Microsoft ဟာ သူ့ရဲ့ Official app တွေကို Android နဲ့ iOS ပေါ်မှာ ပေါင်းစည်းဖို့ ပြီးခဲ့တဲ့နှစ်ကတည်းက ဆုံးဖြတ်ခဲ့တာပါ။ အခုလည်း သူတို့ဟာ iPad အတွက် Office ကို နောက်ဆုံးပေါ် iPadOS trackpad နဲ့ mouse ထောက်ပံ့ပေးနိုင်ဖို့အတွက် စီစဉ်နေပြီလို့ သိရပါတယ်။

Microsoft ဟာ သူ့ရဲ့ App ကို Apple ရဲ့ နောက်ဆုံးပေါ် ဆော့ဖ်ဝဲလုပ်ဆောင်ချက်တွေနဲ့ နီးစပ်အောင် အမြဲတမ်း အဆင့်မြှင့်တင်နေတာပါ။ Word, Excel, PowerPoint စတာတွေကိုလည်း မွမ်းမံပြီး အဆင့်မြှင့်တင်ခဲ့ပြီး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်က Apple ဟာ iPadOS အတွက် Cursor support လုပ်ခဲ့သလိုပဲ Microsoft ကလည်း အလားတူ အင်္ဂါရပ်ကို ထည့်သွင်းချင်နေတာ ဖြစ်ပါတယ်။

Microsoft ဟာ iPad အတွက် Cursor ကို ထောက်ပံ့ဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းကို TechCrunch ကလည်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီထောက်ပံ့မှုကို ဒီနှစ်အတွင်းမှာပဲ ထုတ်လွှတ်သွားမယ်လို့လည်း ထည့်သွင်းဖော်ပြခဲ့ပါသေးတယ်။ The Verge ရဲ့ဖော်ပြမှုမှာတော့ လာမယ့် ဆောင်းဦးရာသီမှာ Microsoft ဟာ Cursor အထောက်အပံ့ကို ထည့်သွင်းပေးမယ်လို့ တွေ့မြင်ရပါတယ်။

အခုအချိန်ထိတော့ Microsoft အနေနဲ့ iPad ရဲ့ Office အတွက် Cursor ထောက်ပံ့ပေးတဲ့အကြောင်းနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ဝေမျှပေးတာမျိုး မရှိသေးပါဘူး။ Microsoft ဟာ ပြီးခဲ့တဲ့နှစ်တုန်းက iOS မှာ iPad Split View for Outlook ကို ဖြန့်ချိခဲ့ပါတယ်။ iOS အတွက် စုစည်းထားတဲ့ Office app ကိုတော့ ဒီနှစ်အစောပိုင်းမှ ထုတ်ပြန်ခဲ့တာပါ။ Office app အသစ်ဟာ Word, Excel, PowerPoint နဲ့ Office app တွေကို သီးသန့် App တစ်ခုတည်းမှာ ပေါင်းစပ်လိုက်တာ ဖြစ်ပါတယ်။

Ref: PhoneArena