆိုင်ရာ နည်းပညာနှင့်ပတ်သက်သော ဗဟုသုတများကို ဆက်လက်မြှင့်တင်ရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် နည်းပညာသည် ယနေ့ခေတ် လူနေမှုတွင် အဘက်ဘက်မှ ပါဝင်ပတ်သက်လာပြီဖြစ်ပြီး နည်းပညာအား နားလည်နိုင်စွမ်းရှိသော ကျောင်းသား များကသာလျှင် စီးပွားရေးလောက၌ အောင်မြင်သူများ ဖြစ်လာကြမည် ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။