Microsoft က Surface Duo 2 ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပြီး Android OS ထည့်သွင်းထားပါတယ်။ အခုတော့ ကုမ္ပဏီက အဲဒီ စမတ်ဖုန်းအတွက် ၃ နှစ်အထိ Update ပေးမယ်လို့ ကတိပေးလိုက်ပါတယ်။

Microsoft promises three years of updates for the Surface Duo 2

ကုမ္ပဏီဟာ ပထမမျိုးဆက် Surface Duo ကို ရောင်းချချိန်တုန်းကလည်း ဒီလိုပဲ ကတိပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ Surface Duo မှာ Android 10 ပဲ ရနေတုန်း ဖြစ်ပါတယ်။ Microsoft က အဲဒီ ဖုန်းအတွက် Android 11 ကို ဒီနှစ်မကုန်ခင် ဖြန့်ချိပေးဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

Microsoft promises three years of updates for the Surface Duo 2

Microsoft ဟာ Surface Duo ကို တော်တော်ကြိုးစား  ဖန်တီးထားတယ်လို့ သိရပါတယ်။ Software နဲ့ Hardware ကို ဆန်းသစ်ထားပြီး Surface Duo 2 မှာလည်း အဲဒီလို ပြုလုပ်ပေးထားသင့်ပါတယ်။ Surface Duo 2 မှာ Android 11 ထည့်သွင်းထားပြီး Android 12 ရရှိမယ့် အချိန်ကို မသိရသေးပါဘူး။

Microsoft ဟာ ဒီ ၁ ပတ်ထဲမှာ Surface Hardware Event ကို ကျင်းပခဲ့ပြီး Surface Computer အသစ်တွေနဲ့ Surface Duo 2 ကို ကြေညာခဲ့ပါတယ်။ Surface Duo 2 မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး ဘက်ထရီ အရွယ်အစား ပိုကြီးလာပါတယ်။ ပိုမြန်တဲ့ Chipset ပါလာပြီး မျက်နှာပြင် အသစ်တွေ ထည့်သွင်းထားပါတယ်။ မျက်နှာပြင် ၂ ခု ပါတဲ့ ဖုန်း ဖြစ်ပြီး NFC ထောက်ပံ့ထားပါတယ်။

Ref : gsmarena