Microsoft ကနေ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတုန်းက Foldable Phone ဖြစ်တဲ့ Surface Duo ကို မိတ်ဆက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Surface Duo ကို စတင်ရောင်းချမယ့်အချိန်နဲ့ စျေးနှုန်းကို Blog Post ကနေ တစ်ဆင့်ဖော်ပြလိုက်ပြီဖြစ်ပါတယ်။

Microsoft ဟာ Surface Duo ကို လာမယ့်စက်တင်ဘာလ ၁၀ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ကတော့ $1,399 (မြန်မာငွေ ၁၉ သိန်းဝန်းကျင်) သတ်မှတ်ထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Samsung Galaxy Z Fold 2 လိုမျိုး ဖုန်းတွေနဲ့ ယှဥ်ပြိုင်ရဖွယ်ရှိနေပါတယ်။

ဒါပေမယ့်လည်း Galaxy Z Fold 2 နဲ့ မတူညီတဲ့အချက်ကတော့ Microsoft ကနေ Surface Duo ကို Business User အတွက် ရည်ရွယ်ထားတာဖြစ်ပြီး Enterprise Level Security ပါဝင်တဲ့ Custom UEFI ကိုထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Surface Duo ကို အသုံးပြုနေတဲ့သူတွေအနေနဲ့ Windows Virtual Desktop နည်းပညာနဲ့ Cloud Powered Windows 10 ကိုပါ အသုံးပြုနိုင်ဦးမယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီအတွက် စမတ်ဖုန်းတစ်လုံးကို အသုံးပြုနေရတာမျိုးထက် Mini Portable PC ကို အသုံးပြုနေသလိုမျိုး ခံစားရမှာပါ။

Microsoft ကနေ အခုလိုမျိုး စျေးနှုန်းနဲ့ ရောင်းချမယ့်အချိန်ကို ဖော်ပြခဲ့ပေမယ့်လည်း တခြားသော Specification အသေးစိတ်၊ Accessories တွေနဲ့ ဝယ်ယူရရှိနိုင်မယ့် သတင်းတွေကို ဖော်ပြခဲ့ခြင်းမရှိသေးပါဘူး။ အဲ့ဒီအတွက် တခြားအသေးစိတ်သတင်းတွေကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Ref – Gizmo China