Microsoft Surface Duo ကို စက်တင်ဘာလ ၁၀ ရက်နေ့မှာ ရောင်းတော့မှာ ဖြစ်ပြီး အခုတော့ Geekbench ကို ရောက်လာပါပြီ။ စမ်းသပ်ထားတဲ့ မော်ဒယ်ဟာ အခြေခံ 6/128GB အလုံး ဖြစ်ပုံရပြီး Snapdragon 855 Chipset မောင်းနှင်ထားပါတယ်။ Microsoft Surface Duo ရဲ့ ရမှတ်ဟာ Snapdragon 855 Chipset ပါတဲ့ အရင်နှစ်ထုတ် စွမ်းရည်မြင့် ဖုန်းတွေနဲ့ တူညီနေပါတယ်။

Microsoft Surface Duo ဟာ Single-core ရမှတ်မှာ ၇၆၂ မှတ်နဲ့ Multi-core ရမှတ်မှာ ၂၈၆၇ မှတ်ရထားပါတယ်။ တူညီတဲ့ Chipset ပါတဲ့ Samsung Galaxy Fold နဲ့ နှိုင်းယှဉ်ရရင် Microsoft Surface Duo ဟာ Multi-core အပိုင်းမှာ ၂၀၀ မှတ်ပိုများနေပါတယ်။

Microsoft Surface Duo ဟာ Geekbench မှာ Snapdragon 855+ Chipset ပါတဲ့ ဖုန်းတွေလောက် စွမ်းဆောင်ရည် ကောင်းမွန်အောင် ဖန်တီးထားတာ တွေ့ရပြီး Microsoft က ဒီလို စွမ်းဆောင်ရည်ကောင်းအောင် ဘယ်လို ဖန်တီးထားသလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Ref : gsmarena