Microsoft ဟာ လက်ရှိအချိန်မှာ WIndows ကွန်ပျူတာတွေအတွက် Windows 10 OS ကိုပဲ ထုတ်လုပ်ပေးနေတာဖြစ်ပြီး ပုံမှန် 64-bit Version အပြင် 32-bit Version ကိုပါ ထုတ်ပေးနေတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်မှာတော့ Microsoft ကနေ 32-bit Windows 10 Version ကို ထုတ်ပေးနေမှုကို ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။

အဆိုပါသတင်းကိုတော့ NeoWin Website ကနေ တွေ့ရှိခဲ့တာဖြစ်ပြီး လာမယ့် Windows 10 May 2020 Update ဖြစ်တဲ့ Windows 10 Version 2004 ကနေ စတင်ပြီးတော့ Windows 10 သုံးစွဲထားမယ့် Sytem တွေအကုန်လုံးဟာ 64-bit ကိုပဲ အသုံးပြုရတော့မှာဖြစ်တယ်လို့ သိရပါတယ်။ Microsoft ကိုယ်တိုင်ကလည်း အဆိုပါ Windows 10 Version 2004 နဲ့ နောက်ပိုင်းမှာ 32-bit Version ထုတ်လုပ်မှုကို ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Microsoft ကနေ လက်ရှိ 32-bit Windows 10 ကို အသုံးပြုနေတဲ့ ကွန်ပျူတာတွေကိုတော့ ဆက်လက်ပြီး Software Support ပေးသွားဦးမှာဖြစ်ပြီး Feature Update တွေနဲ့ Security Patch တွေကို ရရှိနေဦးမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Windows 10 32-bit Version ဟာ Limitation တွေအများအပြားရှိနေသလို RAM ကို 3.2GB ထက်ပိုပြီး အသုံးပြုနိုင်ခြင်းမရှိတာ၊ Security ပိုင်းအားနည်းချက်တွေရှိနေတဲ့အတွက် 32-bit Version အစား 64-bit Version ကို ပြောင်းလဲအသုံးပြုသင့်ပြီလို့ ပြောရမှာပါ။

Ref – Engadget