[Zawgyi]

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အေနျဖင့္ ဒီဂ်စ္တယ္ အသြင္ကူးေျပာင္းေရးလုပ္ငန္းစဥ္မ်ားအတြက္ Microsoft ၏ Modern Office 365 ဝန္ေဆာင္မႈမ်ားကို စတင္အသုံးျပဳေတာ့မည္ျဖစ္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးစိုးသိန္းက စက္တင္ဘာလ ၁၉ ရက္ေန႔တြင္ ေနျပည္ေတာ္ရွိ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ႐ုံး၌ က်င္းပခဲ့ေသာ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။ အဆိုပါအခမ္းအနားသို႔ Microsoft ျမန္မာ၏ Country Manager ျဖစ္သူ ကိုစိုးသူေအာင္ ႏွင့္ Microsoft South East Asia New Markets ၏ General Manager ျဖစ္သူ Mrs. Sook Hoon Cheah၊ Myanmar Information Technology ၏ စီအီးအို ေဒါက္တာထြန္းသူရသက္ ႏွင့္ Myanmar Information Technology မွ Executive Director ေဒၚလြင္လြင္ၿငိမ္းခ်မ္းတို႔ တက္ေရာက္ခဲ့ၾကသည္။

“ျမန္မာႏိုင္ငံေတာ္အစိုးရအေနနဲ႔ ႐ုံးလုပ္ငန္းစဥ္ေတြမွာ Office 365 ကို Myanmar Information Technology နဲ႔ Microsoft Myanmar တို႔အကူအညီနဲ႔ ေျပာင္းလဲသုံးစြဲၿပီဆိုတဲ့အေၾကာင္းကို ဝမ္းေျမာက္ ဝမ္းသာစြာနဲ႔ ေၾကညာခ်င္ပါတယ္။ ဒီလိုေျပာင္းလဲသုံးစြဲျခင္းဟာ ျမန္မာႏိုင္ငံရဲ႕ e-Governance master plan ကို အေကာင္အထည္ေဖာ္ဖို႔ရာ အဓိကက်တဲ့ေျခလွမ္းတစ္ခုဆိုရင္လည္း မမွားပါဘူး။ ကြၽန္ေတာ္တို႔ အေနနဲ႔ e-Government စနစ္ကိုသာ အသုံးျပဳမယ္ဆိုရင္ ႏိုင္ငံေတာ္အေနနဲ႔ တိုင္းျပည္ရဲ႕ ျပည္နယ္၊တိုင္း အသီးသီးကို ပိုၿပီးထိထိေရာက္ေရာက္ စီမံခန႔္ခြဲႏိုင္မယ့္အျပင္ လူမႈစီးပြားအေျခအေနေတြမွာလဲ ႏိုင္ငံသား ေတြရဲ႕ ေန႔စဥ္လူေနမႈဘဝေတြ တိုးတက္ေျပာင္းလဲလာျခင္း အစရွိတဲ့ အခြင့္အလမ္းေတြ အလ်င္အျမန္နဲ႔ ျဖစ္ေပၚလာမွာျဖစ္ပါတယ္။” ဟု ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးစိုးသိန္း မွ ေျပာၾကားသည္။

Microsoft South East Asia New Markets ၏ General Manager ျဖစ္သူ Mrs. Sook Hoon Cheah က “Microsoft နဲ႔ Office 365 ကို e-Government ေဖာ္ေဆာင္ေရးရည္႐ြယ္ခ်က္အတြက္ ေ႐ြးခ်ယ္ေပးတဲ့ အေပၚ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရကို ကြၽန္မတို႔ Microsoft ကေနမ်ားစြာေက်းဇူးတင္ ေၾကာင္းေျပာလိုပါတယ္။ Microsoft ရဲ႕ Cloud ဝန္ေဆာင္မႈဟာ လုံၿခဳံၿပီး စိတ္ခ်ယုံၾကည္ရတဲ့အျပင္ ဝန္ႀကီးဌာနေတြအားလုံးရဲ႕ အနာဂတ္ ဒီဂ်စ္တယ္အသြင္ကူးေျပာင္းေရးလုပ္ငန္းစဥ္ကို မ်ားစြာ အေထာက္ အကူျပဳႏိုင္မွာလဲ ျဖစ္ပါတယ္” ဟု ေျပာၾကားသည္။

“ျမန္မာႏိုင္ငံအစိုးရအေနနဲ႔ ဒီဂ်စ္တယ္အသြင္ကူးေျပာင္းေရးလုပ္ငန္းစဥ္ခရီးကို လုပ္ေဆာင္ခဲ့ရာမွာ အစိုးရ Microsoft ကေန အခုလို အေကာင္းဆုံးေသာနည္းပညာေတြကို အသုံးျပဳၿပီး အစိုးရဝန္ထမ္းေတြအတြက္ လုပ္ေဆာင္ေပးခဲ့သလို MIT အေနနဲ႔လည္း ဒီလိုေအာင္ျမင္မႈပန္းတိုင္ကို အေကာင္အထည္ေဖာ္ေနတဲ့ ေနရာမွာ လိုအပ္တယ့္ ကြၽမ္းက်င္ဝန္ေဆာင္မႈေတြကို ေထာက္ပံ့လုပ္ေဆာင္ေပးသြားမွာျဖစ္ပါတယ္။” ဟု Myanmar Information Technology Pte Ltd ၏ စီအီးအို ေဒါက္တာထြန္းသူရသက္က ေျပာၾကားသည။္

ျမန္မာႏိုင္ငံေတာ္အစိုးရအေနျဖင့္ ၎တို႔၏ အီးေမလ္းမ်ား၊ productivity ေဆာ့ဖ္ဝဲလ္မ်ား၊ ႐ုံးတြင္း ဆက္သြယ္ေရးေဆာ့ဖ္ဝဲလ္မ်ားကို Microsoft ၏ leading productivity solution မ်ားျဖစ္ေသာ Office 365 သို႔ ေျပာင္းေ႐ႊ႕အသုံးျပဳသြားမည္ျဖစ္သည္။ ထို႔သို႔သုံးစြဲျခင္းျဖင့္ လုပ္ငန္းေဆာင္႐ြက္ႏိုင္မႈစြမ္းအားမ်ား၊ ပူးေပါင္းေဆာင္႐ြက္မႈမ်ားႏွင့္ အစိုးရ၊ ဝန္ႀကီးဌာနမ်ားအၾကား ခ်ိတ္ဆက္ေဆာင္႐ြက္မႈမ်ားတြင္ ပိုမိုစိတ္ခ် လုံၿခဳံမႈမ်ား ျဖစ္ထြန္းလာမည္လည္းျဖစ္သည္။

[Unicode]

Microsoft ၏ နည်းပညာအကူအညီများဖြင့် မြန်မာနိုင်ငံအစိုးရအဖွဲ့မှ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းလုပ်ငန်းစဉ်အား စတင်အကောင်အထည်ဖော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များအတွက် Microsoft ၏ Modern Office 365 ဝန်ဆောင်မှုများကို စတင်အသုံးပြုတော့မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက စက်တင်ဘာလ ၁၉ ရက်နေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံး၌ ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ Microsoft မြန်မာ၏ Country Manager ဖြစ်သူ ကိုစိုးသူအောင် နှင့် Microsoft South East Asia New Markets ၏ General Manager ဖြစ်သူ Mrs. Sook Hoon Cheah၊ Myanmar Information Technology ၏ စီအီးအို ဒေါက်တာထွန်းသူရသက် နှင့် Myanmar Information Technology မှ Executive Director ဒေါ်လွင်လွင်ငြိမ်းချမ်းတို့ တက်ရောက်ခဲ့ကြသည်။

“မြန်မာနိုင်ငံတော်အစိုးရအနေနဲ့ ရုံးလုပ်ငန်းစဉ်တွေမှာ Office 365 ကို Myanmar Information Technology နဲ့ Microsoft Myanmar တို့အကူအညီနဲ့ ပြောင်းလဲသုံးစွဲပြီဆိုတဲ့အကြောင်းကို ဝမ်းမြောက် ဝမ်းသာစွာနဲ့ ကြေညာချင်ပါတယ်။ ဒီလိုပြောင်းလဲသုံးစွဲခြင်းဟာ မြန်မာနိုင်ငံရဲ့ e-Governance master plan ကို အကောင်အထည်ဖော်ဖို့ရာ အဓိကကျတဲ့ခြေလှမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ ကျွန်တော်တို့ အနေနဲ့ e-Government စနစ်ကိုသာ အသုံးပြုမယ်ဆိုရင် နိုင်ငံတော်အနေနဲ့ တိုင်းပြည်ရဲ့ ပြည်နယ်၊တိုင်း အသီးသီးကို ပိုပြီးထိထိရောက်ရောက် စီမံခန့်ခွဲနိုင်မယ့်အပြင် လူမှုစီးပွားအခြေအနေတွေမှာလဲ နိုင်ငံသား တွေရဲ့ နေ့စဉ်လူနေမှုဘဝတွေ တိုးတက်ပြောင်းလဲလာခြင်း အစရှိတဲ့ အခွင့်အလမ်းတွေ အလျင်အမြန်နဲ့ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။” ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း မှ ပြောကြားသည်။

Microsoft South East Asia New Markets ၏ General Manager ဖြစ်သူ Mrs. Sook Hoon Cheah က “Microsoft နဲ့ Office 365 ကို e-Government ဖော်ဆောင်ရေးရည်ရွယ်ချက်အတွက် ရွေးချယ်ပေးတဲ့ အပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကို ကျွန်မတို့ Microsoft ကနေများစွာကျေးဇူးတင် ကြောင်းပြောလိုပါတယ်။ Microsoft ရဲ့ Cloud ဝန်ဆောင်မှုဟာ လုံခြုံပြီး စိတ်ချယုံကြည်ရတဲ့အပြင် ဝန်ကြီးဌာနတွေအားလုံးရဲ့ အနာဂတ် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို များစွာ အထောက် အကူပြုနိုင်မှာလဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

“မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ခရီးကို လုပ်ဆောင်ခဲ့ရာမှာ အစိုးရ Microsoft ကနေ အခုလို အကောင်းဆုံးသောနည်းပညာတွေကို အသုံးပြုပြီး အစိုးရဝန်ထမ်းတွေအတွက် လုပ်ဆောင်ပေးခဲ့သလို MIT အနေနဲ့လည်း ဒီလိုအောင်မြင်မှုပန်းတိုင်ကို အကောင်အထည်ဖော်နေတဲ့ နေရာမှာ လိုအပ်တယ့် ကျွမ်းကျင်ဝန်ဆောင်မှုတွေကို ထောက်ပံ့လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။” ဟု Myanmar Information Technology Pte Ltd ၏ စီအီးအို ဒေါက်တာထွန်းသူရသက်က ပြောကြားသည။်

မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ၎င်းတို့၏ အီးမေလ်းများ၊ productivity ဆော့ဖ်ဝဲလ်များ၊ ရုံးတွင်း ဆက်သွယ်ရေးဆော့ဖ်ဝဲလ်များကို Microsoft ၏ leading productivity solution များဖြစ်သော Office 365 သို့ ပြောင်းရွှေ့အသုံးပြုသွားမည်ဖြစ်သည်။ ထို့သို့သုံးစွဲခြင်းဖြင့် လုပ်ငန်းဆောင်ရွက်နိုင်မှုစွမ်းအားများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် အစိုးရ၊ ဝန်ကြီးဌာနများအကြား ချိတ်ဆက်ဆောင်ရွက်မှုများတွင် ပိုမိုစိတ်ချ လုံခြုံမှုများ ဖြစ်ထွန်းလာမည်လည်းဖြစ်သည်။