Zawgyi

Microsoft ကေန ပုံမွန္အားျဖင့္ တစ္ႏွစ္ကို ၂ ႀကိမ္ခန္႔ Windows 10 Major Update ေတြထုတ္ေပးေနၾကျဖစ္ပါတယ္။ အခုႏွစ္အတြက္ ဒုတိယေျမာက္ Major Update လို႔ ေျပာရမယ့္ Windows 10 November Update ကိုလည္း လက္ရွိ Windows 10 အသုံးျပဳသူေတြအတြက္ Download ျပဳလုပ္ႏိုင္ေအာင္ စတင္ထုတ္ေပးလိုက္ပါၿပီ။

ပုံမွန္အားျဖင့္ Microsoft ရဲ႕ Windows 10 Major Update ေတြဟာ Feature အသစ္ေတြနဲ႔ Design Change ေတြပါဝင္ေလ့ရွိေပမယ့္ ဒီ November 2019 တျဖစ္လဲ Windows 10 Version 1909 မွာေတာ့ အျပင္ပန္းအရ ေျပာင္းလဲမႈမရွိဘဲ Internal Stability နဲ႔ Performance Improvement ေတြပဲ ျပဳလုပ္ထားတဲ့ Service Pack တစ္ခုအေနနဲ႔ ထြက္ရွိလာတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ယခင္ Windows 10 Update ေတြနဲ႔ ယွဥ္ရင္ Download ျပဳလုပ္ၿပီး Install လုပ္တဲ့အခ်ိန္က ပိုေလ်ာ့နည္းသြားမွာပါ။

အျပင္ပန္းအရေျပာင္းလဲမႈအေနနဲ႔ဆိုရင္ ဒီ November Update က Notification Center မွာ Notification ေတြကို အလြယ္တကူ Manage လုပ္ဖို႔အတြက္ Manage Notifications ဆိုတဲ့ စာတန္းပါဝင္လာတာျဖစ္ၿပီး Notification တစ္ခုဝင္လာတယ္ဆိုရင္လည္း အဆိုပါ Notification ေပၚမွာ Right Click ႏွိပ္ၿပီး Mute လုပ္ႏိုင္တဲ့ Option အသစ္ပါဝင္လာမွာပါ။ က်န္တဲ့ ေျပာင္းလဲမႈေတြကေတာ့ Start Menu ပိုင္းအနည္းငယ္ေျပာင္းလဲထားၿပီး Calendar Event ေတြကိုလည္း Task Bar ကေန ထည့္သြင္းႏိုင္တာပဲျဖစ္ပါတယ္။ Microsoft ကေတာ့ File Explorer မွာရွိတဲ့ Search Functionality ကိုလည္း Update ျပဳလုပ္ထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အခု Windows 10 November 2019 Update Version 1909 ကို Update ျပဳလုပ္ခ်င္တယ္ဆိုရင္ေတာ့ Windows 10 ရဲ႕ Settings – Update & Security – Windows Updates ကေန Check Update ျပဳလုပ္ၿပီး Download ရယူႏိုင္မွာျဖစ္ပါတယ္။

Ref- The Verge

Unicode

Microsoft ကနေ ပုံမှန်အားဖြင့် တစ်နှစ်ကို ၂ ကြိမ်ခန့် Windows 10 Major Update တွေထုတ်ပေးနေကြဖြစ်ပါတယ်။ အခုနှစ်အတွက် ဒုတိယမြောက် Major Update လို့ ပြောရမယ့် Windows 10 November Update ကိုလည်း လက်ရှိ Windows 10 အသုံးပြုသူတွေအတွက် Download ပြုလုပ်နိုင်အောင် စတင်ထုတ်ပေးလိုက်ပါပြီ။

ပုံမှန်အားဖြင့် Microsoft ရဲ့ Windows 10 Major Update တွေဟာ Feature အသစ်တွေနဲ့ Design Change တွေပါဝင်လေ့ရှိပေမယ့် ဒီ November 2019 တဖြစ်လဲ Windows 10 Version 1909 မှာတော့ အပြင်ပန်းအရ ပြောင်းလဲမှုမရှိဘဲ Internal Stability နဲ့ Performance Improvement တွေပဲ ပြုလုပ်ထားတဲ့ Service Pack တစ်ခုအနေနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခင် Windows 10 Update တွေနဲ့ ယှဥ်ရင် Download ပြုလုပ်ပြီး Install လုပ်တဲ့အချိန်က ပိုလျော့နည်းသွားမှာပါ။

အပြင်ပန်းအရပြောင်းလဲမှုအနေနဲ့ဆိုရင် ဒီ November Update က Notification Center မှာ Notification တွေကို အလွယ်တကူ Manage လုပ်ဖို့အတွက် Manage Notifications ဆိုတဲ့ စာတန်းပါဝင်လာတာဖြစ်ပြီး Notification တစ်ခုဝင်လာတယ်ဆိုရင်လည်း အဆိုပါ Notification ပေါ်မှာ Right Click နှိပ်ပြီး Mute လုပ်နိုင်တဲ့ Option အသစ်ပါဝင်လာမှာပါ။ ကျန်တဲ့ ပြောင်းလဲမှုတွေကတော့ Start Menu ပိုင်းအနည်းငယ်ပြောင်းလဲထားပြီး Calendar Event တွေကိုလည်း Task Bar ကနေ ထည့်သွင်းနိုင်တာပဲဖြစ်ပါတယ်။ Microsoft ကတော့ File Explorer မှာရှိတဲ့ Search Functionality ကိုလည်း Update ပြုလုပ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

အခု Windows 10 November 2019 Update Version 1909 ကို Update ပြုလုပ်ချင်တယ်ဆိုရင်တော့ Windows 10 ရဲ့ Settings – Update & Security – Windows Updates ကနေ Check Update ပြုလုပ်ပြီး Download ရယူနိုင်မှာဖြစ်ပါတယ်။

Ref- The Verge