Microsoft ဟာ Windows 11 ကို တရားဝင်မိတ်ဆက်ခဲ့တာ အခုဆိုရင်လပိုင်းခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။ Windows 11 ဟာ Design ပိုင်းမှာ Windows 10 နဲ့ယှဥ်ရင် ပြောင်းလဲမှုအများအပြားရှိသလို Feature အသစ်တွေလည်း အများအပြားပါဝင်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Microsoft ကနေ Windows 11 ကို စမ်းသပ်အသုံးပြုချင်တဲ့သူတွေအတွက် Windows Insider Program ကနေ Dev Channel အပြင် Beta Channel အတွက်ပါ ထုတ်ပေးထားတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Microsoft ကနေ Windows 11 ISO File တွေကို တရားဝင် Download ပြုလုပ်ခွင့်ပေးခဲ့ပါတယ်။

ဒီလိုမျိုး Windows 11 ကို Dev Channel ပဲဖြစ်ဖြစ် Beta Channel ပဲဖြစ်ဖြစ် အသုံးပြုနေတယ်ဆိုရင် Bug တွေ၊ Error တွေအများကြီး ကြုံတွေ့ရမှာမဟုတ်သေးဘဲ ပုံမှန်နေ့စဥ်အသုံးပြုနိုင်တဲ့အထိ Stable ဖြစ်နေတာဖြစ်ပါတယ်။ ဒါကလည်း Microsoft ကနေ Windows 11 မှာပါဝင်မယ်ဆိုပြီး မိတ်ဆက်ခဲ့တဲ့ Feature အသစ်တွေအများအပြားပါဝင်ခြင်းမရှိသေးတာကြောင့်ဖြစ်ပါတယ်။ ဥပမာအားဖြင့် လက်ရှိအချိန်အထိ Windows 11 Dev Channel နဲ့ Beta Channel တွေမှာ Android App တွေကို အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။

ဒါပေမယ့် အခုအချိန်မှာတော့ Microsoft ကနေ လက်ရှိ Windows 11 Dev Channel ကို အသုံးပြုနေတဲ့သူတွေကို နောက်ပိုင်း Dev Channel အတွက် Update တွေဟာ Stable ဖြစ်မှာမဟုတ်တော့တဲ့ Feature တွေကို စတင်စမ်းသပ်သွားတော့မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီသတင်းကို Microsoft ကိုယ်တိုင်ကနေ Windows 11 Insider Program Dev Channel ကို ဝင်ရောက်ထားတဲ့သူတွေကို Email ပေးပို့ပြီး အသိပေးနေတာဖြစ်ပါတယ်။

Microsoft ရဲ့ ပြောကြားချက်အရတော့ တကယ်လို့ Windows 11 ကို Stable ဖြစ်ဖြစ်နဲ့ အသုံးပြုချင်တယ်ဆိုရင် Dev Channel အစား Beta Channel ကို ပြောင်းလဲအသုံးပြုသင့်ပြီး နောက်ပိုင်းမှာလည်း Feature Update တွေရရှိလာမှာဖြစ်ပါတယ်။ Dev Channel အနေနဲ့ကတော့ Feature အသစ်တွေအပြင် Early Development Build တွေကို စတင်စမ်းသပ်မှာဖြစ်တာကြောင့် တကယ့် Developer နဲ့ Feature အသစ်တွေကို စမ်းသပ်ချင်တဲ့သူတွေအနေနဲ့ပဲ ဆက်လက်အသုံးပြုသင့်ပါတယ်။

တကယ်လို့ Windows 11 ကို အသုံးပြုနေပြီးတော့ ကိုယ်အသုံးပြုနေတာက Dev Channel လား၊ Beta Channel လားသိချင်တယ်ဆိုရင်တော့ Settings – Windows Update – Windows Insider Program ကနေတစ်ဆင့် Choose Your Insider Settings ကနေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Ref – MS Poweruser