ပြီးခဲ့တဲ့လပိုင်းတုန်းက စတင်ပြီးဖြစ်ပွားခဲ့တဲ့ COVID-19 ဗိုင်းရပ်စ်ဟာ တကမ္ဘာလုံးမှာရှိတဲ့လူတွေအကုန်လုံးကို အနည်းနဲ့အများထိခိုက်သွားပြီး နည်းပညာကုမ္ပဏီအများအပြားကလည်း အလုပ်တွေကို အိမ်ကနေပဲ အလုပ်လုပ်ကိုင်ဖို့အတွက်ပြောင်းလဲခဲ့ပါတယ်။

အဲ့ဒီထဲကမှ Microsoft ကုမ္ပဏီလည်းပါဝင်ခဲ့ပြီးတော့ ပြီးခဲ့တဲ့မတ်လထဲက ကုမ္ပဏီရဲ့ Retail Store တွေကို လုံးဝပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Microsoft ကနေ အဆိုပါ Retail Store တွေအကုန်လုံးကို ပြန်လည်ဖွင့်သွားတော့မှာမဟုတ်ဘဲ လုံးဝအပြီးတိုင်ပိတ်သိမ်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

အဲ့ဒီအတွက် Microsoft ရဲ့ Retail နဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေအကုန်လုံးက Online Only ဖြစ်သွားမှာဖြစ်ပြီး ဝန်ထမ်းတွေရဲ့ Sales ပိုင်း၊ Training နဲ့ ကျန်တဲ့ Cooperate Office အတွက် Support တွေကိုလည်း Online ကနေပဲ ဆောင်ရွက်သွားတော့မှာဖြစ်ပါတယ်။ Microsoft ကတော့ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေဟာ Online Sales သီးသန့်ဖြစ်သွားပေမယ့်လည်း ကောင်းမွန်စွာစွမ်းဆောင်နိုင်မယ်လို့ ယုံကြည့်ထားတယ်လို့ သိရပါတယ်။

သိရတဲ့သတင်းတွေအရ Microsoft ဟာ COVID-19 ဗိုင်းရပ်စ်မဖြစ်ပွားခင်တုန်းထဲက အခုလိုမျိုး Online ကနေပဲ အလုပ်တွေကို ဆောင်ရွက်သွားဖို့စီစဥ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လထဲကအခုအချိန်အထိ Virtual Workshop ပေါင်း ၁၄,၀၀၀ ကျော်နဲ့ Online Graduation ပေါင်း ၃,၀၀၀ ကျော်ကို ပြုလုပ်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အခုလိုမျိုး Retail Store တွေအကုန်လုံးကို ပိတ်သိမ်းလိုက်ပေမယ့်လည်း London ၊ New York ၊ Sydney နဲ့ Redmond မှာရှိတဲ့ Retail Store တွေကိုတော့ Customer တွေအနေနဲ့ Product တွေကိုလာရောက်စမ်းသပ်နိုင်တဲ့ Experience Center အနေနဲ့ ပြောင်းလဲသွားမယ်လို့သိရပါတယ်။

Ref – Phone Arena