Microsoft ဟာ Windows 11 upgrade မြှင့်ဖို့အတွက် Offer လုပ်တဲ့နေရာမှာ OS ကို Support မပေးတဲ့ Hardware နဲ့ PC တွေကိုပါ ရောပြီး Offer လုပ်ခဲ့မိပါတယ်။ ဒါကြောင့် Microsoft က Support ပေးမထားတဲ့ PC က Upgrade လုပ်လိုက်မယ်ဆိုရင် အဆင့်မြှင့်တင်မှုကို အပြီးသတ်နိုင်မှာမဟုတ်ဘဲ ဖြစ်နေပါလိမ့်မယ်။

အချို့သော အရည်အချင်းမပြည့်မီတဲ့ Hardware ရှိတဲ့ Windows 10, Windows 11 version 21H2 devices တွေကို Upgrade မြှင့်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း” Microsoft က Support note မှာ ရှင်းလင်းထားပါတယ်။ “အရည်အချင်းမပြည့်မီတဲ့ Device တွေဟာ Windows 11 အသုံးပြုဖို့ အနိမ့်ဆုံးလိုအပ်ချက်တွေနဲ့ မကိုက်ညီကြောင်း၊ ဒီပြဿနာကြုံတွေ့ရတဲ့ Device တွေဟာ Upgrade လုပ်ငန်းစဉ်ကို အပြီးမသတ်နိုင်ကြောင်း” Microsoft ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း Windows 11 တရားဝင် မပံ့ပိုးထားတဲ့ Devices တွေကို အဆင့်မြှင့်တင်ဖို့ ကမ်းလှမ်းခဲ့ပြီး အမှန်တကယ် အဆင့်မြှင့်တင်လိုက်တဲ့အခါမှာတော့ Microsoft ရဲ့ နောက်ဆုံးထွက် Operating System အတွက် အနိမ့်ဆုံး Hardware လိုအပ်ချက်ကြောင့် Error ဖြစ်ခဲ့ရပါတယ်။ Windows 11 ဟာ Intel 8th Gen Coffee Lake ဒါမှမဟုတ် Zen 2 CPU နဲ့အထက် Hardware ပိုင်းကို လိုအပ်ပါတယ်။

Unsupported CPU တွေမှာ Windows 11 တင်ဖို့ လွယ်ကူတဲ့နည်းလမ်းတွေရှိပေမဲ့လည်း Microsoft ဟာ မပံ့ပိုးပေးထားတဲ့ Hardware မှာ Desktop watermark အသစ်ကို စမ်းသပ်နေတယ်လို့ သိရပါတယ်။ Microsoft ဟာ Taskbar မှာ Full search box ကို ထည့်သွင်းဖို့ ပြင်ဆင်နေပြီး Start menu မှာ ရှာဖွေမှုကို အဆင့်မြှင့်တင်ဖို့ ပြုလုပ်နေတာ ဖြစ်ပါတယ်။ Tablet-optimized taskbar ကို ထည့်မှာလည်း ဖြစ်ပါတယ်။

Ref: The Verge