Microsoft ကနေ ပြီးခဲ့တဲ့ဇူလိုင်လ ၂၀၁၈ ခုနှစ်တုန်းက Surface Product တွေထဲမှာ စျေးအသက်သာဆုံးဖြစ်တဲ့ Surface Go Tablet ကို မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Surface Go ဟာ စွမ်းဆောင်ရည်ပိုင်းကတော့ အားရစရာမကောင်းပေမယ့် စျေးနှုန်းအနေနဲ့ ၃၉၉ ဒေါ်လာကနေ စတင်တဲ့အတွက် Budget Windows Tablet တစ်ခုအနေနဲ့ လူကြိုက်များခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Microsoft ကနေ Surface Go 2 Tablet ကို မိတ်ဆက်သွားဖို့ရှိနေပြီးတော့ နောက်ဆုံးရရှိလာတဲ့သတင်းတွေအရ လာမယ့်ရက်သတ္တပတ်ပိုင်းအတွင်းမှာ မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုသတင်းကိုတော့ MSPoweruser ကနေ ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

လောလောဆယ်မှာပေါက်ကြားထားတဲ့သတင်းတွေအရ Surface Go 2 မှာ 8th Gen Intel Core m3-8100Y Dual-core Processor ပါဝင်မှာဖြစ်ပြီး အနိမ့်ဆုံး RAM 8GB ပါဝင်မှာဖြစ်ပါတယ်။ CPU Performance ပိုင်းမှာတော့ လက်ရှိ Windows 10 Laptop တွေနဲ့ ယှဥ်နိုင်မှာမဟုတ်သေးပေမယ့် ပုံမှန်အသုံးပြုဖို့အတွက်ကတော့ လုံလောက်မယ်လို့ ယူဆရပါတယ်။

စျေးနှုန်းတွေအနေနဲ့တော့ Microsoft Surface Go 2 Tablet ဟာ ယခင် Surface Go လိုမျိုးပဲ ၃၉၉ ဒေါ်လာ (မြန်မာငွေ ၅ သိန်း ၆ သောင်းဝန်းကျင်) ကနေ စတင်မှာဖြစ်ပြီး LTE ပါဝင်တဲ့ အမြင့်ဆုံး Version ကတော့ ဒေါ်လာ ၆၅၀ (မြန်မာငွေ ၉ သိန်းကျော်) ကျသင့်မှာဖြစ်ပါတယ်။

Ref – Gizmo China