Microsoft Surface Duo နဲ့ပတ်သက်တဲ့ သတင်းတွေကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ ထွက်ပေါ်လာခဲ့ဖူးပါတယ်။ အထူးသဖြင့် ဖေဖော်ဝါရီလဆန်းပိုင်းမှာ Screen နှစ်ခုပါတဲ့ Microsoft Surface Duo ကို အသုံးပြုနေတဲ့ ဗီဒီယို ပေါ်ထွက်လာခဲ့ပါတယ်။ ဖေဖော်ဝါရီ လကုန်ပိုင်းမှာတော့ Teaser အချို့ ပေါ်ထွက်ခဲ့တာပါ။

အခုတစ်ခါထွက်လာတာကတော့ Surface Duo ရဲ့ အသေးစိတ်အချက်အလက်အချို့နဲ့ Stylus အကြောင်း အချက်အလက်အချို့ ဖြစ်ပါတယ်။ Windows Latest ကတော့ အခုထွက်မယ့် Surface Duo ဟာ ကညစ်ကို အသုံးပြုရတာ ပိုကောင်းတဲ့ အတွေ့အကြုံရစေမယ့် Feature တွေ ပါဝင်တယ်လို့ ဆိုထားပါတယ်။

Developer တွေကလည်း ဒီအတွက် လုပ်ဆောင်နေကြပြီလို့ ထပ်မံဖော်ပြထားပါသေးတယ်။ အစီရင်ခံစာအရ Android input stack ဟာ အသုံးပြုသူရဲ့ လက်ချောင်းနဲ့ ကညစ်ကိုယ်ထည်ထိတွေ့မှုတွေကို သိရှိထိန်းချုပ်နိုင်သလို တစ်ချိန်တည်းမှာပဲ ဖန်သားပြင်မှာလည်း ချောမွေ့စွာနဲ့ အလုပ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။

အစောပိုင်းကတည်းက Surface Pen ဟာ မတူညီတဲ့ ဖိအားအဆင့်တွေကို ကောင်းစွာသိနားလည်တဲ့အတွက် Microsoft အနေနဲ့ ဒီနည်းပညာကို Android platform မှာလည်း အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ မျက်နှာပြင် တစ်ဖက်ကနေ အခြားတစ်ဖက်ကို ဖိဆွဲလာတာဟာ သဘာဝကျကျ ခံစားရပြီး Pen ကို နှစ်ချက်ပုတ်လိုက်ရင် Screenshot  ရိုက်သလိုမျိုး Surface-specific gestures တွေလည်း ရရှိပါတယ်။

ဖန်သားပြင်ပေါ် ပန်းချီဆွဲတဲ့နေရာမှာ ပိုပြီးသဘာဝကျကျ ခံစားရဖို့ ကြိုးစားနေပေမယ့် စိန်ခေါ်မှုအချို့လည်း ရှိနေပါသေးတယ်။ အဲဒါကတော့ Multi-touch protocol မှာ Tilt Value မရှိတာမျိုးပါ။ ဒီပြဿနာက Android ရဲ့ Linux kernel ကနေ ဖြစ်တာလို့ သိရပါတယ်။ တခြား ပြဿနာတွေလည်း ရှိနိုင်မယ်လို့ ယူဆရပေမယ့် တိတိကျကျတော့ မသိရသေးပါဘူး။

သတင်းရေးသားသူက Microsoft Surface Duo ကို ဒီနှစ်နှောင်းပိုင်းမှာ Android 10 နဲ့ ဖြန့်ချိမယ်လို့ အခိုင်အမာပြောထားသလို ထွက်ပြီးသိပ်မကြာခင်မှာပဲ Android 11 ရရှိမယ်လို့ ဆိုပါသေးတယ်။

Ref: GSM Arena