Microsoft ဟာ လက်ရှိအချိန်မှာ Windows 11 ကို တရားဝင်အနေနဲ့မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ စတင်မိတ်ဆက်တဲ့အချိန်တုန်းက Bug အနည်းငယ်ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ Bug တွေကို ပြန်လည်ပြင်ဆင်ထားတဲ့ Update တွေကို ဆက်တိုက်ထုတ်ပေးနေတာကြောင့် တော်တော်လေးကိုအဆင်ပြေနေပြီလို့တောင် ပြောနိုင်ပါတယ်။

ဒါကြောင့် Microsoft ကနေ အသုံးပြုသူတွေကို ယခင် Windows တွေအစား နောက်ဆုံးထွက်ရှိထားတဲ့ Windows ကိုပဲ အသုံးပြုစေချင်ပုံရပါတယ်။ ဘာကြောင့်လဲဆိုရင် Microsoft ရဲ့ ကိုယ်ပိုင် Cloud Storage Service တစ်ခုဖြစ်တဲ့ OneDrive ကို လာမယ့်နှစ်မှာ Windows 7 ၊ Windows 8 နဲ့ 8.1 မှာ အလုပ်လုပ်နိုင်ခြင်းမရှိအောင် ရပ်ဆိုင်းတော့မယ်လို့ ကြေညာခဲ့တာကြောင့်ဖြစ်ပါတယ်။

တကယ်လို့ ကိုယ်က Windows 7 ၊ 8 နဲ့ 8.1 တွေကို အသုံးပြုနေတုန်းဆိုရင် လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စတင်ပြီး Software Update တွေကို ရရှိမှာမဟုတ်တော့ပါဘူး။ လာမယ့် ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့နောက်ပိုင်းမှာတော့ OneDrive ဟာ အဆိုပါ Windows တွေမှာ File တွေကို Sync ပြုလုပ်နေမှုကိုလည်း ရပ်ဆိုင်းလိုက်မှာဖြစ်ပါတယ်။

Microsoft OneDrive ဟာ အခုနောက်ပိုင်း Windows 10 နဲ့ Windows 11 Update တွေမှာ ပိုပြီး Integrate ဖြစ်လာပြီး သီးသန့် Software သွင်းစရာမလိုဘဲ ကိုယ်တိုင် Sync ပြုလုပ်ချင်တဲ့ File တွေ၊ Folder တွေကို ရွေးချယ်လိုက်တာနဲ့ အလိုအလျောက် Sync ပြုလုပ်ပေးနိုင်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုလိုမျိုး Windows အဟောင်းတွေအစား အသစ်တွေကိုပဲ Update ပြုလုပ်ဖို့ တိုက်တွန်းနေပုံရပါတယ်။

Ref – Engadget