Geekbench မှာ Microsoft Surface Go 3 ရဲ့ Specs နဲ့ လုပ်ဆောင်ချက် တချို့ကို သိလာရပြီ ဖြစ်ပြီး ကုမ္ပဏီက မကြာခင် တရားဝင် ကြေညာတော့မယ်လို့ ထင်ပါတယ်။ Geekbench က ရမှတ်တွေအရ Surface Go 3 ကို မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားမယ်လို့ ထင်ပါတယ်။

Microsoft

မော်ဒယ် ၁ မျိုးမှာ Intel Pentium Gold နဲ့ 4GB RAM ပါလာပြီး နောက် မော်ဒယ် ၁ မျိုးမှာ Intel Core i3 နဲ့ 8GB RAM ထည့်သွင်းထားပါတယ်။ အရင်မျိုးဆက် Surface Go Device တွေအတွက် မော်ဒယ် ၁ ခုမှာ Pentium Go နဲ့ နောက် မော်ဒယ် ၁ ခုမှာ Intel Core CPU တွေထည့်သွင်းထားတဲ့အတွက် Pattern တွေ ကိုက်ညီနေတာ မြင်ရပါတယ်။

Microsoft Surface Go 3

Microsoft Surface Go 3 မော်ဒယ် ၂ ခုရဲ့ Single-core နဲ့ Multi-core ရမှတ်တွေကြည့်ရင် အရမ်းကို စွမ်းဆောင်ရည် မြင့်မားပါတယ်။ Pentium Gold Processor ပါတဲ့ မော်ဒယ်ဟာ ၃၁၉၇ မှတ်နဲ့ ၅၆၄၃ မှတ် အသီးသီးရထားပြီး Surface Go 2 ထက် အများကြီး သာလွန်နေပါတယ်။ Surface Go 2 ရဲ့ Single-core နဲ့ Multi-core ရမှတ်တွေကို ပြန်လည် ဖော်ပြရရင် ၂၂၀၀ နဲ့ ၄၄၀၀ မှတ် ဖြစ်ပါတယ်။

Intel Core i3 ပါတဲ့ Surface Go 3 ဟာဆိုရင် ပိုလို့တောင် စွမ်းရည် မြင့်မားပြီး Single-core နဲ့ Multi-core ရမှတ်တွေဟာ ၄၅၆၅၉ နဲ့ ၇၆၄၃ တို့ အသီးသီး ဖြစ်ကြပါတယ်။ Microsoft Surface Go 3 မော်ဒယ် ၂ ခုရဲ့ တခြား Specs တွေကို လက်ရှိမှာ မသိရသေးပါဘူး။ Microsoft ဟာ Microsoft Surface Go 3 အပြင် တခြား ထုတ်ကုန် အသစ်တွေကိုလည်း ချပြဖို့ ရှိနေပါတယ်။

Ref : gizmochina