Microsoft ရဲ့ Surface Tablet တွေထဲက စျေးအသက်သာဆုံးဖြစ်တဲ့ Surface Go ဟာ အခုအချိန်မှာလည်း စျေးနှုန်းပြောင်းလဲခြင်းမရှိဘဲ Surface Go 2 ဆိုပြီး အသစ်ထွက်ရှိလာပြီဖြစ်ပါတယ်။ ယခင်တုန်းကလည်း Surface Go 2 နဲ့ပတ်သက်ပြီး သတင်းတွေထွက်ရှိခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ တရားဝင်မိတ်ဆက်လိုက်ပါပြီ။

 

အဓိကပြောင်းလဲမှုအနေနဲ့ကတော့ Surface Go 2 မှာ 10.5″ Display ပါဝင်လာတာဖြစ်ပြီး ယခင် Surface Go ရဲ့ 10″ Display နဲ့ အနည်းငယ်ပိုကြီးလာတာဖြစ်ပါတယ်။ ဒါ့အပြင် အခုလိုမျိုး Display ကြီးလာတဲ့အတွက် ဘေးဘောင်တွေကလည်း ယခင်ကထက်ပိုသေးသွားပြီး Tablet အရွယ်အစားကတော့ ယခင်အတိုင်းပဲရှိနေဦးမှာပါ။

Display Resolution အနေနဲ့ကတော့ 1920×1280 Resolution ရှိမှာဖြစ်ပြီး 3:2 Aspect Ratio ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Processor ပိုင်းအနေနဲ့ကတော့ အနိမ့်ဆုံး $399 တန် (မြန်မာငွေ ၅ သိန်းခွဲကျော်) Model မှာ Intel Pentium Gold Processor ၊ RAM 4GB နဲ့ 64GB eMMC Storage တွေပါဝင်မှာဖြစ်ပါတယ်။ အဆိုပါ Pentium Gold Processor ကိုပဲ RAM 8GB နဲ့ 128GB SSD ပါဝင်တဲ့ Version ကို လိုချင်တယ်ဆိုရင်တော့ $549 (မြန်မာငွေ ၇ သိန်း ၆ သောင်းကျော်) ကျသင့်မှာဖြစ်ပါတယ်။

ဒါပေမယ့် ပိုပြီး မြန်ဆန်တဲ့ 8th Gen Intel Core m3 Processor ၊ RAM 8GB နဲ့ 128GB SSD Version ကိုဝယ်မယ်ဆိုရင်တော့ $629 (မြန်မာငွေ ၈ သိန်း ၇ သောင်းကျော်)အထိကျသင့်မှာဖြစ်သလို LTE Version လိုချင်တယ်ဆိုရင် $729 (မြန်မာငွေ ၁၀ သိန်းကျော်)အထိ ပေးရမှာပဲဖြစ်ပါတယ်။ နောက်ဆုံး Intel Core m3 ၊ RAM 8GB ၊ 256GB SSD နဲ့ LTE ပါဝင်တဲ့ Business Model ကတော့ $879 (မြန်မာငွေ ၁၂ သိန်းကျော်)ခန့်ကျသင့်မှာဖြစ်ပါတယ်။

အဆိုပါစျေးနှုန်းတွေဟာ Type Cover ပါဝင်ခြင်းမရှိသေးဘဲ Type Cover ကိုတော့ $99 (မြန်မာငွေ ၁ သိန်း ၄ သောင်းဝန်းကျင်) နဲ့ သီးသန့်ဝယ်ယူရမှာဖြစ်ပါတယ်။

Microsoft Surface Go 2 Tablet ဟာ USB-C ၊ Surface Connector ၊ MicroSDXC Card Reader ၊ Studio Mic နဲ့ Battery Life အနေနဲ့လည်း ၁၀ နာရီခန့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီ Surface Go 2 ကို လာမယ့် မေလ ၁၂ ရက်နေ့ကစတင်ပြီးတော့ နိုင်ငံအများအပြားမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – The Verge