[Unicode]

Microsoft က Game Awards မှာ နောက်မျိုးဆက် ဂိမ်းစက်ကို ပြသလိုက်ပါတယ်။ Xbox Series X လို့ နာမည်ပေးထားပြီး Microsoft ရဲ့ အမြန်ဆုံးနဲ့ စွမ်းရည်အမြင့်ဆုံး ဂိမ်းစက် ဖြစ်လာပါတယ်။ Xbox One X ထက် Processing Power ဟာ ၄ ဆ ပိုများပြီး 60fps 4K Graphic ကို ထောက်ပံ့ပေးပါတယ်။ Processor ရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို မသိရသေးပေမယ့် Custom CPU နဲ့ SSD တွေ ပါမယ်ဆိုတာတော့ သိထားပြီးပါပြီ။ 120fps 8K ကိုတောင် ထောက်ပံ့ပေးနိုင်လောက်ပါတယ်။

Microsoft က ၂၀၂၀ ခုနှစ်ရဲ့ ခရစ်စမတ်ရာသီမှာ ရောင်းမယ်လို့ ပြောပါတယ်။ Xbox Series X ဟာ စမတ်စပီကာနဲ့ ပိုတောင်တူပြီး ဒေါင်လိုက်ရော ၊ အလျားလိုက်ပါ ထားရှိ အသုံးပြုနိုင်ပါတယ်။

ဂိမ်းစက်အပြင် Microsoft က Hellblade: Senua’s Sacrifice ရဲ့ နောက်မျိုးဆက် Senua’s Saga: Hellblade II ကိုလည်း ပြသလိုက်ပါတယ်။ ပထမဂိမ်းကို PS4 မှာပဲ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ Microsoft က အဲဒီ ဂိမ်းကို ဖြန့်ချိမယ့် အချိန်နဲ့ Series X မှာ ကစားနိုင်မလားဆိုတာ မပြောသေးပါဘူး။

Xbox က အရင်မျိုးဆက် Xbox ဂိမ်းစက်တွေမှာ ရတဲ့ ဂိမ်းအားလုံးကို Series X မှာ ကစားနိုင်မယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ Series X ဟာ လက်ရှိရောင်းထားတဲ့ Xbox Accessories အားလုံးနဲ့ တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပြီး Cloud မှာ သိမ်းထားတဲ့ Achievements တွေကို ခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။

Ref : tnw

[Zawgyi]

Microsoft က Xbox Series X ကို ျပသ

Microsoft က Game Awards မွာ ေနာက္မ်ိဳးဆက္ ဂိမ္းစက္ကို ျပသလိုက္ပါတယ္။ Xbox Series X လို႔ နာမည္ေပးထားၿပီး Microsoft ရဲ႕ အျမန္ဆံုးနဲ႔ စြမ္းရည္အျမင့္ဆံုး ဂိမ္းစက္ ျဖစ္လာပါတယ္။ Xbox One X ထက္ Processing Power ဟာ ၄ ဆ ပိုမ်ားၿပီး 60fps 4K Graphic ကို ေထာက္ပံ့ေပးပါတယ္။ Processor ရဲ႕ အေသးစိတ္ သတင္းအခ်က္အလက္ေတြကို မသိရေသးေပမယ့္ Custom CPU နဲ႔ SSD ေတြ ပါမယ္ဆိုတာေတာ့ သိထားၿပီးပါၿပီ။ 120fps 8K ကိုေတာင္ ေထာက္ပံ့ေပးႏုိင္ေလာက္ပါတယ္။

Microsoft က ၂၀၂၀ ခုႏွစ္ရဲ႕ ခရစ္စမတ္ရာသီမွာ ေရာင္းမယ္လို႔ ေျပာပါတယ္။ Xbox Series X ဟာ စမတ္စပီကာနဲ႔ ပိုေတာင္တူၿပီး ေဒါင္လိုက္ေရာ ၊ အလ်ားလိုက္ပါ ထားရွိ အသံုးျပဳႏုိင္ပါတယ္။

ဂိမ္းစက္အျပင္ Microsoft က Hellblade: Senua’s Sacrifice ရဲ႕ ေနာက္မ်ိဳးဆက္ Senua’s Saga: Hellblade II ကိုလည္း ျပသလိုက္ပါတယ္။ ပထမဂိမ္းကို PS4 မွာပဲ ကစားႏုိင္ခဲ့တာ ျဖစ္ပါတယ္။ Microsoft က အဲဒီ ဂိမ္းကို ျဖန္႔ခ်ိမယ့္ အခ်ိန္နဲ႔ Series X မွာ ကစားႏိုင္မလားဆိုတာ မေျပာေသးပါဘူး။

Xbox က အရင္မ်ိဳးဆက္ Xbox ဂိမ္းစက္ေတြမွာ ရတဲ့ ဂိမ္းအားလံုးကို Series X မွာ ကစားႏုိင္မယ္လို႔ ထုတ္ျပန္ေၾကညာထားပါတယ္။ Series X ဟာ လက္ရွိေရာင္းထားတဲ့ Xbox Accessories အားလံုးနဲ႔ တြဲဖက္ အသံုးျပဳႏုိင္မွာ ျဖစ္ၿပီး Cloud မွာ သိမ္းထားတဲ့ Achievements ေတြကို ခံစားခြင့္ရွိမွာ ျဖစ္ပါတယ္။

Ref : tnw